ဟုမ္မလင်းမြို့ မှာ CDM ကျောင်းဆရာမတစ်ဦး သေနတ်နဲ့ ပစ်သတ်ခံရ
စစ်ကိုင်းတိုင်း ဟုမ္မလင်းမြို့ မှာ အောက်တိုဘာ ၂၄ ရက် ညနေပိုင်းက CDM ကျောင်းဆရာမတစ်ဦးကိုပစ်သတ်ခံခဲ့ရတယ်လို့ ဒေသခံတွေကပြောပါတယ်။
သေဆုံးသူ ဆရာမဟာ ဟုမ္မလင်း မြို့ နောင်ပကျစ်ရပ်ကွက်ကစစ်ကောင်စီ တပ်တွေရဲ့ လိုက်လံဖမ်းမှုကြောင့် တိမ်းရှောင်နေရတဲ့ သပိတ်ခေါင်းဆောင် ကိုကျော်ဝင်းစိန် ရဲ့ မရီးတော်စပ်သူဖြစ်တယ်လို့ သိရပါတယ်။
ဟုမ္မလင်းမြို့ရဲ့ စစ်တပ်သတင်းပေးလို့ လူသိများသူတစ်ဦး အသတ်ခံရတဲ့နောက်မှာ ကိုကျော်ဝင်းစိန် ပါဝင်တယ်လို့ယူဆချက် နဲ့ အိမ်မှာတွေ့တဲ့ သူကို လူတချို့က သေနတ်နဲ့ပစ်ခတ်ခဲ့တာကြောင့် ဝရန်တာမှာ ထိုင်နေတဲ့ဆရာမကို ထိမှန်ခဲ့တာ လို့ ဆိုပါတယ်။
သေနတ်နဲ့ ပစ်ခတ်ခံရတာကြောင့် သေဆုံးခဲ့တဲ့ ဆရာမ မမေနှင်းအေးဟာ CDM ကျောင်းဆရာမဖြစ်ပြီး လက်ရှိမှာ တစ်နှစ်ကျော်သားလေး ကျန်ရစ်ခဲ့တာပါ။
ဘီဘီစီမြန်မာပိုင်း
———–
ဟုမၼလင္းၿမိဳ႕ မွာ CDM ေက်ာင္းဆရာမတစ္ဦး ေသနတ္နဲ႔ ပစ္သတ္ခံရ
စစ္ကိုင္းတိုင္း ဟုမၼလင္းၿမိဳ႕ မွာ ေအာက္တိုဘာ ၂၄ ရက္ ညေနပိုင္းက CDM ေက်ာင္းဆရာမတစ္ဦးကိုပစ္သတ္ခံခဲ့ရတယ္လို႔ ေဒသခံေတြကေျပာပါတယ္။
ေသဆုံးသူ ဆရာမဟာ ဟုမၼလင္း ၿမိဳ႕ ေနာင္ပက်စ္ရပ္ကြက္ကစစ္ေကာင္စီ တပ္ေတြရဲ႕ လိုက္လံဖမ္းမႈေၾကာင့္ တိမ္းေရွာင္ေနရတဲ့ သပိတ္ေခါင္းေဆာင္ ကိုေက်ာ္ဝင္းစိန္ ရဲ႕ မရီးေတာ္စပ္သူျဖစ္တယ္လို႔ သိရပါတယ္။
ဟုမၼလင္းၿမိဳ႕ရဲ႕ စစ္တပ္သတင္းေပးလို႔ လူသိမ်ားသူတစ္ဦး အသတ္ခံရတဲ့ေနာက္မွာ ကိုေက်ာ္ဝင္းစိန္ ပါဝင္တယ္လို႔ယူဆခ်က္ နဲ႔ အိမ္မွာေတြ႕တဲ့ သူကို လူတခ်ိဳ႕က ေသနတ္နဲ႔ပစ္ခတ္ခဲ့တာေၾကာင့္ ဝရန္တာမွာ ထိုင္ေနတဲ့ဆရာမကို ထိမွန္ခဲ့တာ လို႔ ဆိုပါတယ္။
ေသနတ္နဲ႔ ပစ္ခတ္ခံရတာေၾကာင့္ ေသဆုံးခဲ့တဲ့ ဆရာမ မေမႏွင္းေအးဟာ CDM ေက်ာင္းဆရာမျဖစ္ၿပီး လက္ရွိမွာ တစ္ႏွစ္ေက်ာ္သားေလး က်န္ရစ္ခဲ့တာပါ။
ဘီဘီစီျမန္မာပိုင္း
Be the first to comment on "ဝရန်တာ မှာ ထိုင်နေတဲ့ဆရာမ မမေနှင်းအေး ကို ထိမှန်ခဲ့တာ . . ."