စစ်ကိုင်းတိုင်းတွင်းမှ ပြည်သူ့ကာကွယ်ရေးအဖွဲ့များနှင့် NUG ဝန်ကြီးဌာနများ အရေးပေါ်စည်းဝေး ပြုလုပ်
စစ်ကိုင်းတိုင်းဒေသကြီးအတွင်း အာဏာသိမ်းစစ်တပ်က ဖိအားပေးထိုးစစ်ဆင်မှု့များ ပြုလုပ်နေသည့်အတွက် တိုင်းအတွင်းမှ ပြည်သူ့ကာကွယ်ရေးအဖွဲ့များ ညှိနှိုင်းပူးပေါင်းဆောင်ရွက်ကြရေးအတွက်
NUG ကာကွယ်ရေးဝန်ကြီးဌာန၊ ပြည်ထဲရေးနှင့်လူဝင်မှု့ကြီးကြပ်ရေးဝန်ကြီးဌာနတို့ ၂၀၂၁ ခုနှစ် အောက်တိုဘာလ (၂၄) ရက်နေ့တွင် အရေးပေါ်အစည်းအဝေးပြုလုပ်ကြောင်း သိရှိရပါသည်။
အမျိုးသားညီညွတ်ရေးအစိုးရ ကာကွယ်ရေးဝန်ကြီးဌာန ပြည်ထော်စုဝန်ကြီး ဦးရည်မွန်၊ ပြည်ထဲရေးနှင့်လူဝင်မှုကြီးကြပ်ရေးဝန်ကြီး ဦးလွင်ကိုလတ်တို့က စစ်ကိုင်းတိုင်းအတွင်းရှိ
ပြည်သူ့ကာကွယ်ရေးတပ်ပေါင်းစုံကြား ညှိနှိုင်းပူးပေါင်းဆောင်ရွက်နိုင်ရေးနှင့် အုပ်ချုပ်ရေး၊ ကာကွယ်ရေးဆိုင်ရာ ကိစ္စရပ်များကို ဆွေးနွေးသည်ဟု သတင်းထုတ်ပြန်ချက်အရ သိရှိရပါသည်။
လက်ရှိတွင် အာဏာသိမ်းအဖွဲ့က စစ်ကိုင်းတိုင်းကို တပ်အင်အား အလုံးအရင်းဖြင့် ဖိအားပေး ထိုးစစ်ဆင်နေသည်ကို တွေ့ရပါသည်။
————–
စစ္ကိုင္းတိုင္းတြင္းမွ ျပည္သူ႔ကာကြယ္ေရးအဖြဲ႕မ်ားႏွင့္ NUG ဝန္ႀကီးဌာနမ်ား အေရးေပၚစည္းေဝး ျပဳလုပ္
စစ္ကိုင္းတိုင္းေဒသႀကီးအတြင္း အာဏာသိမ္းစစ္တပ္က ဖိအားေပးထိုးစစ္ဆင္မႈ႕မ်ား ျပဳလုပ္ေနသည့္အတြက္ တိုင္းအတြင္းမွ ျပည္သူ႔ကာကြယ္ေရးအဖြဲ႕မ်ား ညႇိႏႈိင္းပူးေပါင္းေဆာင္႐ြက္ၾကေရးအတြက္
NUG ကာကြယ္ေရးဝန္ႀကီးဌာန၊ ျပည္ထဲေရးႏွင့္လူဝင္မႈ႕ႀကီးၾကပ္ေရးဝန္ႀကီးဌာနတို႔ ၂၀၂၁ ခုႏွစ္ ေအာက္တိုဘာလ (၂၄) ရက္ေန႔တြင္ အေရးေပၚအစည္းအေဝးျပဳလုပ္ေၾကာင္း သိရွိရပါသည္။
အမ်ိဳးသားညီၫြတ္ေရးအစိုးရ ကာကြယ္ေရးဝန္ႀကီးဌာန ျပည္ေထာ္စုဝန္ႀကီး ဦးရည္မြန္၊ ျပည္ထဲေရးႏွင့္လူဝင္မႈႀကီးၾကပ္ေရးဝန္ႀကီး ဦးလြင္ကိုလတ္တို႔က စစ္ကိုင္းတိုင္းအတြင္းရွိ
ျပည္သူ႔ကာကြယ္ေရးတပ္ေပါင္းစုံၾကား ညႇိႏႈိင္းပူးေပါင္းေဆာင္႐ြက္ႏိုင္ေရးႏွင့္ အုပ္ခ်ဳပ္ေရး၊ ကာကြယ္ေရးဆိုင္ရာ ကိစၥရပ္မ်ားကို ေဆြးေႏြးသည္ဟု သတင္းထုတ္ျပန္ခ်က္အရ သိရွိရပါသည္။
လက္ရွိတြင္ အာဏာသိမ္းအဖြဲ႕က စစ္ကိုင္းတိုင္းကို တပ္အင္အား အလုံးအရင္းျဖင့္ ဖိအားေပး ထိုးစစ္ဆင္ေနသည္ကို ေတြ႕ရပါသည္။
Be the first to comment on "စစ်ကိုင်းတိုင်းတွင်းမှ ပြည်သူ့ကာကွယ်ရေးအဖွဲ့များနှင့် NUG ဝန်ကြီးဌာနများ အရေးပေါ်စည်းဝေး ပြုလုပ်"