ဗိုလ်ချုပ်မှုးကြီး မင်းအောင်လှိုင် ကို မဖြစ်မနေ ဆွဲချတော့မယ့် ကုလသမဂ္ဂ

ဒီမိုကရေစီနည်းကျ ရွေးကောက်ခံထားရတဲ့ အစိုးရကို အာဏာပြန်အပ်ဖို့ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် Christine Schraner Burgener က တောင်းဆိုလိုက်ပါတယ် ။ ကုလသမဂ္ဂရဲ့ လူ့အခွင့်အရေးဆိုင်ရာ ညီလာခံမှာ တင်ပြလိုက်တာပါ ။ မြန်မာစစ်ခေါင်းဆောင်ကို မဖြစ်မနေ ဆွဲချရမယ်လို့ ဆိုပါတယ် ။

” စစ်တပ်က အာဏာသိမ်းခဲ့တဲ့ အချိန်ကစပြီး မြန်မာနိုင်ငံအတွက် တည်ငြိမ်လာမယ့် အနာဂတ်ကို မတွေ့ပါဘူး ။ ဗိုလ်ချုပ်မှုးကြီး မင်းအောင်လှိုင်ဟာ မြန်မာနိုင်ငံရဲ့ အနာဂတ်ကို အလေးထားတယ်ဆိုရင် ရာထူးကဆင်းပြီး တိုင်းပြည်အာဏာကို ရွေးကောက်ခံအစိုးရထံ ပြန်အပ်ရမှာပါ ”

” မြန်မာစစ်တပ်ဟာ ရွေးကောက်ပွဲ လိမ်လည်တယ်လို့ စွပ်စွဲထားပေမယ့် ဒေါ်အောင်ဆန်းစုကြည်ရဲ့ NLD ပါတီဟာ အပြတ်အသတ်နဲ့ အနိုင်ရခဲ့တာပါ ။ တပ်မတော်ဟာ နိုင်ငံတကာရဲ့ဖိအားကို အရေးမလုပ်ပဲ ရာဇဝတ်မှု့တွေ ဆက်လက်ကျူးလွန်နေလို့ ပြည်သူ့တွေက ခုခံကာကွယ်ရေးအဖွဲ့တွေ ဖွဲ့စည်းခဲ့တာပါ ။

မြန်မာနိုင်ငံဟာ ချောက်ထဲကျဖို့ အရှိန်အဟုန်နဲ့ ရွေ့လျားနေပါပြီ ။ ဆွဲတင်ဖို့ကတော့ ကျွန်မတို့ရဲ့ အားထုတ်မှု့ပါပဲ ။ ဒါဟာ ကျွန်မတို့အတွက် စိန်ခေါ်မှု့ကြီးပါပဲ ။ “လို့ တင်ပြထားပါတယ် ။

လူ့အခွင့်အရေးကျွမ်းကျင်သူ တွမ်အင်ဒရူးကလည်း မြန်မာနိုင်ငံဟာ ကပ်ဘေး ကျရောက်တော့မယ်လို့ ထပ်မံအသိပေးထားပါတယ် ။” စစ်တပ်က သောင်းနဲ့ချီတဲ့ လက်နက်ကိုင်တွေနဲ့ လက်နက်ကြီးတွေကို ချင်းပြည်နယ်ဆီ ပို့ဆောင်နေပါတယ် ။ ခိုင်လုံတဲ့ အချက်အလက်တွေလည်း ရထားပါတယ် ။

ဒေသခံ ကာကွယ်ရေးတပ်တွေကို တိုက်ဖို့ ပြင်ဆင်နေတာပါ ။ ဒီဒေသမှာ အင်တာနက်လည်း ပိတ်ထားပါတယ် ။ ရခိုင်ပြည်နယ်က ရိုဟင်ဂျာတွေအပေါ်မှာ အသုံးပြုခဲ့တဲ့ နည်းဗျူဟာတွေပါ ။ အချိန်မီ တားဆီးဖို့၊ စစ်ကောင်စီကို နှိမ်နင်းဖို့လိုပါတယ် ။

မြန်မာနိုင်ငံအတွင်းမှာ အစုအပြုံလိုက် လူမျိူးတုန်းသတ်ဖြတ်ခံရနိုင်တဲ့ အခြေအနေတွေကို တာဆီး နှိမ်နင်းနိုင်ဖို့ ကျွန်တော်တို့ဘက်က ပြင်ဆင်ရတော့မှာပါ ။ ” လို့ တွမ်အင်ဒရူးကလည်း တင်ပြထားပါတယ် ။

သုံးသပ်ရရင် …..၊ ဒီတစ်ပတ်အတွင်းဟာ မြန်မာ့အရေးအတွက် တော်တော်လေးကို လှုတ်ခတ်လာတဲ့ သီတင်းပတ်ပါ ။ ကုလသမဂ္ဂ ၊ အီးယူ ၊ အာဆီယံနဲ့ မြန်မာ့အရေး လှုပ်ရှားနေသူ တာဝန်ရှိသူတွေဟာ စစ်ကောင်စီကို နှိမ်နင်းပြီး ဗိုလ်ချုပ်မှုးကြီး မင်းအောင်လှိုင်ကို မဖြစ်မနေ ဆွဲချဖို့ ( ဖမ်းဆီးဖို့ ) အထိ တောင်းဆို ၊ ပြင်ဆင်လာကြပါတယ် ။

စစ်ကောင်စီအတွက် အထိအနာဆုံးကတော့ အာဆီယံကနေ ပယ်ထုတ်ခံရမှု့ပါ ။ အာဆီယံကို မျှော်လင့်ခဲ့ပေမယ့် ပယ်ထုတ်ခံရမှု့အတွက် အာဏာသိမ်းမှု့ မအောင်မြင်တော့ဘူးဆိုတာ သေချာသွားပါပြီ ။ တော်တော်လေး တုန်လှုပ်သွားဟန်ရှိပြီး ဒေါသတကြီး တုံ့ပြန်လာပါတယ် ။

နွေဦးတော်လှန်ရေးဟာ အောင်မြင်နေပါပြီ ။ အခုအချိန်မှာ သံတမန်နည်းနဲ့ အဆုံးသတ်သွားနိုင်သလို ၊ ပြည်တွင်း ခုခံစစ်နဲ့လည်း အဆုံးသတ်နိုင်လာတဲ့ အခြေအနေပါ ။

ကုလကိုယ်စားလှယ်တွေရဲ့ အကြိမ်ကြိမ် တောင်းဆိုမှု့ကို လိုက်လျောပြီး ကုလတပ်တွေ ဝင်လာဖို့လည်း မျှော်လင့်လို့ရတဲ့ အခြေအနေပါ ။ ဘက်ပေါင်းစုံကနေ အားသာလာတဲ့အတွက် ဒီရက်ပိုင်းမှာ ကြားရမယ့်သတင်းတွေကို စောင့်မျှော်ကြပါစို့ ။

ဘကြီးအောင် LA /၂၄ အောက်တိုဘာ ၊ ၂၀၂၁

———– 

ဒီမိုကေရစီနည္းက် ေ႐ြးေကာက္ခံထားရတဲ့ အစိုးရကို အာဏာျပန္အပ္ဖို႔ ျမန္မာႏိုင္ငံဆိုင္ရာ အထူးကိုယ္စားလွယ္ Christine Schraner Burgener က ေတာင္းဆိုလိုက္ပါတယ္ ။ ကုလသမဂၢရဲ႕ လူ႔အခြင့္အေရးဆိုင္ရာ ညီလာခံမွာ တင္ျပလိုက္တာပါ ။ ျမန္မာစစ္ေခါင္းေဆာင္ကို မျဖစ္မေန ဆြဲခ်ရမယ္လို႔ ဆိုပါတယ္ ။

” စစ္တပ္က အာဏာသိမ္းခဲ့တဲ့ အခ်ိန္ကစၿပီး ျမန္မာႏိုင္ငံအတြက္ တည္ၿငိမ္လာမယ့္ အနာဂတ္ကို မေတြ႕ပါဘူး ။ ဗိုလ္ခ်ဳပ္မႈးႀကီး မင္းေအာင္လႈိင္ဟာ ျမန္မာႏိုင္ငံရဲ႕ အနာဂတ္ကို အေလးထားတယ္ဆိုရင္ ရာထူးကဆင္းၿပီး တိုင္းျပည္အာဏာကို ေ႐ြးေကာက္ခံအစိုးရထံ ျပန္အပ္ရမွာပါ ”

” ျမန္မာစစ္တပ္ဟာ ေ႐ြးေကာက္ပြဲ လိမ္လည္တယ္လို႔ စြပ္စြဲထားေပမယ့္ ေဒၚေအာင္ဆန္းစုၾကည္ရဲ႕ NLD ပါတီဟာ အျပတ္အသတ္နဲ႔ အႏိုင္ရခဲ့တာပါ ။ တပ္မေတာ္ဟာ ႏိုင္ငံတကာရဲ႕ဖိအားကို အေရးမလုပ္ပဲ ရာဇဝတ္မႈ႕ေတြ ဆက္လက္က်ဴးလြန္ေနလို႔ ျပည္သူ႔ေတြက ခုခံကာကြယ္ေရးအဖြဲ႕ေတြ ဖြဲ႕စည္းခဲ့တာပါ ။

ျမန္မာႏိုင္ငံဟာ ေခ်ာက္ထဲက်ဖို႔ အရွိန္အဟုန္နဲ႔ ေ႐ြ႕လ်ားေနပါၿပီ ။ ဆြဲတင္ဖို႔ကေတာ့ ကြၽန္မတို႔ရဲ႕ အားထုတ္မႈ႕ပါပဲ ။ ဒါဟာ ကြၽန္မတို႔အတြက္ စိန္ေခၚမႈ႕ႀကီးပါပဲ ။ “လို႔ တင္ျပထားပါတယ္ ။

လူ႔အခြင့္အေရးကြၽမ္းက်င္သူ တြမ္အင္ဒ႐ူးကလည္း ျမန္မာႏိုင္ငံဟာ ကပ္ေဘး က်ေရာက္ေတာ့မယ္လို႔ ထပ္မံအသိေပးထားပါတယ္ ။” စစ္တပ္က ေသာင္းနဲ႔ခ်ီတဲ့ လက္နက္ကိုင္ေတြနဲ႔ လက္နက္ႀကီးေတြကို ခ်င္းျပည္နယ္ဆီ ပို႔ေဆာင္ေနပါတယ္ ။ ခိုင္လုံတဲ့ အခ်က္အလက္ေတြလည္း ရထားပါတယ္ ။

ေဒသခံ ကာကြယ္ေရးတပ္ေတြကို တိုက္ဖို႔ ျပင္ဆင္ေနတာပါ ။ ဒီေဒသမွာ အင္တာနက္လည္း ပိတ္ထားပါတယ္ ။ ရခိုင္ျပည္နယ္က ႐ိုဟင္ဂ်ာေတြအေပၚမွာ အသုံးျပဳခဲ့တဲ့ နည္းဗ်ဴဟာေတြပါ ။ အခ်ိန္မီ တားဆီးဖို႔၊ စစ္ေကာင္စီကို ႏွိမ္နင္းဖို႔လိုပါတယ္ ။

ျမန္မာႏိုင္ငံအတြင္းမွာ အစုအၿပဳံလိုက္ လူမ်ိဴးတုန္းသတ္ျဖတ္ခံရႏိုင္တဲ့ အေျခအေနေတြကို တာဆီး ႏွိမ္နင္းႏိုင္ဖို႔ ကြၽန္ေတာ္တို႔ဘက္က ျပင္ဆင္ရေတာ့မွာပါ ။ ” လို႔ တြမ္အင္ဒ႐ူးကလည္း တင္ျပထားပါတယ္ ။

သုံးသပ္ရရင္ …..၊ ဒီတစ္ပတ္အတြင္းဟာ ျမန္မာ့အေရးအတြက္ ေတာ္ေတာ္ေလးကို လႈတ္ခတ္လာတဲ့ သီတင္းပတ္ပါ ။ ကုလသမဂၢ ၊ အီးယူ ၊ အာဆီယံနဲ႔ ျမန္မာ့အေရး လႈပ္ရွားေနသူ တာဝန္ရွိသူေတြဟာ စစ္ေကာင္စီကို ႏွိမ္နင္းၿပီး ဗိုလ္ခ်ဳပ္မႈးႀကီး မင္းေအာင္လႈိင္ကို မျဖစ္မေန ဆြဲခ်ဖို႔ ( ဖမ္းဆီးဖို႔ ) အထိ ေတာင္းဆို ၊ ျပင္ဆင္လာၾကပါတယ္ ။

စစ္ေကာင္စီအတြက္ အထိအနာဆုံးကေတာ့ အာဆီယံကေန ပယ္ထုတ္ခံရမႈ႕ပါ ။ အာဆီယံကို ေမွ်ာ္လင့္ခဲ့ေပမယ့္ ပယ္ထုတ္ခံရမႈ႕အတြက္ အာဏာသိမ္းမႈ႕ မေအာင္ျမင္ေတာ့ဘူးဆိုတာ ေသခ်ာသြားပါၿပီ ။ ေတာ္ေတာ္ေလး တုန္လႈပ္သြားဟန္ရွိၿပီး ေဒါသတႀကီး တုံ႔ျပန္လာပါတယ္ ။

ေႏြဦးေတာ္လွန္ေရးဟာ ေအာင္ျမင္ေနပါၿပီ ။ အခုအခ်ိန္မွာ သံတမန္နည္းနဲ႔ အဆုံးသတ္သြားႏိုင္သလို ၊ ျပည္တြင္း ခုခံစစ္နဲ႔လည္း အဆုံးသတ္ႏိုင္လာတဲ့ အေျခအေနပါ ။

ကုလကိုယ္စားလွယ္ေတြရဲ႕ အႀကိမ္ႀကိမ္ ေတာင္းဆိုမႈ႕ကို လိုက္ေလ်ာၿပီး ကုလတပ္ေတြ ဝင္လာဖို႔လည္း ေမွ်ာ္လင့္လို႔ရတဲ့ အေျခအေနပါ ။ ဘက္ေပါင္းစုံကေန အားသာလာတဲ့အတြက္ ဒီရက္ပိုင္းမွာ ၾကားရမယ့္သတင္းေတြကို ေစာင့္ေမွ်ာ္ၾကပါစို႔ ။

ဘႀကီးေအာင္ LA /၂၄ ေအာက္တိုဘာ ၊ ၂၀၂၁

Be the first to comment on "ဗိုလ်ချုပ်မှုးကြီး မင်းအောင်လှိုင် ကို မဖြစ်မနေ ဆွဲချတော့မယ့် ကုလသမဂ္ဂ"

Leave a comment

Your email address will not be published.


*