ကူးစက်မြန် ဗီဇပြောင်း ကိုဗစ်ပိုးကို အထူးသတိပြုရမယ်လို့ အစိုးရသတိပေး

ဗီဇေျပာင္းလဲမႈအသစ္ျဖစ္တဲ့ ကိုဗစ္ကပ္ေရာဂါပိုးကိုအထူးသတိျပဳရမယ္လို႔က်န္းမာေရးနဲ႔အားကစားဝန္ႀကီးဌာနကဒီေန႔ ဒီဇင္ဘာလ(၂၁)ရက္ေန႔ညေနပိုင္းမွာသတိေပးလိုက္ပါတယ္။

ကမာၻေပၚမွာ ကူးစက္မႈႏႈန္းျမန္တဲ့ ဗီဇေျပာင္းပိုးကို ေတြ႕ေနရတာေၾကာင့္ ျပည္သူေတြအေနနဲ႔ ကိုဗစ္စည္းကမ္းေတြကိုအခုထက္ပိုၿပီး တိတိက်က်လိုက္နာဖို႔ လိုအပ္တယ္လို႔ ထုတ္ျပန္လိုက္တာပါ။

ကိုဗစ္ျဖစ္ေစတဲ့ SARS-Cov-2 ဗိုင္းရပ္စ္ပိုးဟာ ဗီဇေျပာင္းလဲမႈအသစ္ျဖစ္ၿပီးေတာ့ အဂၤလန္ႏိုင္ငံအေရွ႕ေတာင္ပိုင္းမွာဒီဇင္ဘာလ (၁၄) ရက္ကစၿပီးကူးစက္ပ်ံ႕ႏွံ႔မႈေတြရွိေနတယ္လို႔ဆိုပါတယ္။

အဲဒီ ဗီဇေျပာင္းလဲမႈအသစ္ကို ပညာရွင္ေပါင္းစုံက စုံစမ္းစစ္ေဆးမႈေတြ လုပ္ေဆာင္ေနတယ္လို႔လည္း သိရပါတယ္။

ျမန္မာႏိုင္ငံ ေဆးသုတနဦးစီးဌာနကလည္း SARS-Cov-2ဗိုင္းရပ္စ္ပိုးရဲ႕ မ်ိဳးဗီဇတစ္ခုလုံးကို စစ္ေဆးေလ့လာသြားမယ္လို႔ဆိုပါတယ္။

ၿပီးခဲ့တဲ့ ၾသဂုတ္လတုန္းကလည္း ပုံမွန္ထက္ ဆယ္ဆကူးစက္မူ႔ႏႈန္းျမန္ၿပီး မ်ိဳးဗီဇေျပာင္းလဲေနတဲ့ ကိုဗစ္ပိုးသစ္ေတြ႕ရွိခဲ့တယ္လို႔ က်န္းမာေရးနဲ႔အားကစားဝန္ႀကီးဌာနက သတိေပးထားပါေသးတယ္။

Photo : US CDC

————

ဗီဇပြောင်းလဲမှုအသစ်ဖြစ်တဲ့ ကိုဗစ်ကပ်ရောဂါပိုးကိုအထူးသတိပြုရမယ်လို့ကျန်းမာရေးနဲ့အားကစားဝန်ကြီးဌာနကဒီနေ့ ဒီဇင်ဘာလ(၂၁)ရက်နေ့ညနေပိုင်းမှာသတိပေးလိုက်ပါတယ်။

ကမ္ဘာပေါ်မှာ ကူးစက်မှုနှုန်းမြန်တဲ့ ဗီဇပြောင်းပိုးကို တွေ့နေရတာကြောင့် ပြည်သူတွေအနေနဲ့ ကိုဗစ်စည်းကမ်းတွေကိုအခုထက်ပိုပြီး တိတိကျကျလိုက်နာဖို့ လိုအပ်တယ်လို့ ထုတ်ပြန်လိုက်တာပါ။

ကိုဗစ်ဖြစ်စေတဲ့ SARS-Cov-2 ဗိုင်းရပ်စ်ပိုးဟာ ဗီဇပြောင်းလဲမှုအသစ်ဖြစ်ပြီးတော့ အင်္ဂလန်နိုင်ငံအရှေ့တောင်ပိုင်းမှာဒီဇင်ဘာလ (၁၄) ရက်ကစပြီးကူးစက်ပျံ့နှံ့မှုတွေရှိနေတယ်လို့ဆိုပါတယ်။

အဲဒီ ဗီဇပြောင်းလဲမှုအသစ်ကို ပညာရှင်ပေါင်းစုံက စုံစမ်းစစ်ဆေးမှုတွေ လုပ်ဆောင်နေတယ်လို့လည်း သိရပါတယ်။

မြန်မာနိုင်ငံ ဆေးသုတနဦးစီးဌာနကလည်း SARS-Cov-2ဗိုင်းရပ်စ်ပိုးရဲ့ မျိုးဗီဇတစ်ခုလုံးကို စစ်ဆေးလေ့လာသွားမယ်လို့ဆိုပါတယ်။

ပြီးခဲ့တဲ့ သြဂုတ်လတုန်းကလည်း ပုံမှန်ထက် ဆယ်ဆကူးစက်မူ့နှုန်းမြန်ပြီး မျိုးဗီဇပြောင်းလဲနေတဲ့ ကိုဗစ်ပိုးသစ်တွေ့ရှိခဲ့တယ်လို့ ကျန်းမာရေးနဲ့အားကစားဝန်ကြီးဌာနက သတိပေးထားပါသေးတယ်။

Photo : US CDC

Be the first to comment on "ကူးစက်မြန် ဗီဇပြောင်း ကိုဗစ်ပိုးကို အထူးသတိပြုရမယ်လို့ အစိုးရသတိပေး"

Leave a comment

Your email address will not be published.


*