အာဆီယံကတော့ ဆုံးဖြတ်ချက် ချလိုက်ပါပြီ ချွေတာစုဆောင်းပြီး အသင့်ပြင်ထားရပါတော့မယ်(မြန်မာပြည်ကြီး ကံကောင်းပါစေ)
အာဆီယံကတော့ ဆုံးဖြတ်ချက် ချလိုက်ပါပြီ။ သဘောကတော့ ဒီဘက်ကလဲ အထူးကိုယ်စားလှယ်နဲ့ အမေစုတို့ကို ဘာဖြစ်ဖြစ် လုံးဝပေးမတွေ့ဘူးဆိုတာပါပဲ။ အာဆီယံကလဲ ဒီအတွက် ပေးမတက်ဘူး ဖြစ်သွားပါတယ်။
အာဆီယံထိပ်သီးအစည်းအဝေးတွေအပြင် အာဆီယံ-အမေရိကန်၊ အာဆီယံ-တရုတ် အစရှိတဲ့ သီးသန့်အစည်းအဝေးတွေလဲ ရှိပါတယ်။ အာဆီယံက ဒီ ၁၀ နှစ်အတွင်းမှာ အလျင်အမြန် ကြီးထွားလာတာပါ။
သမ္မတအိုဘားမားလက်ထက်မှာ သူကိုယ်တိုင် အမြဲလာတက်သလို တရုတ်သမ္မတ ရှိီလဲ လာတက်တဲ့အထိ အရေးပါလာပါတယ်။ အခု အာဆီယံဆုံးဖြတ်ချက်အရ မြန်မာပြည်မှာ ဘက်ပေါင်းစုံပါဝင်တဲ့ တွေ့ဆုံဆွေးနွေးရေး တံခါးက ပိတ်သွားပါပြီ။ ၂ ဖက်လုံးက နောက်မဆုတ်တမ်း သွားကြတော့မယ့်သဘောပါပဲ။
အဲဒီတော့ အာဆီယံက သူတို့ရဲ့ သဘောတူညီချက် ၅ ရပ်ကို ဘယ်လိုရှေ့ဆက်မလဲ။ သူတို့ မဖြေရှင်းနိုင်ပါဘူးဆိုပြီး ကုလကိုပဲ ပြန်လွှဲပေးလိုက်တော့မလား။ စောင့်ကြည့်ရတော့မှာပါ။
အဓိက Key player ၂ နိုင်ငံဖြစ်တဲ့ တရုတ်နဲ့ အမေရိကန်မှာ တရုတ်က တခွန်းမှကို ဝင်မပြောတော့ပါဘူး။ သူတို့ရဲ့ ကိုယ်စားလှယ် ဆွန်ကော့ရှန် ပြန်သွားထဲကပါ။
အစက သူတို့က အတော်ကြိုးစားခဲ့ပေမယ့် အခုတော့ နယ်စပ်ဂိတ်တွေပါ ပိတ်ထားလိုက်ပါတယ်။ ဒီတော့ လက်ရှိမှာ အမေရိကန်ကပဲ ဝင်ကစားနေပါတယ်။ ဘလင်ကန်ရဲ့မနေ့က ဆွေးနွေးမှုတွေက ဒါကို မြင်တွေ့ရစေပါတယ်။
ဗြိတိန်ကလဲ စာတွေထုတ်လာသလို အမေရိကန်နဲ့ ဗြိတိန်တို့ ပါတဲ့ AUKUS အဖွဲ့က ပိုလှူပ်ရှားဖွယ်ရှိကြောင်း သံရုံးထုတ်ပြန်ချက်မှာ တွေ့ရပါတယ်။
မြန်မာပြည်အရေးကတော့ ပိုမိုရှုပ်ထွေးသွားပြီး စကားဝိုင်းထိုင်ပြီး ငြိမ်းငြိမ်းချမ်းချမ်း ဖြေရှင်းကြရမယ့် နည်းလမ်းကတော့ မဖြစ်နိုင်သလို ဖြစ်သွားပါပြီ။ ပိုပြီး ခက်ခဲကြမ်းတမ်းမယ့် လောကဓံတွေ၊
စီးပွားရေးကျဆင်းမှုတွေ၊ ဆင်းရဲငတ်မွတ်မှုတွေ၊ စစ်ပွဲတွေအတွက်ပဲ ကျနော်တို့ ပြည်သူတွေက ချွေတာစုဆောင်းပြီး အသင့်ပြင်ထားရပါတော့မယ်။
မြန်မာပြည်ကြီး ကံကောင်းပါစေ။
Credit to Nay Thway
———–
အာဆီယံကေတာ့ ဆုံးျဖတ္ခ်က္ ခ်လိုက္ပါၿပီ ေခြၽတာစုေဆာင္းၿပီး အသင့္ျပင္ထားရပါေတာ့မယ္(ျမန္မာျပည္ႀကီး ကံေကာင္းပါေစ)
အာဆီယံကေတာ့ ဆုံးျဖတ္ခ်က္ ခ်လိုက္ပါၿပီ။ သေဘာကေတာ့ ဒီဘက္ကလဲ အထူးကိုယ္စားလွယ္နဲ႔ အေမစုတို႔ကို ဘာျဖစ္ျဖစ္ လုံးဝေပးမေတြ႕ဘူးဆိုတာပါပဲ။ အာဆီယံကလဲ ဒီအတြက္ ေပးမတက္ဘူး ျဖစ္သြားပါတယ္။
အာဆီယံထိပ္သီးအစည္းအေဝးေတြအျပင္ အာဆီယံ-အေမရိကန္၊ အာဆီယံ-တ႐ုတ္ အစရွိတဲ့ သီးသန႔္အစည္းအေဝးေတြလဲ ရွိပါတယ္။ အာဆီယံက ဒီ ၁၀ ႏွစ္အတြင္းမွာ အလ်င္အျမန္ ႀကီးထြားလာတာပါ။
သမၼတအိုဘားမားလက္ထက္မွာ သူကိုယ္တိုင္ အၿမဲလာတက္သလို တ႐ုတ္သမၼတ ရွိီလဲ လာတက္တဲ့အထိ အေရးပါလာပါတယ္။ အခု အာဆီယံဆုံးျဖတ္ခ်က္အရ ျမန္မာျပည္မွာ ဘက္ေပါင္းစုံပါဝင္တဲ့ ေတြ႕ဆုံေဆြးေႏြးေရး တံခါးက ပိတ္သြားပါၿပီ။ ၂ ဖက္လုံးက ေနာက္မဆုတ္တမ္း သြားၾကေတာ့မယ့္သေဘာပါပဲ။
အဲဒီေတာ့ အာဆီယံက သူတို႔ရဲ႕ သေဘာတူညီခ်က္ ၅ ရပ္ကို ဘယ္လိုေရွ႕ဆက္မလဲ။ သူတို႔ မေျဖရွင္းႏိုင္ပါဘူးဆိုၿပီး ကုလကိုပဲ ျပန္လႊဲေပးလိုက္ေတာ့မလား။ ေစာင့္ၾကည့္ရေတာ့မွာပါ။
အဓိက Key player ၂ ႏိုင္ငံျဖစ္တဲ့ တ႐ုတ္နဲ႔ အေမရိကန္မွာ တ႐ုတ္က တခြန္းမွကို ဝင္မေျပာေတာ့ပါဘူး။ သူတို႔ရဲ႕ ကိုယ္စားလွယ္ ဆြန္ေကာ့ရွန္ ျပန္သြားထဲကပါ။
အစက သူတို႔က အေတာ္ႀကိဳးစားခဲ့ေပမယ့္ အခုေတာ့ နယ္စပ္ဂိတ္ေတြပါ ပိတ္ထားလိုက္ပါတယ္။ ဒီေတာ့ လက္ရွိမွာ အေမရိကန္ကပဲ ဝင္ကစားေနပါတယ္။ ဘလင္ကန္ရဲ႕မေန႔က ေဆြးေႏြးမႈေတြက ဒါကို ျမင္ေတြ႕ရေစပါတယ္။
ၿဗိတိန္ကလဲ စာေတြထုတ္လာသလို အေမရိကန္နဲ႔ ၿဗိတိန္တို႔ ပါတဲ့ AUKUS အဖြဲ႕က ပိုလႉပ္ရွားဖြယ္ရွိေၾကာင္း သံ႐ုံးထုတ္ျပန္ခ်က္မွာ ေတြ႕ရပါတယ္။
ျမန္မာျပည္အေရးကေတာ့ ပိုမိုရႈပ္ေထြးသြားၿပီး စကားဝိုင္းထိုင္ၿပီး ၿငိမ္းၿငိမ္းခ်မ္းခ်မ္း ေျဖရွင္းၾကရမယ့္ နည္းလမ္းကေတာ့ မျဖစ္ႏိုင္သလို ျဖစ္သြားပါၿပီ။ ပိုၿပီး ခက္ခဲၾကမ္းတမ္းမယ့္ ေလာကဓံေတြ၊
စီးပြားေရးက်ဆင္းမႈေတြ၊ ဆင္းရဲငတ္မြတ္မႈေတြ၊ စစ္ပြဲေတြအတြက္ပဲ က်ေနာ္တို႔ ျပည္သူေတြက ေခြၽတာစုေဆာင္းၿပီး အသင့္ျပင္ထားရပါေတာ့မယ္။
ျမန္မာျပည္ႀကီး ကံေကာင္းပါေစ။
Credit to Nay Thway
Be the first to comment on "အာဆီယံကတော့ ဆုံးဖြတ်ချက် ချလိုက်ပါပြီ ချွေတာစုဆောင်းပြီး အသင့်ပြင်ထားရပါတော့မယ်(မြန်မာပြည်ကြီး ကံကောင်းပါစေ)"