အဆောက်အဦဆောက်ဖို့ စိတ်ကူးထားသူ မိတ်ဆွေတို့အတွက် ဘိလပ်မြေ ဘယ်လောက် အသုံးပြုရမလဲ ဆိုတာကို အကြမ်းဖျင်း သိနိုင်စေဖို့

ဘိလပ်မြေ ၁ အိတ်ဟာ ၅၀ ကီလိုဂရမ်လေးပြီး အိတ်၂၀ ဆိုရင် အလေးချိန် ၁ တန်ရှိပါတယ်။ အဆောက်အဦဆောက်ဖို့ စိတ်ကူးထားသူ မိတ်ဆွေတို့အနေဖြင့် ဘိလပ်မြေ ဘယ်လောက် အသုံးပြုရမလဲ ဆိုတာကို အကြမ်းဖျင်း သိနိုင်စေဖို့ ထပ်ဆင့်ဖော်ပြပေးလိုက်ပါတယ်။

မြန်မာနိုင်ငံ ဆောက်လုပ်ရေးလောကမှာ ကျင်း ဘယ်နှကျင်းရှိသလဲဆိုပြီး ရေတွက် ပြောဆိုကြပါတယ်။ ကုဗကျင်း နှင့် စကွဲယားကျင်း ဆိုပြီးရှိပါတယ်။

” ကုဗကျင်း “

ကုဗကျင်းက အလျား x အနံ x အမြင့် အတိုင်းအတာ (၃) ခု မြှောက်တာပါ။ အဆိုပါ (၃) ခုမြှောက်လို့ ၁၀၀ ရရင် ၁ ကျင်းလို့ တွက်ပါတယ်။ ၅၀ ဆို ကျင်းဝက် ၂၅ ဆို ကျင်းတစ်မတ် စသဖြင့်ပါ။

ကုဗကျင်းကို ၉ လက်မနှင့်အထက် အုတ်စီခြင်းတို့ ကွန်ကရစ်လောင်းခြင်းတို့ မြေကြီးတူးခြင်းတို့မှာ အများဆုံးသုံးပါတယ်။ ရှိသမျှ အလျား အနံ အမြင့်တွေ လိုက်မြှောက်ပြီး ပေါင်းလိုက်ရင် ကုဗကျင်းထွက်လာပါပြီ။

– 1:3:6 အချိုး ကွန်ကရစ် ဘိလပ်မြေ ၁၃ အိတ်ခန့် သဲကျင်းဝက် ကျောက် ၁ ကျင်း

– 1:2:4 အချိုး ကွန်ကရစ် ဘိလပ်မြေ ၁၈ အိတ်ကျော်ခန့် သဲကျင်းဝက် ကျောက် ၁ ကျင်း

– 1: 1-1/2 အချိုး ကွန်ကရစ် ဘိလပ်မြေ ၂၅ အိတ်ခန့် သဲကျင်းဝက် ကျောက်၁ ကျင်း

– အများသုံးတဲ့ 1:4 အချိုးဆိုဘိလပ်မြေ ၆ အိတ်နီးပါး သဲ .၂၈ ကျင်းတစ်မတ် သာသာလောက်။

” စကွဲယားကျင်း ”

စကွဲယားကျင်းက အလျား x အနံ အတိုင်းအတာ (၂) ခု မြှောက်တာပါ။ အဆိုပါ (၂) ခုမြှောက်လို့ ၁၀၀ ရရင် ၁ ကျင်းလို့ တွက်ပါတယ်။ ၄ လက်မခွဲ အုတ်စီခြင်းတို့ ဆေးသုတ်ခြင်းတို့ အမိုးမိုးခြင်း တို့ ကြွေပြားကပ်ခြင်း တို့မှာ သုံးပါတယ်။

– 1:4 အချိုး ဘိလပ်မြေ ၂.၇ အိတ် သဲ .၁၁ ကျင်း ဖြစ်ပါတယ်။ Credit – မူရင်း

———— 

ဘိလပ္ေျမ ၁ အိတ္ဟာ ၅၀ ကီလိုဂရမ္ေလးၿပီး အိတ္၂၀ ဆိုရင္ အေလးခ်ိန္ ၁ တန္ရွိပါတယ္။ အေဆာက္အဦေဆာက္ဖို႔ စိတ္ကူးထားသူ မိတ္ေဆြတို႔အေနျဖင့္ ဘိလပ္ေျမ ဘယ္ေလာက္ အသုံးျပဳရမလဲ ဆိုတာကို အၾကမ္းဖ်င္း သိႏိုင္ေစဖို႔ ထပ္ဆင့္ေဖာ္ျပေပးလိုက္ပါတယ္။

ျမန္မာႏိုင္ငံ ေဆာက္လုပ္ေရးေလာကမွာ က်င္း ဘယ္ႏွက်င္းရွိသလဲဆိုၿပီး ေရတြက္ ေျပာဆိုၾကပါတယ္။ ကုဗက်င္း ႏွင့္ စကြဲယားက်င္း ဆိုၿပီးရွိပါတယ္။

” ကုဗက်င္း “

ကုဗက်င္းက အလ်ား x အနံ x အျမင့္ အတိုင္းအတာ (၃) ခု ေျမႇာက္တာပါ။ အဆိုပါ (၃) ခုေျမႇာက္လို႔ ၁၀၀ ရရင္ ၁ က်င္းလို႔ တြက္ပါတယ္။ ၅၀ ဆို က်င္းဝက္ ၂၅ ဆို က်င္းတစ္မတ္ စသျဖင့္ပါ။

ကုဗက်င္းကို ၉ လက္မႏွင့္အထက္ အုတ္စီျခင္းတို႔ ကြန္ကရစ္ေလာင္းျခင္းတို႔ ေျမႀကီးတူးျခင္းတို႔မွာ အမ်ားဆုံးသုံးပါတယ္။ ရွိသမွ် အလ်ား အနံ အျမင့္ေတြ လိုက္ေျမႇာက္ၿပီး ေပါင္းလိုက္ရင္ ကုဗက်င္းထြက္လာပါၿပီ။

– 1:3:6 အခ်ိဳး ကြန္ကရစ္ ဘိလပ္ေျမ ၁၃ အိတ္ခန႔္ သဲက်င္းဝက္ ေက်ာက္ ၁ က်င္း

– 1:2:4 အခ်ိဳး ကြန္ကရစ္ ဘိလပ္ေျမ ၁၈ အိတ္ေက်ာ္ခန႔္ သဲက်င္းဝက္ ေက်ာက္ ၁ က်င္း

– 1: 1-1/2 အခ်ိဳး ကြန္ကရစ္ ဘိလပ္ေျမ ၂၅ အိတ္ခန႔္ သဲက်င္းဝက္ ေက်ာက္၁ က်င္း

– အမ်ားသုံးတဲ့ 1:4 အခ်ိဳးဆိုဘိလပ္ေျမ ၆ အိတ္နီးပါး သဲ .၂၈ က်င္းတစ္မတ္ သာသာေလာက္။

” စကြဲယားက်င္း ”

စကြဲယားက်င္းက အလ်ား x အနံ အတိုင္းအတာ (၂) ခု ေျမႇာက္တာပါ။ အဆိုပါ (၂) ခုေျမႇာက္လို႔ ၁၀၀ ရရင္ ၁ က်င္းလို႔ တြက္ပါတယ္။ ၄ လက္မခြဲ အုတ္စီျခင္းတို႔ ေဆးသုတ္ျခင္းတို႔ အမိုးမိုးျခင္း တို႔ ေႂကြျပားကပ္ျခင္း တို႔မွာ သုံးပါတယ္။

– 1:4 အခ်ိဳး ဘိလပ္ေျမ ၂.၇ အိတ္ သဲ .၁၁ က်င္း ျဖစ္ပါတယ္။ Credit – မူရင္း

Be the first to comment on "အဆောက်အဦဆောက်ဖို့ စိတ်ကူးထားသူ မိတ်ဆွေတို့အတွက် ဘိလပ်မြေ ဘယ်လောက် အသုံးပြုရမလဲ ဆိုတာကို အကြမ်းဖျင်း သိနိုင်စေဖို့"

Leave a comment

Your email address will not be published.


*