သံတမန်နည်းနဲ့မရရင် အင်အားသုံးဖြေရှင်းရလိမ့်မယ်လို့ အမေရိကန်သတိပေး

သံတမန်နည်းနဲ့မရရင် အင်အားသုံးဖြေရှင်းရလိမ့်မယ်လို့ အမေရိကန်က အီရန်ကိုသတိပေး

၁၄ အောက်တိုဘာ ၂၀၂၁

အီရန်ရဲ့ နျုကလီးယားအစီအစဉ်နဲ့ပတ်သက်လို့ သံတမန်နည်းလမ်းအရ ဖြေရှင်းလို့မရရင် အင်အားသုံးဖြေရှင်းကောင်းဖြေရှင်းရလိမ့်မယ်လို့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး Antony Blinken က အောက်တိုဘာ ၁၃ ရက်နေ့က သတိပေးလိုက်ပါတယ်။

အီရန်နျုကလီးယားအစီအစဉ်နဲ့ပတ်သက်လို့ ၂၀၁၅ ခုနှစ်က နိုင်ငံတကာနဲ့သဘောတူထားတဲ့အတိုင်း ဆွေးနွေးလိုက်နာဖို့ သံတမန်နည်းလမ်းပေါင်းစုံနဲ့ ချည်းကပ်ပြောဆိုခဲ့ပြီးပြီလို့ Antony Blinken က ပြောပါတယ်။

သံတမန်နည်းလမ်းဟာ ကောင်းမွန်ထိရောက်တဲ့နည်းလမ်းဖြစ်ပေမယ့် (၉) လဆိုတဲ့အချိန်အတွင်းမှာ အီရန်ဘက်က အပြုသဘောတုန့်ပြန်မှု တစုံတရာမရှိခဲ့ဘူးဆိုပါတယ်။ အဲဒီအတွက် သံတမန်နည်းလမ်းဆက်ကျင့်သုံးဖို့ အချိန်မရှိတော့ဘူးလို့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီးက သတိပေးပြောလိုက်တာပါ။

အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဟာ ဝါရှင်တန်ကို ရောက်နေတဲ့ အစ္စရေး နဲ့ UAE နိုင်ငံခြားရေးဝန်ကြီးတွေနဲ့ တွေ့ဆုံဆွေးနွေးအပြီး အီရန်ကို သတိပေးပြောခဲ့တာဖြစ်ပါတယ်။

———– 

သံတမန္နည္းနဲ႔မရရင္ အင္အားသုံးေျဖရွင္းရလိမ့္မယ္လို႔ အေမရိကန္က အီရန္ကိုသတိေပး

၁၄ ေအာက္တိုဘာ ၂၀၂၁

အီရန္ရဲ႕ န်ဳကလီးယားအစီအစဥ္နဲ႔ပတ္သက္လို႔ သံတမန္နည္းလမ္းအရ ေျဖရွင္းလို႔မရရင္ အင္အားသုံးေျဖရွင္းေကာင္းေျဖရွင္းရလိမ့္မယ္လို႔ အေမရိကန္ႏိုင္ငံျခားေရးဝန္ႀကီး Antony Blinken က ေအာက္တိုဘာ ၁၃ ရက္ေန႔က သတိေပးလိုက္ပါတယ္။

အီရန္န်ဳကလီးယားအစီအစဥ္နဲ႔ပတ္သက္လို႔ ၂၀၁၅ ခုႏွစ္က ႏိုင္ငံတကာနဲ႔သေဘာတူထားတဲ့အတိုင္း ေဆြးေႏြးလိုက္နာဖို႔ သံတမန္နည္းလမ္းေပါင္းစုံနဲ႔ ခ်ည္းကပ္ေျပာဆိုခဲ့ၿပီးၿပီလို႔ Antony Blinken က ေျပာပါတယ္။

သံတမန္နည္းလမ္းဟာ ေကာင္းမြန္ထိေရာက္တဲ့နည္းလမ္းျဖစ္ေပမယ့္ (၉) လဆိုတဲ့အခ်ိန္အတြင္းမွာ အီရန္ဘက္က အျပဳသေဘာတုန႔္ျပန္မႈ တစုံတရာမရွိခဲ့ဘူးဆိုပါတယ္။ အဲဒီအတြက္ သံတမန္နည္းလမ္းဆက္က်င့္သုံးဖို႔ အခ်ိန္မရွိေတာ့ဘူးလို႔ အေမရိကန္ႏိုင္ငံျခားေရးဝန္ႀကီးက သတိေပးေျပာလိုက္တာပါ။

အေမရိကန္ႏိုင္ငံျခားေရးဝန္ႀကီးဟာ ဝါရွင္တန္ကို ေရာက္ေနတဲ့ အစၥေရး နဲ႔ UAE ႏိုင္ငံျခားေရးဝန္ႀကီးေတြနဲ႔ ေတြ႕ဆုံေဆြးေႏြးအၿပီး အီရန္ကို သတိေပးေျပာခဲ့တာျဖစ္ပါတယ္။

Be the first to comment on "သံတမန်နည်းနဲ့မရရင် အင်အားသုံးဖြေရှင်းရလိမ့်မယ်လို့ အမေရိကန်သတိပေး"

Leave a comment

Your email address will not be published.


*