၂၁ရာစုရဲ့ အပြင်းထန်းဆုံးသော မြန်မာနိုင်ငံပြည်တွင်းစစ်ကြီး ဖြစ်လာတော့မှာလား

၂၁ရာစုရဲ့ အပြင်းထန်းဆုံံးသော မြန်မာနိုင်ငံပြည်တွင်းစစ်ကြီး ဖြစ်လာတော့မှာလား

အခု မြန်မာ ပျောက်ကျားစစ်ပွဲကို ဗီယက်နမ် နဲ့ ယှဉ်ပြောနေကြတာဟာ လွဲနေတာတော့ အမှန်ပဲ။ဗီယက်နမ် စစ်ပွဲဟာ မြောက်ဗီယက်နမ်လို အစိုးရတစ်ရပ်က တောင်ဗီယက်နမ်နိုင်ငံထဲကို တင်သွင်းလာတဲ့ နိုင်ငံချင်း ဖြစ်တဲ့စစ်ပါ။

ကွန်မြူနစ်တွေ ဝါဒဖြန့် သိပ်တော်တာကော အခုခေတ်လို အချက်အလက်ပြန်စစ်နိုင်တဲ့ Social media မရှိတာကော တွေကြောင့် သတင်းမှန်မသိကြတဲ့သူတွေက တော်လှန်ရေး စစ်ပွဲလို့တောင် အထင်မှားခဲ့ကြတာပါ။

အမေရိကန် ရှုံးပြီးပြေးတယ်ဆိုတာလည်း မဟုတ်ပါဘူး။ အခု ဖြစ်နေတဲ့ မြန်မာပွဲ နဲ့ အခြေခံကိုက မတူပါဘူး။ ကွန်မြူနစ် အုပ်ချုပ်တဲ့ မြောက်ဗီယက်နမ် နဲ့ အမေရိကန် ထောက်ခံတဲ့ တောင်ဗီယက်နမ် ၂ ခုလုံးက

အမေရိကန်ကို မုန်းတဲ့ ဗီယက်နမ် လူမျိုးရဲ့ ရာခိုင်နှုန်းဟာ ၇၀ ရာခိုင်နှုန်းကျော်ဖို့တောင်မလွယ်ပါ။ မြန်မာမှာက ၉၅ ရာခိုင်နှုန်းလောက်က မအလတို့ကို မုန်းတာပါ။ ဘာသာ၊ လူမျိုးစုံက မုန်းတယ်ဆိုတာထက်

လူတန်းစား အလွှာစုံကကို မုန်းတာပါ။ ဒီအချက်က တော်လှန်ရေးတစ်ခုမှာ သိပ်တာသွားတဲ့ အချက်ပါ။မြန်မာပျောက်ကျားစစ်က လူထုထောက်ခံမှုများခဲ့တဲ့ တရုတ် ပျောက်ကျားစစ်နဲ့ ပိုတူပေမယ့်လည်း မြန်မာပျောက်ကျား ခေါင်းဆောင်တွေက မော်စီတုံးထက် နိုင်ငံရေး၊ စစ်ရေး၊ သံတမန်ရေးမှာ ပိုသာပါတယ်။

အခု PDF တွေ အဝေးထိန်းနဲ့ မိုင်းခွဲတာက အီရတ်သူပုန်တွေက အမေရိကန်တွေက်ု တိုက်ခဲ့တာနဲ့တော်တော်တူတာပါ။ အီရတ်သူပုန်တွေကို အီရတ်လူထုက ထောက်ခံမှုက နည်းတာကော အမေရိကန်က နည်းပညာနဲ့ ပြန်ကာကွယ်နိုင်တာကောကြောင့် နောက်ဆုံး အီရတ်သူပုန်တွေပဲ ရှုံးခဲ့ပါတယ်။

မြန်မာမှာက PDF ကို လူထုထောက်ခံမှုက အရမ်းကြီးမားသလို မအလတို့ကလည်း အမေရိကန်လို ငွေကော၊ နည်းပညာကော အားမကောင်းပါ။ အဲ့ဒါကြောင့် ဒီပွဲ ဘယ်သူနိုင်မလဲဆိုတာ ခန့်မှန်းရလွယ်တာပါ။

မအလလေတပ်ကိုစိုးရိမ်သူများကိုပြောချင်တာက ခံတပ်မရှိတဲ့ ပျောက်ကျားစစ်မှာ လေတပ်ဟာ အသုံးမဝင်ပါ။ အထက်က သုံးနိုင်ငံလုံးနဲ့ ယှဉ်ကြည့်ရင် အခု မြန်မာ့ပျောက်ကျားစစ်ပွဲဟာ နောင်တချိန်မှာ နိုင်ငံတကာက စစ်ကျောင်းတွေရဲ့ သင်ခန်းစာတွေထဲအထိ သမိုင်းတွင်မယ့် စစ်ပွဲ ဖြစ်လာနိုင်ချေများပါတယ်။

အဲ့လိုဖြစ်ဖို့ကော မအလတို့ကို ဇတ်သိမ်းဖြစ်ဖို့ကကော ကျနော်တို့ တစ်နိုင်ငံလုံးရဲ့ စည်းလုံးမှုကို ဆက်ထိန်းနိုင်ဖို့လိုပါတယ်။

Crd.. ဒေါက်တာကျော်ကျော်လင်း

———— 

၂၁ရာစုရဲ႕ အျပင္းထန္းဆုံံးေသာ ျမန္မာနိုင္ငံျပည္တြင္းစစ္ျကီး ျဖစ္လာေတာ့မွာလား

အခု ျမန္မာ ေပ်ာက္က်ားစစ္ပြဲကို ဗီယက္နမ္ နဲ႔ ယွဥ္ေျပာေနၾကတာဟာ လြဲေနတာေတာ့ အမွန္ပဲ။ဗီယက္နမ္ စစ္ပြဲဟာ ေျမာက္ဗီယက္နမ္လို အစိုးရတစ္ရပ္က ေတာင္ဗီယက္နမ္ႏိုင္ငံထဲကို တင္သြင္းလာတဲ့ ႏိုင္ငံခ်င္း ျဖစ္တဲ့စစ္ပါ။

ကြန္ျမဴနစ္ေတြ ဝါဒျဖန္႔ သိပ္ေတာ္တာေကာ အခုေခတ္လို အခ်က္အလက္ျပန္စစ္ႏိုင္တဲ့ Social media မရွိတာေကာ ေတြေၾကာင့္ သတင္းမွန္မသိၾကတဲ့သူေတြက ေတာ္လွန္ေရး စစ္ပြဲလို႔ေတာင္ အထင္မွားခဲ့ၾကတာပါ။

အေမရိကန္ ရႈံးၿပီးေျပးတယ္ဆိုတာလည္း မဟုတ္ပါဘူး။ အခု ျဖစ္ေနတဲ့ ျမန္မာပြဲ နဲ႔ အေျခခံကိုက မတူပါဘူး။ ကြန္ျမဴနစ္ အုပ္ခ်ဳပ္တဲ့ ေျမာက္ဗီယက္နမ္ နဲ႔ အေမရိကန္ ေထာက္ခံတဲ့ ေတာင္ဗီယက္နမ္ ၂ ခုလုံးက

အေမရိကန္ကို မုန္းတဲ့ ဗီယက္နမ္ လူမ်ိဳးရဲ႕ ရာခိုင္ႏႈန္းဟာ ၇၀ ရာခိုင္ႏႈန္းေက်ာ္ဖို႔ေတာင္မလြယ္ပါ။ ျမန္မာမွာက ၉၅ ရာခိုင္ႏႈန္းေလာက္က မအလတို႔ကို မုန္းတာပါ။ ဘာသာ၊ လူမ်ိဳးစုံက မုန္းတယ္ဆိုတာထက္

လူတန္းစား အလႊာစုံကကို မုန္းတာပါ။ ဒီအခ်က္က ေတာ္လွန္ေရးတစ္ခုမွာ သိပ္တာသြားတဲ့ အခ်က္ပါ။ျမန္မာေပ်ာက္က်ားစစ္က လူထုေထာက္ခံမႈမ်ားခဲ့တဲ့ တ႐ုတ္ ေပ်ာက္က်ားစစ္နဲ႔ ပိုတူေပမယ့္လည္း ျမန္မာေပ်ာက္က်ား ေခါင္းေဆာင္ေတြက ေမာ္စီတုံးထက္ ႏိုင္ငံေရး၊ စစ္ေရး၊ သံတမန္ေရးမွာ ပိုသာပါတယ္။

အခု PDF ေတြ အေဝးထိန္းနဲ႔ မိုင္းခြဲတာက အီရတ္သူပုန္ေတြက အေမရိကန္ေတြက္ု တိုက္ခဲ့တာနဲ႔ေတာ္ေတာ္တူတာပါ။ အီရတ္သူပုန္ေတြကို အီရတ္လူထုက ေထာက္ခံမႈက နည္းတာေကာ အေမရိကန္က နည္းပညာနဲ႔ ျပန္ကာကြယ္ႏိုင္တာေကာေၾကာင့္ ေနာက္ဆုံး အီရတ္သူပုန္ေတြပဲ ရႈံးခဲ့ပါတယ္။

ျမန္မာမွာက PDF ကို လူထုေထာက္ခံမႈက အရမ္းႀကီးမားသလို မအလတို႔ကလည္း အေမရိကန္လို ေငြေကာ၊ နည္းပညာေကာ အားမေကာင္းပါ။ အဲ့ဒါေၾကာင့္ ဒီပြဲ ဘယ္သူႏိုင္မလဲဆိုတာ ခန္႔မွန္းရလြယ္တာပါ။

မအလေလတပ္ကိုစိုးရိမ္သူမ်ားကိုေျပာခ်င္တာက ​ခံတပ္မရွိတဲ့ ေပ်ာက္က်ားစစ္မွာ ေလတပ္ဟာ အသုံးမဝင္ပါ။ အထက္က သုံးႏိုင္ငံလုံးနဲ႔ ယွဥ္ၾကည့္ရင္ အခု ျမန္မာ့ေပ်ာက္က်ားစစ္ပြဲဟာ ေနာင္တခ်ိန္မွာ ႏိုင္ငံတကာက စစ္​ေက်ာင္းေတြရဲ႕ သင္ခန္းစာေတြထဲအထိ သမိုင္းတြင္မယ့္ စစ္ပြဲ ျဖစ္လာႏိုင္ေခ်မ်ားပါတယ္။

အဲ့လိုျဖစ္ဖို႔ေကာ မအလတို႔ကို ဇတ္သိမ္းျဖစ္ဖို႔ကေကာ က်ေနာ္တို႔ တစ္ႏိုင္ငံလုံးရဲ႕ စည္းလုံးမႈကို ဆက္ထိန္းႏိုင္ဖို႔လိုပါတယ္။

Crd.. ေဒါက္တာေက်ာ္ေက်ာ္လင္း

Be the first to comment on "၂၁ရာစုရဲ့ အပြင်းထန်းဆုံးသော မြန်မာနိုင်ငံပြည်တွင်းစစ်ကြီး ဖြစ်လာတော့မှာလား"

Leave a comment

Your email address will not be published.


*