မုံရွာမှာ ဒီနှစ် ဧပြီ ၁၅ ရက် နေ့ခင်းပိုင်းက ဖမ်းဆီးခံရပြီး အမှုရင်ဆိုင်နေရတဲ့ မုံရွာ သပိတ်ခေါင်းဆောင် ကိုဝေမိုးနိုင်ရဲ့ အမှုတွေကို
တွဲဘက် ကူညီလုပ်ကိုင်ပေးနေတဲ့ တရားလွှတ်တော် ရှေ့နေ ကိုဇင်မင်းထွန်းဟာ ဒီကနေ့ ညနေ ၃ နာရီဝန်းကျင်က အသတ်ခံလိုက်ရတယ်လို့ မုံရွာရှေ့နေ အသိုင်းအဝိုင်းက ပြောပါတယ်။
မောင်းခမ်းကျောင်းလမ်းနေ အသက် ၄၂ နှစ်အရွယ် တရားလွှတ်တော် ဦးဇင်မင်းထွန်း ဆိုသူဟာ ဒီကနေ့ ညနေ ၃ နာရီ ဝန်းကျင်က
သူ့ရဲ့အိမ်နီးနားချင်းဖြစ်သူရဲ့ နေအိမ်ရှေ့ ခုံတန်းလျားမှာ ထိုင်နေတဲ့အချိန် အမည်မသိ လူ ၃ ယောက်က ဆိုင်ကယ် ၁ စီးနဲ့ ရောက်လာပြီး ရှေ့နေ ဦးဇင်မင်းထွန်းကို သတ်သွားခဲ့တာဖြစ်ပါတယ်။
” ကိုဇင်မင်းထွန်းက ရိုးသားပြီး အနေအေးတယ် ၊ မိသားစု စားဝတ်နေရေး အတွက် ရိုးသားစွာနဲ့ ရှာဖွေရပ်တည်တယ် ၊ အရင်က ရေယာဥ်ဂိတ်တွေမှာ ဆိုင်ကယ် တက္ကစီလိုက်တာတောင်ရှိတယ် ၊
အခု သူ့ဆရာ(တရားလွှတ်တော် ရှေ့နေကြီး)နဲ့ တွဲဘက်ပြီး မုံရွာ သပိတ်ခေါင်းဆောင် ကိုဝေမိုးနိုင်ရဲ့ အမှုကို လိုက်ပါကူညီပေးနေတာ ” လို့ မုံရွာရှေ့နေ အသိုင်းအဝိုငး တရားလွှတ်တော် ရှေ့နေ တစ်ယောက်က ပြောပါတယ်။
Crd – Myanmar Celebrity Tv Club
————-
မုံ႐ြာမွာ ဒီႏွစ္ ဧၿပီ ၁၅ ရက္ ေန႔ခင္းပိုင္းက ဖမ္းဆီးခံရၿပီး အမႈရင္ဆိုင္ေနရတဲ့ မုံ႐ြာ သပိတ္ေခါင္းေဆာင္ ကိုေဝမိုးႏိုင္ရဲ႕ အမႈေတြကို
တြဲဘက္ ကူညီလုပ္ကိုင္ေပးေနတဲ့ တရားလႊတ္ေတာ္ ေရွ႕ေန ကိုဇင္မင္းထြန္းဟာ ဒီကေန႔ ညေန ၃ နာရီဝန္းက်င္က အသတ္ခံလိုက္ရတယ္လို႔ မုံ႐ြာေရွ႕ေန အသိုင္းအဝိုင္းက ေျပာပါတယ္။
ေမာင္းခမ္းေက်ာင္းလမ္းေန အသက္ ၄၂ ႏွစ္အ႐ြယ္ တရားလႊတ္ေတာ္ ဦးဇင္မင္းထြန္း ဆိုသူဟာ ဒီကေန႔ ညေန ၃ နာရီ ဝန္းက်င္က
သူ႔ရဲ႕အိမ္နီးနားခ်င္းျဖစ္သူရဲ႕ ေနအိမ္ေရွ႕ ခုံတန္းလ်ားမွာ ထိုင္ေနတဲ့အခ်ိန္ အမည္မသိ လူ ၃ ေယာက္က ဆိုင္ကယ္ ၁ စီးနဲ႔ ေရာက္လာၿပီး ေရွ႕ေန ဦးဇင္မင္းထြန္းကို သတ္သြားခဲ့တာျဖစ္ပါတယ္။
” ကိုဇင္မင္းထြန္းက ႐ိုးသားၿပီး အေနေအးတယ္ ၊ မိသားစု စားဝတ္ေနေရး အတြက္ ႐ိုးသားစြာနဲ႔ ရွာေဖြရပ္တည္တယ္ ၊ အရင္က ေရယာဥ္ဂိတ္ေတြမွာ ဆိုင္ကယ္ တကၠစီလိုက္တာေတာင္ရွိတယ္ ၊
အခု သူ႔ဆရာ(တရားလႊတ္ေတာ္ ေရွ႕ေနႀကီး)နဲ႔ တြဲဘက္ၿပီး မုံ႐ြာ သပိတ္ေခါင္းေဆာင္ ကိုေဝမိုးႏိုင္ရဲ႕ အမႈကို လိုက္ပါကူညီေပးေနတာ ” လို႔ မုံ႐ြာေရွ႕ေန အသိုင္းအဝိုငး တရားလႊတ္ေတာ္ ေရွ႕ေန တစ္ေယာက္က ေျပာပါတယ္။
Crd – Myanmar Celebrity Tv Club
Be the first to comment on "ကိုဝေမိုးနိူင်ရဲ့အမှုလိုက်ရှေ့နေ လုပ်ကြံခံရပြီးကွယ်လွန်"