စိတ်ဓာတ်ကျရင် “ငါတို့သာ ဖက်ဒရယ်ဒီမိုကရေစီ စစ်စစ်ရရင်…”ဆိုပြီး တွေးကြည့်ပါ

အာဆီယံခေါင်းဆောင်တွေက မြန်မာနိုင်ငံသားတွေဘက်က မရပ်တည်ပေးဘူးဆိုတာ သူတို့နိုင်ငံတွေကို ကျော်တက်သွားမှာကို ကြောက်လို့ဆိုတာထက် နွေဦးတော်လှန်ရေးဟာ သူတို့နိုင်ငံတွေကို ကူးစက်လာမှာ ကြောက်တာပါ။

နောက်တစ်ချက်က တရုတ်လွှမ်းမိုးမှုလည်း ပါတာပေါ့။ အာဆီယံမှာ တရုတ်ဩဇာ မသက်ရောက်တဲ့ နိုင်ငံမရှိသလောက်ပဲ။

ဒါပေမဲ့ ခုနက ပြောသလိုပဲ မြန်မာ့နွေဦးတော်လှန်ရေးသာ အောင်မြင်သွားရင် အာဆီယံထဲက အချို့နိုင်ငံတွေကပြည်သူတွေဟာ သူတို့ရဲ့ အာဏာရှင် (သို့မဟုတ်) Hybrid အာဏာရှင်တွေကို ဖြုတ်ချဖို့ ကြိုးစားလာနိုင်ပါတယ်။

ကျွန်တော်ထင်တာတော့ ASEAN ခေါင်းဆောင်တွေဟာ တရုတ်ကို ကြောက်ရသလို အဲဒီအချက်ကိုလည်း ကြောက်ရပါတယ်။ အခုထက်ထိ “ဆွေးနွေး အဖြေရှာပါ” လမ်းစဉ်ကနေ မတက်ဘူး။ အဲဒီလမ်းစဉ်ဟာ အပိတ်ကြီးဆိုတာလည်း သူတို့သိတယ်။ သက်သက်ကို တွန်းပို့ပေးနေတာ။

ဟိုလိုဒီလိုနဲ့ နွေဦးတော်လှန်ရေးကြီး ကျရှုံးသွားမှာကို လိုချင်နေကြပုံပဲ။လူကြားကောင်းအောင်တော့ “မြန်မာပြည်ကြီးကို ငြိမ်းချမ်းစေချင်တာပါ” တို့ ဘာတို့တော့ လျှောက်ပြောမှာပေါ့နော်။

မြန်မာပြည်ဟာ နွေဦးတော်လှန်ရေးသာ အောင်မြင်ပြီး ဖက်ဒရယ်ဒီမိုကရေစီနိုင်ငံစစ်စစ် ဖြစ်လာရင် တိုးတက်မဲ့နှုန်းဟာ အင်မတန် ကြောက်စရာ ကောင်းပါလိမ့်မယ်။

အခု အာဆီယံ (၁၀) နိင်ငံထဲမှာ တိုးတက်ပါတယ်ဆိုတဲ့ ထိုင်း၊ မလေး၊ အင်ဒို၊ စင်္ကာပူတွေကို မကျော်ရင်တောင် တော်တော်ကြီး မြန်တဲ့ အရှိန်နဲ့ လိုက်နိုင်ပါလိမ့်မယ်။

ထိုင်းတွေဟာ အခု ကျွန်တော်တို့ မြန်မာတွေရဲ စည်းလုံးမှုကို အင်မတန် အားကျနေကြပါတယ်။

အိုလံပစ်ပြိုင်ပွဲကနေ နှုတ်ထွက်လိုက်တဲ့ မြန်မာရေကူးအားကစားသမားအကြောင်း ရေးထားတဲ့ပို့စ်အောင်္ကမှာဆို

“အားကျလိုက်တာ” “လေးစားလိုက်တာ” “မြန်မာတွေက စိတ်ဓာတ်ခိုင်မာ ပြတ်သားလိုက်ကြတာ””ငါတို့နိုင်ငံက နာမည်ကြီးတွေနဲ့များ ကွာလိုက်တာ” စသဖြင့် ချီးကျူးသံတွေကို ညံနေတာပဲ။

ကျွန်တော်တို့က တစ်ခါတစ်လေ စိတ်ဓာတ်ကျလာပြီး ကျွန်တော်တို့ ရှုံးနိမ့်နေတယ်ထင်တတ်ကြတယ်။
စိတ်ဓာတ်ကျလာတတ်ကြတယ်။

ဒါပေမဲ့ Reality မှာ ကျွန်တော်တို့ကို အာဆီယံမှာ အားကျနေတဲ့သူတွေ အများကြီးပဲ။ ဒီလောက်စည်းလုံးတဲ့ Civil Disobedience Movement ရှိတဲ့နိုင်ငံမျိုး၊

အသတ်ခံရနိုင်မှန်းသိပေမဲ့ စွန့်စားပြီး ဆန္ဒပြကြတဲ့ ပြည်သူတွေရှိတဲ့ နိုင်ငံမျိုး၊ အဖမ်းခံရနိုင်မှန်း သိပေမဲ့ အခုထက်ထိ Speak out လုပ်တာ မပြတ်တဲ့ အနုပညာရှင်တွေ အများကြီးရှိတဲ့ နိုင်ငံမျိုး၊

Twitter မှာ Fighter တွေ ဒီလောက်များတဲ့ နိုင်ငံမျိုး၊ အသက်စွန့်ပြီး တိုက်နေကြတဲ့ တိုင်းရင်းသား လက်နက်ကိုင်တွေ ရှိတဲ့နိုင်ငံမျိုး၊

ထွက်ပြေးတိမ်းရှောင်ရင်း ပြည်သူတွေ အတွက် ရသလောက် တိုက်ပွဲဝင်နေတဲ့ Politician တွေ ရှိတဲ့ နိုင်ငံမျိုး၊ NUG ဆိုတဲ့ အဆင့်ထိ ၃ လအတွင်း ရောက်အောင် ခရီးဆက်ခဲ့ကြတဲ့ နိုင်ငံမျိုး၊

ရှိတဲ့သူတွေက မရှိတဲ့သူတွေကို အစားအသောက်လှူဒါန်းပြီး ဖေးမကြတဲ့ နိုင်ငံမျိုး၊ သူတို့ ဘယ်လိုလုပ် အားမကျဘဲ နေနိုင်မလဲဗျ။

ဒီလောက် စည်းလုံးတဲ့နိုင်ငံကြီး ဖက်ဒရယ်ဒီမိုကရေစီစစ်စစ်သာ ရသွားကြည့်ပါလား။ ဘယ်လောက် တိုးတက်လိုက်မလဲ။

ကျွန်တော်ကတော့ စိတ်ဓာတ်ကျလာရင် “ငါတို့သာ ဖက်ဒရယ်ဒီမိုကရေစီ စစ်စစ်ရရင် ဘယ်လောက်တောင် တိုးတက်လိုက်မလဲ” လို့ တွေးပြီး စိတ်အားပြန်တင်တယ်။

ဒီခရီး ဘယ်လောက်ကြာမလဲ မမေးဘဲ ငါ ဘာလုပ်ပေးနိုင်မလဲလို့ ကိုယ့်ကိုယ်ကိုမေးပြီး နေ့တိုင်း တတ်နိုင်တာ တစ်ခုတစ်လေ ရသလောက် လုပ်ပေးကြပြီး ခရီးဆက်ကြမယ်ဗျာ။

စိတ်ဓာတ်ကျရင် “ငါတို့သာ ဖက်ဒရယ်ဒီမိုကရေစီ စစ်စစ်ရရင်…”ဆိုပြီးတွေးဗျာ။

ကမ္ဘာမှာ မြန်မာရယ်လို့ ရင်ကော့ ခေါင်းမော့ပြီး ပြောနိုင်တဲ့ဘဝကို ရောက်သွားလိမ့်မယ်။

မြန်မာနိုင်ငံလွတ်လပ်ပြီး တိုးတက်သွားလျင် အရင်းရှင်နိုင်ငံတွေက ခိုင်းဘို့ ကျွန် ရှားပါးသွားမယ်ဆိုတဲ့အချက်ကို အာဆီယံက စိုးရိမ်တယ်ဆိုတာလည်း မမေ့ကြနဲ့ပေါ့။

Be the first to comment on "စိတ်ဓာတ်ကျရင် “ငါတို့သာ ဖက်ဒရယ်ဒီမိုကရေစီ စစ်စစ်ရရင်…”ဆိုပြီး တွေးကြည့်ပါ"

Leave a comment

Your email address will not be published.


*