ပုဂ္ဂလိကဆေးရုံတွေမှာ ကိုဗစ်ကုသရင် လူနာတယောက် တရက် ကုန်ကျမယ့် စရိတ် သိရပြီ

ပုဂၢလိကေဆး႐ုံေတြမွာ ကိုဗစ္ကုသရင္ လူနာတေယာက္ တရက္ ကုန္က်မယ့္ စရိတ္ သိရၿပီ

သာမန္ကိုဗစ္ေရာဂါ ျဖစ္ပြားတဲ့သူေတြအေနနဲ႔ ပုဂၢလိကေဆး႐ုံေတြမွာ တက္ေရာက္ကုသမယ္ဆိုရင္ တစ္ရက္ကို က်ပ္ေငြ တစ္သိန္းခြဲေလာက္ ကုန္က်နိုင္တယ္လို႔ ျမန္မာနိုင္ငံပုဂၢလိက ေဆး႐ုံလုပ္ငန္းရွင္မ်ား အသင္းကေန သိရပါတယ္။

“ေရာဂါမျပင္းထန္ရင္ တစ္ရက္ကို တစ္သိန္းခြဲေလာက္ေတာ့ ကုန္နိုင္တယ္။ ေရာဂါျပင္းထန္တယ္ အထူးၾကပ္မတ္ေဆာင္ ဝင္ရမယ္ဆိုရင္ေတာ့ ႏွစ္သိန္းခြဲ၊ သုံးသိန္းေလာက္ ကုန္က်နိုင္ပါတယ္။ ဒါက ခန႔္မွန္းေျခပါ၊ တခ်ိဳ႕က ဆီးခ်ိဳ၊ ေသြးတိုး ေရာဂါေတြ တြဲပါလာမယ္ဆိုရင္ ကုန္က်စားရိတ္က ပိုနိုင္ပါတယ္” လို႔ ပုဂၢလိကေဆး႐ုံလုပ္ငန္းရွင္မ်ားအသင္း ဥကၠဌ ေဒါက္တာထင္ေပၚက ေျပာပါတယ္။

သာမန္ ကိုဗစ္လူနာတစ္ေယာက္ရဲ့ ေဆးဝါးကုသခ်ိန္ဟာ (၁၀) ရက္ေလာက္ရွိၿပီး ေရာဂါျပင္းထန္တဲ့ လူနာေတြကေတာ့ တစ္လေလာက္ အခ်ိန္ယူကုသမွု ခံယူရတာေတြလည္းရွိတယ္လို႔ ဆိုပါတယ္။ ဒါ့အျပင္ ပုဂၢလိကေဆး႐ုံေတြမွာ ကိုဗစ္လူနာေတြ ကုသနိုင္ေတာ့မွာျဖစ္တဲ့အတြက္ အစိုးရနဲ႔ပုဂၢလိကပူးေပါင္းၿပီး ကိုဗစ္ေရာဂါမဟုတ္တဲ့ တျခားေရာဂါေတြကိုလည္း က်ယ္က်ယ္ျပန႔္ျပန႔္ ကုသမွုေပးနိုင္ေတာ့မွာ ျဖစ္ပါတယ္။

ကိုဗစ္ေရာဂါကုသေပးဖို႔ ေျမာက္ဥကၠလာၿမိဳ႕နယ္က ေရႊလမင္းေဆး႐ုံ၊ လွိုင္သာယာၿမိဳ႕နယ္က ပန္းလွိုင္ေဆး႐ုံ၊ ဗဟန္းၿမိဳ႕နယ္က SSC ေဆး႐ုံနဲ႔ အလုံၿမိဳ႕နယ္က အကယ္ဒမီေဆး႐ုံတို႔က က်န္းမာေရးဝန္ႀကီးဌာနထံမွာ ေလၽွာက္ထားတယ္လို႔ သိရပါတယ္။

အခုအခ်ိန္မွာေတာ့ ရန္ကုန္ၿမိဳ႕လွိုင္သာယာၿမိဳ႕နယ္က ပန္းလွိုင္ေဆး႐ုံကို အစိုးရက ကိုဗစ္ကုသခြင့္ေပးထားၿပီး N Health Myanmar ဓာတ္ခြဲခန္းကို ေရာဂါစစ္ေဆးခြင့္ေပးထားတယ္လို႔ သိရပါတယ္။

———

ပုဂ္ဂလိကဆေးရုံတွေမှာ ကိုဗစ်ကုသရင် လူနာတယောက် တရက် ကုန်ကျမယ့် စရိတ် သိရပြီ

သာမန်ကိုဗစ်ရောဂါ ဖြစ်ပွားတဲ့သူတွေအနေနဲ့ ပုဂ္ဂလိကဆေးရုံတွေမှာ တက်ရောက်ကုသမယ်ဆိုရင် တစ်ရက်ကို ကျပ်ငွေ တစ်သိန်းခွဲလောက် ကုန်ကျနိုင်တယ်လို့ မြန်မာနိုင်ငံပုဂ္ဂလိက ဆေးရုံလုပ်ငန်းရှင်များ အသင်းကနေ သိရပါတယ်။

“ရောဂါမပြင်းထန်ရင် တစ်ရက်ကို တစ်သိန်းခွဲလောက်တော့ ကုန်နိုင်တယ်။ ရောဂါပြင်းထန်တယ် အထူးကြပ်မတ်ဆောင် ဝင်ရမယ်ဆိုရင်တော့ နှစ်သိန်းခွဲ၊ သုံးသိန်းလောက် ကုန်ကျနိုင်ပါတယ်။ ဒါက ခန့်မှန်းခြေပါ၊ တချို့က ဆီးချို၊ သွေးတိုး ရောဂါတွေ တွဲပါလာမယ်ဆိုရင် ကုန်ကျစားရိတ်က ပိုနိုင်ပါတယ်” လို့ ပုဂ္ဂလိကဆေးရုံလုပ်ငန်းရှင်များအသင်း ဥက္ကဌ ဒေါက်တာထင်ပေါ်က ပြောပါတယ်။

သာမန် ကိုဗစ်လူနာတစ်ယောက်ရဲ့ ဆေးဝါးကုသချိန်ဟာ (၁၀) ရက်လောက်ရှိပြီး ရောဂါပြင်းထန်တဲ့ လူနာတွေကတော့ တစ်လလောက် အချိန်ယူကုသမှု ခံယူရတာတွေလည်းရှိတယ်လို့ ဆိုပါတယ်။ ဒါ့အပြင် ပုဂ္ဂလိကဆေးရုံတွေမှာ ကိုဗစ်လူနာတွေ ကုသနိုင်တော့မှာဖြစ်တဲ့အတွက် အစိုးရနဲ့ပုဂ္ဂလိကပူးပေါင်းပြီး ကိုဗစ်ရောဂါမဟုတ်တဲ့ တခြားရောဂါတွေကိုလည်း ကျယ်ကျယ်ပြန့်ပြန့် ကုသမှုပေးနိုင်တော့မှာ ဖြစ်ပါတယ်။

ကိုဗစ်ရောဂါကုသပေးဖို့ မြောက်ဥက္ကလာမြို့နယ်က ရွှေလမင်းဆေးရုံ၊ လှိုင်သာယာမြို့နယ်က ပန်းလှိုင်ဆေးရုံ၊ ဗဟန်းမြို့နယ်က SSC ဆေးရုံနဲ့ အလုံမြို့နယ်က အကယ်ဒမီဆေးရုံတို့က ကျန်းမာရေးဝန်ကြီးဌာနထံမှာ လျှောက်ထားတယ်လို့ သိရပါတယ်။

အခုအချိန်မှာတော့ ရန်ကုန်မြို့လှိုင်သာယာမြို့နယ်က ပန်းလှိုင်ဆေးရုံကို အစိုးရက ကိုဗစ်ကုသခွင့်ပေးထားပြီး N Health Myanmar ဓာတ်ခွဲခန်းကို ရောဂါစစ်ဆေးခွင့်ပေးထားတယ်လို့ သိရပါတယ်။

Be the first to comment on "ပုဂ္ဂလိကဆေးရုံတွေမှာ ကိုဗစ်ကုသရင် လူနာတယောက် တရက် ကုန်ကျမယ့် စရိတ် သိရပြီ"

Leave a comment

Your email address will not be published.


*