နောင်ဘဝ အမမောင် လာဖြစ်ပါ မောင်လေးရေဆိုပြီး စိတ် မကောင်းစွာပြောလာတဲ့ ပန်ဆယ်လို

နောင်ဘဝ အမမောင် လာဖြစ်ပါ မောင်လေးရေဆိုပြီး စိတ် မကောင်းစွာပြောလာတဲ့ ပန်ဆယ်လို

ပြီးခဲ့တဲ့ရက် ကရင်နီဘက်က တပ်ရင်းတစ်ခုဆီ အလှူငွေပို့တဲ့ကိစ္စနဲ့ပတ်သက်ပြီး အဲ့က PDF လူငယ်တစ်ယောက်နဲ့ ရင်းနှီးခဲ့တယ်။

တောင်းတဲ့သက်သေအကုန်ပြနိုင်တယ်။ အဖွဲ့အတွက် ပို့ပေးနိုင်ခဲ့တယ်။ ငွေလွှဲတဲ့ကိစ္စ လက်ခံရာမှာ အဖုအထစ်တစ်ခု ဖြစ်သွားလို့

ကိုယ်ကစိတ်ဆိုးတော့ သူ့မှာ ပြာပြာသလဲ ရှင်းပြလိုက်ရတာ။ အမ စိတ်ဆိုးသွားလား၊ စိတ်ဆိုးသွားလားနဲ့။ ကိုယ်ကလည်း ဆူစရာရှိတာဆူ၊ ပို့စရာရှိတာပို့ပေါ့။

အမြဲတမ်းလိုလို အမရေ… ရှေ့တန်း ထွက်ပြီဗျို့၊ အမရေ ပြန်ရောက်ပြီဗျို့နဲ့ အမြဲစာပို့လို့ ဟဲ့… ငါ့ကို အကုန်သံတော်ဦးတင်စရာ မလိုပါဘူးဟဲ့ဆိုပြီး ဟောက်လိုက်မိသေးတာ။

“ထပ်တလွဲမလုပ်နဲ့နော် ကိုယ်တော်”ဆိုရင် “အမမောင်ပါဗျ… _____ ပါ “ ဆိုပြီး တဟဲဟဲနဲ့ ဂုဏ်ဆာသေးတာ။

ပြီးခဲ့တဲ့ရက် ကိုယ်California ခရီးထွက်နေတုန်း ထုံးစံအတိုင်း သူစာတွေပို့နေသေးတာ။ ကိုယ်လည်း သူစာပို့ချိန် အပြင်ရောက်နေလို့ စာမပြန်ဖြစ်လိုက်ဘူး။

ဒီရက်ထဲ စာမပို့တာ ကြာလို့ ကိုယ်က စာတွေပို့တာ Reply မလာဘူး။ သူချိတ်ပေးထားတဲ့ သူငယ်ချင်းဆီ လှမ်းမေးတော့ ဒီကောင်လေး ပြီးခဲ့တဲ့တိုက်ပွဲမှာ ကျသွားပါပြီတဲ့။

မြို့ပေါ်က ပညာတတ်လူငယ်တစ်ယောက် အိပ်မက်တွေကို အကောင်အထည် ဖော်ရမယ့်အရွယ်မှာ ဟို အာဏာရူးတာနဲ့ လက်နက်ကိုင်ခဲ့ရတယ်။ ကျဆုံးခဲ့ရတယ်။

ငါတို့ဘက်က အရင်းအနှီးတွေ အတော်များနေပြီ။ ရင်ထဲမှာ နာနေတယ်။ ပြောစရာစကား မရှိအောင်ပဲ။

နောင်ဘဝ အမမောင် လာဖြစ်ပါ မောင်လေးရေ။ သတ္တိရှိတဲ့ ငါ့မောင်ကိုပဲ မောင်အရင်းဖြစ်စေချင်မိတယ်။ ငါ့မောင် တာဝန်ကျေခဲ့ပြီမို့ လွတ်လပ်ရာမှာ နှောင်ကြိုးကင်းကင်း အနားယူပါတော့။

ငါ့မောင်အတွက် ငါ့မောင်ဖြစ်စေချင်တဲ့ ဟို M A Lကိုသေဖို့ အမဆက်တာဝန်ကျေရမယ် ကတိပေးတယ်။

ငြိမ်းချမ်းရာမှာ နားပါတော့ ငါ့မောင်ရေ။

ပန်ဆယ်လို

———

ေနာင္ဘဝ အမေမာင္ လာျဖစ္ပါ ေမာင္ေလးေရဆိုၿပီး စိတ္ မေကာင္းစြာေျပာလာတဲ့ ပန္ဆယ္လို

ၿပီးခဲ့တဲ့ရက္ ကရင္နီဘက္က တပ္ရင္းတစ္ခုဆီ အလႉေငြပို႔တဲ့ကိစၥနဲ႔ပတ္သက္ၿပီး အဲ့က PDF လူငယ္တစ္ေယာက္နဲ႔ ရင္းႏွီးခဲ့တယ္။

ေတာင္းတဲ့သက္ေသအကုန္ျပႏိုင္တယ္။ အဖြဲ႕အတြက္ ပို႔ေပးႏိုင္ခဲ့တယ္။ ေငြလႊဲတဲ့ကိစၥ လက္ခံရာမွာ အဖုအထစ္တစ္ခု ျဖစ္သြားလို႔

ကိုယ္ကစိတ္ဆိုးေတာ့ သူ႔မွာ ျပာျပာသလဲ ရွင္းျပလိုက္ရတာ။ အမ စိတ္ဆိုးသြားလား၊ စိတ္ဆိုးသြားလားနဲ႔။ ကိုယ္ကလည္း ဆူစရာရွိတာဆူ၊ ပို႔စရာရွိတာပို႔ေပါ့။

အၿမဲတမ္းလိုလို အမေရ… ေရွ႕တန္း ထြက္ၿပီဗ်ိဳ႕၊ အမေရ ျပန္ေရာက္ၿပီဗ်ိဳ႕နဲ႔ အၿမဲစာပို႔လို႔ ဟဲ့… ငါ့ကို အကုန္သံေတာ္ဦးတင္စရာ မလိုပါဘူးဟဲ့ဆိုၿပီး ေဟာက္လိုက္မိေသးတာ။

“ထပ္တလြဲမလုပ္နဲ႔ေနာ္ ကိုယ္ေတာ္”ဆိုရင္ “အမေမာင္ပါဗ်… _____ ပါ “ ဆိုၿပီး တဟဲဟဲနဲ႔ ဂုဏ္ဆာေသးတာ။

ၿပီးခဲ့တဲ့ရက္ ကိုယ္California ခရီးထြက္ေနတုန္း ထုံးစံအတိုင္း သူစာေတြပို႔ေနေသးတာ။ ကိုယ္လည္း သူစာပို႔ခ်ိန္ အျပင္ေရာက္ေနလို႔ စာမျပန္ျဖစ္လိုက္ဘူး။

ဒီရက္ထဲ စာမပို႔တာ ၾကာလို႔ ကိုယ္က စာေတြပို႔တာ Reply မလာဘူး။ သူခ်ိတ္ေပးထားတဲ့ သူငယ္ခ်င္းဆီ လွမ္းေမးေတာ့ ဒီေကာင္ေလး ၿပီးခဲ့တဲ့တိုက္ပြဲမွာ က်သြားပါၿပီတဲ့။

ၿမိဳ႕ေပၚက ပညာတတ္လူငယ္တစ္ေယာက္ အိပ္မက္ေတြကို အေကာင္အထည္ ေဖာ္ရမယ့္အ႐ြယ္မွာ ဟို အာဏာ႐ူးတာနဲ႔ လက္နက္ကိုင္ခဲ့ရတယ္။ က်ဆုံးခဲ့ရတယ္။

ငါတို႔ဘက္က အရင္းအႏွီးေတြ အေတာ္မ်ားေနၿပီ။ ရင္ထဲမွာ နာေနတယ္။ ေျပာစရာစကား မရွိေအာင္ပဲ။

ေနာင္ဘဝ အမေမာင္ လာျဖစ္ပါ ေမာင္ေလးေရ။ သတၱိရွိတဲ့ ငါ့ေမာင္ကိုပဲ ေမာင္အရင္းျဖစ္ေစခ်င္မိတယ္။ ငါ့ေမာင္ တာဝန္ေက်ခဲ့ၿပီမို႔ လြတ္လပ္ရာမွာ ေႏွာင္ႀကိဳးကင္းကင္း အနားယူပါေတာ့။

ငါ့ေမာင္အတြက္ ငါ့ေမာင္ျဖစ္ေစခ်င္တဲ့ ဟို M A Lကိုေသဖို႔ အမဆက္တာဝန္ေက်ရမယ္ ကတိေပးတယ္။
ၿငိမ္းခ်မ္းရာမွာ နားပါေတာ့ ငါ့ေမာင္ေရ။

ပန္ဆယ္လို

Be the first to comment on "နောင်ဘဝ အမမောင် လာဖြစ်ပါ မောင်လေးရေဆိုပြီး စိတ် မကောင်းစွာပြောလာတဲ့ ပန်ဆယ်လို"

Leave a comment

Your email address will not be published.


*