ဖြစ်လာမှ ဘုရားဖူးကားတွေကို ပစ်ပါတယ်ဆိုပြီး ဘာသာရေးနဲ့ လှည့်တိုက်ကြဦးမယ်လို့ PDF တွေက သတိပေးထားတဲ့ကြားထဲက ဘုရားဖူးထွက်နေတဲ့သူတွေကို စေတနာစကားပါးလိုက်တဲ့ ပန်ဆယ်လို
ပုံမှန်အချိန် ဘုရားဖူးထွက်တာ ထွက်ပါ။ သာဓုခေါ်ပါတယ်။
ခေတ်ပျက်ကြီးထဲ တအုံးအုံးတဒိုင်းဒိုင်းတွေကြား ဘုရားဖူးထွက်နေတဲ့သူတွေကို မေးဦးမယ်။ အိမ်ကဘုရားတွေက ဘုရားမဟုတ်ကြလို့လား။
PDF တွေက သတိပေးထားတဲ့ကြားထဲက ဘုရားဖူးတွေထွက်ကြတယ်နော်။ အခုဆို ဘုရားဖူးကားတွေနဲ့ ဟိုကောင်တွေက စစ်ကြောင်းချီနေပြီ။
လုပ်ထည့်လိုက်ပြန်ရင်လည်း PDFတွေက ဘုရားဖူးကားတွေကို ပစ်ပါတယ်ဆိုပြီး ဘာသာရေးနဲ့ လှည့်တိုက်ကြဦးမှာ။
နောက်ဆို မလွှဲသာရင် ဟိုက သမတော့မှာ။ ရောထိမှ ဘုရားဖြစ်မယ့်အုတ်နီခဲကြီးများ သာဓုခေါ်ရင်း ပါသွားကြပေတော့ပဲ။
အခြေအနေမသိ၊ အချိန်အခါမသိတဲ့ဟာတွေ
ပန်ဆယ်လို
———-
ကျွန်တော် ဟိုတစ်ရက်ကရေးခဲ့ပြီးပြီ၊ဘုရားဖူးခရီးစဉ် ဒီလပိုင်းတွေအတွင်းခဏရပ်ဆိုင်းပေးထားဖို့ PDF တိုက်တွန်းကြောင်း ဆိုတာ။
ထပ်မံပြီးတော့ ကျွန်တော်တို့ပြည်သူတွေမနစ်နာရအောင် မအလအုပ်စုရဲ့ လှည့်ကွက်တွေနောက် မလိုက်ပါမိပါစေနဲ့ ကျေးဇူးပြု၍ ဘုရားဖူးခရီးစဉ်များရပ်ဆိုင်းထားပေးကြပါခင်ဗျား🙏
အထူးသဖြင့် ထိတွေ့မှုပြင်းထန်နေတဲ့မြန်မာပြည်အထက်ပိုင်းကို အကြောင်းကြီးငယ်မှအပ ခရီးမထွက်ပါနဲ့ ကိုယ်အသက်ကို ကိုယ် ညဏ်စောင့်ပါ။
ကိုယ်ကြောင့် တော်လှန်ရေးသမားများမထိခိုက်ပါစေနှင့် နားလည်လက်ခံပေးကြပါဗျာ။
⚡ဒီဓါတ်ပုံက လက်ရှိဖြစ်နေတဲ့အခြေအနေပါ။
Simon
Zawgyi
ပန်ဆယ်လို
———-
Simon
Be the first to comment on "ဖြစ်လာမှ ဘုရားဖူးကားတွေကို ပစ်ပါတယ်ဆိုပြီး ဘာသာရေးနဲ့ လှည့်တိုက်ကြဦးမယ်လို့ PDF တွေက သတိပေးထားတဲ့ကြားက ဘုရားဖူးထွက်နေတဲ့သူတွေကို စေတနာစကားပါးလိုက်တဲ့ ပန်ဆယ်လို"