ပန်ဆယ်လိုပြောပြလာတဲ့ စစ်ဘေးဒဏ် ခံစားနေရတဲ့ မြန်မာပြည်သူတွေအတွက် Campaign လေးတစ်ခု ပြုလုပ်မယ့်အကြောင်း

စစ်ဘေးဒဏ် ခံစားနေရတဲ့ မြန်မာပြည်သူတွေအတွက် Campaign လေးတစ်ခု ပြုလုပ်မယ့်အကြောင်း ပန်ဆယ်လိုပြော

စစ်ဘေးဒဏ် ခံစားနေရတဲ့ မြန်မာပြည်သူတွေအတွက် စာနာမှုကို ပြသတဲ့ Campaign လေးတစ်ခု လာမယ့်(၁၃)ရက်နေ့မှာ ပြုလုပ်ဖို့ရှိပါတယ်။

NUGရဲ့ လူသားချင်းစာနာရေးနဲ့ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေး ဝန်ကြီးဌာနက ဦးဆောင်ပြုလုပ်မယ့် Campaign ပါ။

အခု ကျွန်မတို့ တိုင်းပြည်ဟာ သဘာဝဘေး ကပ်ရောဂါဘေးတွေ သာမက စစ်အာဏာသိမ်းမှုကြောင့် ဖြစ်လာတဲ့ လူကြောင့် ဖြစ်တဲ့ဘေးဒဏ်ကိုပါ ဆိုးဆိုးရွားရွား ခံစားနေကြရပါတယ်။

အဲဒါကြောင့် စစ်ဘေးဒဏ်ခံစားနေရတဲ့ မြန်မာပြည်အနှံ့က တိုင်းရင်းသားပြည်သူတွေနဲ့ တစ်သားတည်းအတူ ခံစားနေရကြောင်း နဲ့ အာဏာရှင်စနစ် ချုပ်ငြိမ်းဖို့၊

ဘေးသင့်ပြည်သူတွေကို ကူညီစောင့်ရှာက်ဖို့အတွက် ပြည်သူအားလုံးက အတူကြိုးစားနေကြောင်း ပြဖို့ ကမ်ပိန်းတစ်ခုကို

အပြည်ပြည်ဆိုင်ရာ ဘေးအန္တရာယ် ထိခိုက်ဆုံးရှုံးနိုင်ခြေလျှော့ချရေးနေ့ ဖြစ်တဲ့ အောက်တိုဘာလ ၁၃ရက်နေ့မှာ လုပ်ချင်ပါတယ်။

အောက်တိုဘာ ၁၃ရက်နေ့ (ဗုဒ္ဓဟူးနေ့)မှာ ကိုယ့်မှာရှိတဲ့ တိုင်းရင်းသား ဝတ်စုံကို ဝတ်မယ်၊ ပြီးရင် လူသားချင်း စာနာမှု ကို ပြသတဲ့ အဓိပ္ပါယ် နဲ့ ညာဘက်လက်ကို ဘယ်ဘက် နှလုံးသားပေါ် တင်၊

တော်လှန်ရေး သင်္ကေတ လက်၃ချောင်းထောင် ဓာတ်ပုံရိုက်ပြီး ကိုယ့်ရဲ့ ဆိုရှယ်မီဒီယာတွေမှာ မျှဝေရင်း ဒီ ကမ်ပိန်းမှာ ပါဝင်ပေးနိုင်ပါတယ်။

ကိုယ့်ရဲ့ တိုင်းရင်းသားဝတ်စုံက ကိုယ်စားပြုလူမျိုးက ဘာလဲ၊ အဲဒီဒေသတွေမှာ ရှိတဲ့ စစ်ဘေးရှောင် ပြည်သူတွေနဲ့ အတူတကွ ရှိနေပြီး စာနာထောက်ထား အားပေး ကူညီတာတွေ လုပ်နေပါတယ် စတဲ့ နှစ်သက်ရာ caption နဲ့

#OnlyTogether #DRRDay2021Myanmar #StopManmadeDisasterinMyanmar ဆိုတဲ့ hashtag စာသားလေးတွေကို တွဲတင်ပေးပြီး ဒီကမ်ပိန်းမှာ အားလုံး ပါဝင်ပေးကြဖို့ တိုက်တွန်းပါတယ်။

Only together, Can we save the planet!
Only together, Can we win the democracy!

(ဒီမှာက တိုင်းရင်းသားဝတ်စုံ လတ်တလောရှာမရလို့ ရှိတာနဲ့ အရင်နမူနာ ရိုက်ပြတာပါ။ ၁၃ ရက်နေ့ကျ အတူပါဝင်ကြရအောင်ပါ) ဆိုပြီးရေးထားတာ တွေ့ရပါတယ်။

ပန်ဆယ်လို

———

စစ္ေဘးဒဏ္ ခံစားေနရတဲ့ ျမန္မာျပည္သူေတြအတြက္ Campaign ေလးတစ္ခု ျပဳလုပ္မယ့္အေၾကာင္း ပန္ဆယ္လိုေျပာ

စစ္ေဘးဒဏ္ ခံစားေနရတဲ့ ျမန္မာျပည္သူေတြအတြက္ စာနာမႈကို ျပသတဲ့ Campaign ေလးတစ္ခု လာမယ့္(၁၃)ရက္ေန႔မွာ ျပဳလုပ္ဖို႔ရွိပါတယ္။

NUGရဲ႕ လူသားခ်င္းစာနာေရးနဲ႔ ေဘးအႏၲရာယ္ဆိုင္ရာ စီမံခန္႔ခြဲေရး ဝန္ႀကီးဌာနက ဦးေဆာင္ျပဳလုပ္မယ့္ Campaign ပါ။

အခု ကြၽန္မတို႔ တိုင္းျပည္ဟာ သဘာဝေဘး ကပ္ေရာဂါေဘးေတြ သာမက စစ္အာဏာသိမ္းမႈေၾကာင့္ ျဖစ္လာတဲ့ လူေၾကာင့္ ျဖစ္တဲ့ေဘးဒဏ္ကိုပါ ဆိုးဆိုး႐ြား႐ြား ခံစားေနၾကရပါတယ္။

အဲဒါေၾကာင့္ စစ္ေဘးဒဏ္ခံစားေနရတဲ့ ျမန္မာျပည္အႏွံ႔က တိုင္းရင္းသားျပည္သူေတြနဲ႔ တစ္သားတည္းအတူ ခံစားေနရေၾကာင္း နဲ႔ အာဏာရွင္စနစ္ ခ်ဳပ္ၿငိမ္းဖို႔၊

ေဘးသင့္ျပည္သူေတြကို ကူညီေစာင့္ရွာက္ဖို႔အတြက္ ျပည္သူအားလုံးက အတူႀကိဳးစားေနေၾကာင္း ျပဖို႔ ကမ္ပိန္းတစ္ခုကို

အျပည္ျပည္ဆိုင္ရာ ေဘးအႏၲရာယ္ ထိခိုက္ဆုံးရႈံးႏိုင္ေျခေလွ်ာ့ခ်ေရးေန႔ ျဖစ္တဲ့ ေအာက္တိုဘာလ ၁၃ရက္ေန႔မွာ လုပ္ခ်င္ပါတယ္။

ေအာက္တိုဘာ ၁၃ရက္ေန႔ (ဗုဒၶဟူးေန႔)မွာ ကိုယ့္မွာရွိတဲ့ တိုင္းရင္းသား ဝတ္စုံကို ဝတ္မယ္၊ ၿပီးရင္ လူသားခ်င္း စာနာမႈ ကို ျပသတဲ့ အဓိပၸါယ္ နဲ႔ ညာဘက္လက္ကို ဘယ္ဘက္ ႏွလုံးသားေပၚ တင္၊

ေတာ္လွန္ေရး သေကၤတ လက္၃ေခ်ာင္းေထာင္ ဓာတ္ပုံ႐ိုက္ၿပီး ကိုယ့္ရဲ႕ ဆိုရွယ္မီဒီယာေတြမွာ မွ်ေဝရင္း ဒီ ကမ္ပိန္းမွာ ပါဝင္ေပးႏိုင္ပါတယ္။

ကိုယ့္ရဲ႕ တိုင္းရင္းသားဝတ္စုံက ကိုယ္စားျပဳလူမ်ိဳးက ဘာလဲ၊ အဲဒီေဒသေတြမွာ ရွိတဲ့ စစ္ေဘးေရွာင္ ျပည္သူေတြနဲ႔ အတူတကြ ရွိေနၿပီး စာနာေထာက္ထား အားေပး ကူညီတာေတြ လုပ္ေနပါတယ္ စတဲ့ ႏွစ္သက္ရာ caption နဲ႔

#OnlyTogether #DRRDay2021Myanmar #StopManmadeDisasterinMyanmar ဆိုတဲ့ hashtag စာသားေလးေတြကို တြဲတင္ေပးၿပီး ဒီကမ္ပိန္းမွာ အားလုံး ပါဝင္ေပးၾကဖို႔ တိုက္တြန္းပါတယ္။

Only together, Can we save the planet!
Only together, Can we win the democracy!

(ဒီမွာက တိုင္းရင္းသားဝတ္စုံ လတ္တေလာရွာမရလို႔ ရွိတာနဲ႔ အရင္နမူနာ ႐ိုက္ျပတာပါ။ ၁၃ ရက္ေန႔က် အတူပါဝင္ၾကရေအာင္ပါ) ဆိုၿပီးေရးထားတာ ေတြ႕ရပါတယ္။

ပန္ဆယ္လို

Be the first to comment on "ပန်ဆယ်လိုပြောပြလာတဲ့ စစ်ဘေးဒဏ် ခံစားနေရတဲ့ မြန်မာပြည်သူတွေအတွက် Campaign လေးတစ်ခု ပြုလုပ်မယ့်အကြောင်း"

Leave a comment

Your email address will not be published.


*