တပ်ပျက်တော့မယ့်အရေး အငြိမ်းစားအရာရှိကြီးတွေ တွေးပူနေကြပြီ

စစ်တပ်တစ်ခုလုံး ပြိုလဲတော့မယ့်အရေးကို မင်းအောင်လှိုင်ရဲ့စီနီယာ အငြိမ်းစား အရာရှိ ကြီးတွေက တွေးပူနေကြပြီလို့ သိရပါတယ်။

အကြမ်းဖက်စစ်အုပ်စုခေါင်းဆောင်မင်းအောင်လှိုင်အနေနဲ့ နိုင်ငံတကာဖိအားတွေကို အဆိုးဆုံးကြုံတွေ့ နေရပြီဖြစ်ပေမဲ့ သူသွားလိုတဲ့လမ်းကြောင်းကိုသာ အလျှော့မပေးစတမ်းသွားနေသလို ပြည်သူ့ရင်ခွင် ဝင်ရောက်လာတဲ့ စစ်သားတွေ ဆက်ရှိနေခြင်းက မင်းအောင်လှိုင်ကို ခေါင်းမီးတောက်စေတယ်လို့ ရန်ကုန်မြိုံ၊အင်းစိန်နေ အငြိမ်းစားအရာရှိကြီးတစ်ဦးက ပြေဆိုကြောင်း Delta News သတင်းမှာ ဖော်ပြထားချက်အရ သိရပါတယ်။

‘အပြင်ဖိအားတွေကလည်း ကြီးတယ်။နိုင်ငံတကာမှာတင်မကဘူး၊ဒေသတွင်းမှာပါ မင်းအောင်လှိုင်ရဲ့ သံခင်းတမန်ခင်းပြိုကျသွားခဲ့ပြီ။ဒါပေမဲ့၊သူဂရုမစိုက်ဘူး။အခုသူရင်ဆိုင်နေတဲ့ စစ်တပ်ထဲကအတွင်းဖိ အားကိုတော့ သူကြောက်တယ်ထင်တယ်။

ဟိုတပ်သွားလိုက်ဒီတပ်သွားလိုက်နဲ့ တောင်ပြောမြောက် ပြောလုပ်လိုက်နဲ့ အန်ကယ်တို့က မင်းအောင်လှိုင်သိပ်မကြာတော့ဘူးထင်တယ်။အန်ကယ်တို့က မင်းအောင်လှိုင်နဲ့အတူ ဝရုန်းသုန်းကားတပ်ပျက်မှာ မဖြစ်စေချင်လို့တွေးပူနေကြတယ်’လို့ သူကပြောပါတယ်။

အခုရက်ပိုင်းအတွင်း အကြမ်းဖက်စစ်အုပ်စုရဲ့ အနောက်မြောက်တိုင်းစစ်ဌာနချုပ် ဒုတိုင်းမှူး ဗိုလ်မှူးချုပ် မျိုးထွဋ်လှိုင်ရဲ့ ကိုယ်ရေးအရာရှိနဲ့ ကားသမားတို့ CDMပြုလုပ်ကာ ထွက်ပြေးသွားခြင်းက စစ်တပ်တွင်း ရိုက်ခတ်မှုကြီးစေတယ်လို့ အငြိမ်းစားအရာရှိကြီးကဆိုပါတယ်။

‘စဉ်းစားကြည့်လေ၊ဒုတိုင်းမှူးရဲ့ကိုယ်ရေးအရာရှိဆိုတာ စစ်တပ်ထဲအာဏာလည်းရှိပြီး ရှေ့တန်းတွေဘာ တွေလည်းဒုက္ခခံထွက်ရတာမဟုတ်ဘူး။ဒီလိုကောင်တောင် လစ်ပြီဆိုတော့ ကျန်တဲ့သူတွေလည်း စဉ်းစားကြပြီပေါ့’လို့ သူကဆက်ပြောပါတယ်။

လက်ရှိမှာ ပြည်သူ့ရင်ခွင်ဝင်လာတဲ့စစ်တပ်နဲ့ရဲ ၃၅၀၀အထက်ရှိပြီး နောက်ထပ်ပြည်သူ့ရင်ခွင်ဝင်ကြ မယ့် စစ်သားတွေ များစွာရှိတယ်လို့ CDM ဗိုလ်ကြီးတွေက DVB ရဲ့ ပြည်သူ့စစ်သားပြောစကားအစီအ စဉ်မှာပြောကြားခဲ့ပါတယ်။

စစ်ကိုင်းတိုင်း၊ မုံရွာမြို့ အခြေစိုက် အနောက်မြောက်တိုင်း စစ်ဌာနချုပ် (နမခ) တိုင်းမှူး၊ ဗိုလ်မှူးချုပ် ဖြိုးသန့်သည် အာဏာ ဖီဆန်ရေး လှုပ်ရှားမှု (CDM) လုပ်ကာ ပြည်သူ့ရင်ခွင် ခိုရန်အတွက် တာဝန်ခံမည့် လူတချို့နှင့် ဆက်သွယ်ညှိ နှိုင်းမှုများ ပြုလုပ်နေစဉ် ဖမ်းဆီး ထိန်းသိမ်းခံခဲ့ရပါသေးတယ်။

သူသည် စစ်ကောင်စီ၏ ဖမ်းဆီးထိန်းသိမ်းမှု မခံရခင်က NUG နှင့် နီးစပ်သူများမှတဆင့် မြန်မာနိုင်ငံ မြောက်ပိုင်းရှိ လက်နက်ကိုင်အဖွဲ့ တဖွဲ့ထံသို့ လက်နက်ချ ခိုဝင်ရန်လည်း ဆက်သွယ်ခဲ့ကြောင်း သိရသည်။

မင်းအောင်လှိုင်နဲ့ စစ်အုပ်စုတပ်ရဲ့ ဒုတိယဗိုလ်ချုပ်ကြီးတွေဟာ အရင့်အရင်ကလုပ်လေ့မရှိတဲ့ စစ်တပ် တွေထဲ လှည့်လည် စည်းရုံးဟောပြောတာကို အခုနောက်ပိုင်းခပ်စိပ်စိပ်လုပ်လာပါတယ်။

‘အဲဒါက တပ်တွင်းအခြေအနေမကောင်းမှန်းသူတို့ကိုယ်တိုင်သိနေလို့ ဆွယ်တရားလိုက်ဟောနေတာ’လို့ အငြိမ်းစားအရာရှိကဆက်ပြောပါတယ်။

ရန်ကုန်အခြေစိုက်နိုင်ငံရေးလေ့လာသုံးသပ်သူတစ်ဦးက အကြမ်းဖက်စစ်ခေါင်းဆောင်တွေဟာ တစ်ဖက် ပိတ်အသိဉာဏ်နည်းသူတွေဖြစ်လို့ လက်ရှိကြုံတွေ့နေရတဲ့ နိုင်ငံတကာဖိအားတွေကို ဂရုစိုက်မှာမဟုတ်သလို နိုင်ငံတကာဖိအားဟာ အပြောင်းအလဲဖြစ်ဖို့ ပဓာနကျတဲ့ တွန်းအားလည်းမဟုတ်ဘူးလို့ဆိုပါ တယ်။

‘စစ်တပ်ထဲက အတွင်းပိုင်းဖိအားက ပိုပြီး အပြောင်းအလဲဖြစ်ဖို့ တွန်းအားဖြစ်လိမ့်မယ်ထင်တယ်’လို့ သူက ကောက်ချက်ချပါတယ်။

ပြီးခဲ့သည့် အောက်တိုဘာ ၅ ရက်နေ့တွင် ရဲချုပ်ရုံးအတွင်းပေါက်ကွဲမှုဖြစ်ပွားခဲ့မှုကြောင့် CID လက်နက်စစ်ဆေးမှုပါရဂူ ဒုရဲမှူးကြီးသန်းဇော်နှင့် ရဲတပ်ဖွဲ့ဝင် ၃ ဦးပြင်းထန်ဒဏ်ရာရရှိခဲ့ပြီး ဒု-ရဲမှူးကြီး သန်းဇော်၏ ခြေထောက်တဖက်ဖြတ်လိုက် ရကာ နောက်တဖက်လည်း ဖြတ်ရနိုင်ဖွယ်ရှိ ကြောင်း MPA သတင်းမှာ ဖော်ပြထားချက်အရ သိရပါတယ်။

စစ်ကောင်စီရုံးစိုက်ရာ နေပြည်တော်အတွင်း ကကဝယ်(စစ်ရုံး)နှင့် ရဲတပ်ဖွဲ့ဌာနချုပ်ရုံး အတွင်း ပေါက်ကွဲမှုများဖြစ်ပွားခဲ့ပြီးနောက် ပြည်ထဲရေး ရုံးအပါအဝင် ရဲချုပ်ရုံး၊ စစ်ရုံးများ၏ အဝင်အထွက်စစ်ဆေးမှုများ နှစ်ဆတင်းကြပ်ထားကြောင်း နေပြည်တော်ရဲတပ်ဖွဲ့ အသိုင်းအဝိုင်းထံကသိရသည်။

အဆိုပါရုံးများသို့ ရုံးတက်ရောက်မည့် ရဲများအ နေဖြင့် ၎င်းတို့၏ စိစစ်ရေးကတ်များ စစ်ဆေးခံရခြင်း အပါအဝင် Metal Detector(သတ္ထုရှာဖွေစက်) ဖြင့် Body Search (ခန္ဓာကိုယ်ရှာဖွေခံရခြင်း)အပြင် ၎င်းတို့၏ ထမင်းချိုင့််များပါ ရှာဖွေ စစ်ဆေးခံရကြောင်း သိရသည်။

Be the first to comment on "တပ်ပျက်တော့မယ့်အရေး အငြိမ်းစားအရာရှိကြီးတွေ တွေးပူနေကြပြီ"

Leave a comment

Your email address will not be published.


*