မြန်မာဘုရင်ထံတွင် ပထမဆုံး အမှုတော်ထမ်း ခဲ့သူ ဖြစ်နိုင်သည့် အင်္ဂလိပ်လူမျိုးတစ်ဦးရဲ့ အကြောင်း

၁၇၆၀ ခု။မြန်မာဘုရင်ထံတွင် ပထမဆုံး အမှုတော်ထမ်း ခဲ့သူ ဖြစ်နိုင်သည့် အင်္ဂလိပ်လူမျိုးတစ်ဦး ၏ အကြောင်း

ဂျော့ရော်ဂျာစ်သည် မြန်မာဘုရင်ထံ ပထမဆုံးအမှုထမ်း ခဲ့သော အင်္ဂလိပ်လူမျိုး ဖြစ်နိုင်သည်။သူသည် ၁၇၆၀ ခုနစ်ပတ်ဝန် းကျင်က အင်္ဂလန်နိုင်ငံ တွင် မွေးဖွားခဲ့ပြီး ၁၇၈၀ ပြည့်နှစ်အစောပိုင်းတွင် ဗြိတိသျှ အရှေ့အိန္ဒိယကုမ္ပဏီတွင် ရေတပ်အရာရှိအဖြစ် တာဝန်ထမ်းဆောင်ခဲ့သည်။

သူ၏အဆိုအရ ကာလကတ္တားမြို့အနီးတွင် အထက် အရာရှိ တစ်ဦးနှင့် ခိုက်ရန်ဖြစ်ပွားခဲ့သည်။ ထိုသူအား သတ်မိပြီဟု အထင်နှင့် စစ်တကောင်းသို့ထွက်ပြေးကာ ထိုမှတဆင့် ရခိုင်ပြည်သို့ ခရီးဆက်ပြီး အမရပူရသို့ ရောက်ရှိလာခဲ့သည်။

သူသည် ကျန်ရှိသော ဘဝသက်တမ်းတစ်လျှောက် မြန်မာပြည်ကို မစွန့်ခွာသွားတော့ဘဲ ဘိုးတော်ဘုရား နှင့် ဘကြီးတော်မင်းတို့ထံတွင် တာဝန်အမျိုးမျိုးဖြင့် အမှု ထမ်းခဲ့သည်။

ထိုခေတ်ကာလက လာရောက်သည့် ဗြိတိသျှသံအဖွဲ့များက သူ့ကိုကောင်းစွာ သိရှိခဲ့ကြပြီး မျက်လုံးပြာပြာ၊ လူကောင်ထွားထွားနှင့် အဝတ်အစား၊ အပြုအမူတို့တွင် မြန်မာစင်စစ် ဖြစ်နေသူ၊ မြန်မာစကား ကို ရေလည်စွာ ပြောဆိုသူ ဟု ဖော်ပြကြသည်။

ရော်ဂျာစ်သည် ဧရာ၀တီမြစ်ကြောင်းတစ်လျှောက် သူပုန်များကို နှိမ်နင်းသည့် စစ်ဆင်ရေးများတွင်လည်း ဦးဆောင်ခဲ့စဉ်က မစ္စတာရော်ဂျားမှာ ငယ်စဉ်အချိန်က ထက်မြက်ပြီး အရည်အချင်းရှိသဖြင့် ဘုရင်ကြီး သည် သူ့အား နှစ်သက်အားကိုးမှုရှိခဲ့သည့်အတွက် ထိုအချိန် က အမရပူရမှ ရန်ကုန်အထိ ဧရာဝတီမြစ်တလျှောက် တွင် ဂိုဏ်းဖွဲ့၍ ဓါးပြတိုက်မှုများအလွန်များပြားနေသည်။

ထို့ကြောင့် ဒေသဆိုင်ရာ ကုန်သွယ်မှု ရပ်ဆိုင်းလုနီးပါး အခြေအနေဖြစ်ပေါ်ခဲ့သည်။ဘုရင့်မြို့တော်ဖြစ်သော အမရပူရ သို့ပင် အောက်အရပ်ဒေသမှ ဆန်စပါးနှင့် အခြား သီးနှံများ မပို့နိုင်သဖြင့် ရိက္ခာပြတ်လပ်မည့် အနေအထား သို့ ရောက်ရှိခဲ့သည်။

အချို့စီရင်စုများ၏မြို့ဝန်များက မိမိတို့အနေဖြင့်… ဤအတင့်ရဲလှသော ဓါးပြဂိုဏ်းများကိုမနှိမ်နင်းနိုင်တော့ ကြောင်းတင်ပြကြပြီး လူဆိုးဂိုဏ်းများ၏ အကြမ်းဖက် မှုများသည် လူနေထူထပ်သော မြို့ပေါ်အထိရောက်ရှိလို့့ လာခဲ့သည်။

ဘုရင်ကြီးသည် မစ္စတာရော်ဂျားအပေါ်၌ ယုံကြည်မှု အပြည့်အဝ ရှိနေခဲ့သဖြင့် ဧရာဝတီမြစ်စဉ်မှ ရေကြောင်း ဗိုလ်ချုပ်ရာထူးပေး၍ လုပ်ပိုင်ခွင့်အာဏာကိုလည်း အကန့် အသတ် မရှိ အပ်နှင်းခဲ့လေသည်။

မစ္စတာရောဂျားသည် ဘုရင့်တပ်မတော်မှ အရဲရင့် ဆုံး စစ်သည်များကိုရွေးချယ်၍ သီးခြားတပ်ဖွဲ့တစ်ခုကို ဖွဲ့စည်းခဲ့သည်။ထိုတပ်ဖွဲ့အား ဓါးပြဂိုဏ်းများနှင့် ရင်ဆိုင် ကြရာတွင် လုပ်ပိုင်ခွင့်အပြည့်အဝ ပေးခဲ့သည်။ ဒေသခံ ပြည်သူများကလည်း သတင်းပေးမှုများကို ကောင်းမွန် စွာ ပြုလုပ်ကြသဖြင့် အောင်မြင်မှုမှာ သိသိသာသာ ရရှိ လေခဲ့သည်။

ထိုဓါးပြလူဆိုးဂိုဏ်းများကို နှိမ်နင်းရာတွင် အသက်ရှင် လျှက် ဖမ်းမိသော တရားခံများအား သစ်ပင်နှင့် ကပ်၍ ကြိုးဖြင့်တုပ်သည်။သူတို့၏ ခန္ဓာကိုယ်ပေါ်၌ နွားသိုး၏ မျက်လုံးပုံကို ရေးဆွဲကာ တပ်သားများကို စက်ပစ်ကွင်း တွင် လေ့ကျင့်သကဲ့သို့ သေနတ်ပစ်လေ့ကျင့်စေသည်။

ဤလုပ်ရပ်မှာ ယဉ်ကျေးသော ကမ္ဘာတွင် လက်မခံနိုင် စရာ ကိစ္စဖြစ်သော်လည်း လက်တွေ့တွင် အလွန်ပင် အောင်မြင်ခဲ့လေသည်။နောက်လ အနည်းငယ်အကြာ တွင် ဓါးပြများ ကင်းရှင်းသွားပြီး မြစ်ကြောင်းလမ်းကို ပြန်လည်ဖွင့်လှစ်နိုင်ခဲ့လေသည်။

မစ္စတာရော်ဂျားမှာ ၁၈၀၀ ပြည့်နှစ် အစောပိုင်းက ရန်ကုန်တွင် အကောက်ဝန်မှူးအဖြစ်ကို တာဝန်ယူ ထမ်းဆောင်ခဲ့သည်။မြန်မာဘုရင်များနှင့်ဝန်ကြီးများ အတွက် စကားပြန်အဖြစ်လဲဆောင်ရွက်ခဲ့ပါသေးသည်။

ပြည်မင်းသားနှင့် တောင်ငူမင်းသားတို့ ပုန်ကန်ကြသည့် အရေးကိစ္စတွင် မစ္စတာရော်ဂျားသည်ပုန်ကန်သူများနှင့် ပူးပေါင်းသည်ဟု စွပ်စွဲခံရပြီး အသက်ဘေးမှတိမ်းရှောင် နေခဲ့ရကာ နောက်ပိုင်းမှ မိဖုရားကြီး၏ အဆက်အသွယ် အကူအညီဖြင့် နန်းမြို့ မှ လွှတ်တော်အတွင်း ပြန်လည် ဝင်ရောက်ခွင့်ရရှိခဲ့သည်။

သူ့အား ထပ်မံ စုံစမ်း မေးမြန်း ခြင်း မပြုခဲ့တော့သော်လည်း ယခင်လို ယုံကြည်မှု မရှိ တော့သဖြင့် မူလ အကောက်ဝန်ရာထူးကိုလည်း ပြန်ပြီး ဘယ်သောအခါမျှ မရပါတော့ချေ။

ရော်ဂျာစ်သည် မက္ခရာမင်းသားကြီးကို အင်္ဂလိပ်စာ သင်ပေးခဲ့သေးသည်။ မင်းသားကြီးသည် မြန်မာ တော်ဝင်မိသားစုထဲတွင် ပထမဆုံး အင်္ဂလိပ်ဘာသာကို ဖတ်နိုင်သူဖြစ်ပြီး သိပ္ပံဘာသာရပ် မှ အကြောင်းအရာ များစွာနှင့် အင်္ဂလိပ် စွယ်စုံကျမ်းထဲမှ ကောက်နှုတ်ချက်များ ကို ဘာသာပြန်ဆိုခဲ့သည်။

နိုင်ငံခြားသား ဖြစ်သည့်အလျှောက် မြန်မာနေပြည်တော် အတွင်း သူ၏အနေအထားမှာ မတည်မြဲလှပဲ မကြာ ခဏ နိမ့်တုန်မြင့်တုန် ဖြစ်ခဲ့သည်။စိတ်ဝင်စားစရာ ကောင်းသည်မှာ သူသတ်မိသည် ဟု ထင်ခဲ့သော ရေတပ်အထက်အရာရှိမှာ အသက် ရှင်ခဲ့ လေသည်။ရော်ဂျာစ်ကမူ ဤသည်ကိုမသိသောကြောင့် ဗြိတိသျှပိုင်နက်ထဲသို့ သွားရောက်လျှင် သေဒဏ်ပေး ခံရနိုင်သည်ဟု တစ်သက်လုံး ယုံကြည်ခဲ့သည်။

ရော်ဂျာစ်သည် ပေါ်တူဂီ-မြန်မာ သွေးနှော အမျိုးသမီး တစ်ဦးနှင့် အိမ်ထောင်ပြုခဲ့ပြီး သားတစ်ဦး ထွန်းကားခဲ့ ပါသည်။ သူ၏ မျိုးဆက်များသည် မြန်မာပြည်အတွင်း ဆက်လက် နေထိုင်ခဲ့ကြပြီး ၁၉၄၈ ခုနစ်မှသာ အများစု သို့မဟုတ် အားလုံးက မြန်မာပြည်ကို စွန့်ခွာသွားခဲ့ကြ ပါသည်။

ပုံမှာ ဂျော့ရော်ဂျာစ်၏မျိုးဆက်တစ်ဦး ဖြစ်သူ ဂျိုစဖင်း ရော်ဂျာစ် ကို ၁၉၂၇ ခုနစ်က ရိုက်ကူးခဲ့ သော ဓါတ်ပုံပဲ ဖြစ်ပါသည်။ ဓါတ်ပုံပေးပို့ပေးသည့် ဂျော့ရော်ဂျာစ်၏ မျိုးဆက်တစ်ဦး ဖြစ်သူ မစ္စတာဝီလ်ရုမ်းကို ကျေးဇူးတင် ရှိပါသည်။

Credit : Thaw Zin Aung

Be the first to comment on "မြန်မာဘုရင်ထံတွင် ပထမဆုံး အမှုတော်ထမ်း ခဲ့သူ ဖြစ်နိုင်သည့် အင်္ဂလိပ်လူမျိုးတစ်ဦးရဲ့ အကြောင်း"

Leave a comment

Your email address will not be published.


*