ကမာ႐ြတ္ၿမိဳ႕နယ္ ျပည္လမ္း ေျမေအာက္လမ္းကူး လူသြားဥမင္ တည္ေဆာက္ေရးလုပ္ငန္းမွ ေျမေအာက္လုပ္ငန္းမ်ား ၈၅ ရာခိုင္ႏႈန္းခန႔္ၿပီးစီး
ရန္ကုန္ၿမိဳ႕ ကမာ႐ြတ္ၿမိဳ႕နယ္ ရန္ကုန္ပညာေရးတကၠသိုလ္အနီး ျပည္လမ္း ေအာက္တြင္ တည္ေဆာက္လ်က္ရွိေသာ ေျမေအာက္လမ္းကူး လူသြားဥမင္ တည္ေဆာက္ေရး လုပ္ငန္း၌ ယခုအခါ ေျမေအာက္လုပ္ငန္းမ်ား ၈၅ ရာခိုင္ ႏႈန္းခန႔္ ၿပီးစီးၿပီျဖစ္ေၾကာင္း ဥမင္တည္ေဆာက္ေရးလုပ္ငန္းခြင္မွ သိရသည္။
ႏိုင္ငံတကာအဆင့္မီေဈးဆိုင္ခန္းမ်ားပါဝင္ေသာ ျပည္လမ္းမ ေျမေအာက္ လမ္းကူး လူသြားဥမင္ တည္ေဆာက္ျခင္းလုပ္ငန္းမ်ားကို ၂၀၂၀ ျပည့္ႏွစ္ ေဖေဖာ္ဝါရီလတြင္ စတင္ခဲ့ၿပီး ယခုအခါ Junction Square ဘက္ရွိ အတက္ စက္ေလွကား မုခ္ဦးတစ္ေပါက္မွာ ေဆာက္လုပ္ဆဲျဖစ္၍ က်န္အပိုင္းမ်ားမွာ အေခ်ာသပ္လုပ္ငန္းမ်ား စတင္ ေဆာင္႐ြက္လ်က္ရွိေၾကာင္း သိရသည္။
“ဒီေနရာကို လုပ္ရတဲ့အေၾကာင္း ရင္းက ပညာေရးတကၠသိုလ္ ေလ့က်င့္ ေရး အထက္တန္းေက်ာင္းရွိတယ္။ Junction Square ကို သြားတဲ့သူေတြ ရွိတယ္။ အဲဒီလူေတြအတြက္က လမ္းကူးတဲ့ေနရာမွာ အခက္အခဲ ရွိတယ္။ ေန႔တိုင္း ယာဥ္ထိန္းရဲက ရွင္းေပးေနရေတာ့ ဒါေတြကင္းလြတ္ သြားေအာင္ ကြၽန္ေတာ္တို႔ လုပ္ေပး တာပါ။ ႏိုင္ငံတကာအဆင့္မီလုပ္တဲ့ အခါမွာ ေအာက္ကလူကူးတံတားမွာ စားေသာက္ဆိုင္ အေသးေလးေတြ လုပ္ေပးမွာပါ” ဟု ကမာ႐ြတ္ၿမိဳ႕နယ္ မဲဆႏၵနယ္အမွတ္(၁) ရန္ကုန္တိုင္း ေဒသႀကီး လႊတ္ေတာ္ကိုယ္စားလွယ္ ဦးတင္ဝင္းက ေျပာၾကားသည္။
ေျမေအာက္ လမ္းကူးလူသြား ဥမင္ကို သံကူကြန္ကရစ္အမ်ိဳးအစား ျဖင့္ တည္ေဆာက္ထားျခင္းျဖစ္ၿပီး ပင္မ ဥမင္အလ်ား ၄၂၇ ေပ ၂ လက္မ ရွိ၍ ဥမင္အျမင့္မွာ ၁၁ ေပရွိၿပီး ဥမင္ခန္း ဖြင့္အက်ယ္မွာ ေပ ၄၀ ရွိေၾကာင္း သိရသည္။ ဥမင္အတြင္း လူသြားလမ္း အက်ယ္ကို ၁၉ ေပ ၈ လက္မအထိ ထားရွိေပးမည္ျဖစ္ၿပီး တစ္နာရီလွ်င္ လူဦးေရ ၆၀၀၀ ခန႔္ ျဖတ္သန္းသြားလာ ႏိုင္မည္ျဖစ္သည္။
ဥမင္အတြင္း အတက္အဆင္းျပဳလုပ္ရန္ ေ႐ြ႕လ်ား စက္ေလွကား သုံးစင္းႏွင့္ မသန္စြမ္း သူမ်ား အသုံးျပဳရန္ လူရွစ္ေယာက္စီး ဓာတ္ေလွကား ႏွစ္စင္းကို ထည့္သြင္း တည္ေဆာက္ထားေၾကာင္း သိရ သည္။ ျဖတ္သန္းသြားလာသူမ်ား အတက္အဆင္း အဆင္ေျပေခ်ာေမြ႕ ေစေရးအတြက္ ဥမင္ေလ်ာေစာက္ ေထာင့္ကို ၃၀ ဒီဂရီ သတ္မွတ္ထား ေၾကာင္း သိရသည္။ ဥမင္အတြင္း၌ ၁၀ ေပ ပတ္လည္ဆိုင္ခန္း ၁၅ ခန္းခန႔္ ထည့္သြင္းတည္ေဆာက္ထားသည္။
ဥမင္တည္ေဆာက္ေရးကာလကို တစ္ႏွစ္သတ္မွတ္ထားၿပီး ၂၀၂၁ ခုႏွစ္ ဇန္နဝါရီလကုန္တြင္ လုပ္ငန္းမ်ား အားလုံးၿပီးဆုံးရန္ ခန႔္မွန္းထားေၾကာင္း သိရသည္။ ရန္ကုန္ၿမိဳ႕ေတာ္စည္ပင္ သာယာေရးေကာ္မတီမွ တာဝန္ယူ တည္ေဆာက္ေနျခင္းျဖစ္ၿပီး လုပ္ငန္း ခြင္ကို ေန႔စဥ္အဆိုင္း သုံးဆိုင္းခြဲကာ ေဆာက္လုပ္ေရး လုပ္ငန္းမ်ား ေဆာင္႐ြက္ေနျခင္း ျဖစ္သည္။
———-
ကမာရွတ်မြို့နယ် ပြည်လမ်း မြေအောက်လမ်းကူး လူသွားဥမင် တည်ဆောက်ရေးလုပ်ငန်းမှ မြေအောက်လုပ်ငန်းများ ၈၅ ရာခိုင်နှုန်းခန့်ပြီးစီး
ရန်ကုန်မြို့ ကမာရွတ်မြို့နယ် ရန်ကုန်ပညာရေးတက္ကသိုလ်အနီး ပြည်လမ်း အောက်တွင် တည်ဆောက်လျက်ရှိသော မြေအောက်လမ်းကူး လူသွားဥမင် တည်ဆောက်ရေး လုပ်ငန်း၌ ယခုအခါ မြေအောက်လုပ်ငန်းများ ၈၅ ရာခိုင် နှုန်းခန့် ပြီးစီးပြီဖြစ်ကြောင်း ဥမင်တည်ဆောက်ရေးလုပ်ငန်းခွင်မှ သိရသည်။
နိုင်ငံတကာအဆင့်မီဈေးဆိုင်ခန်းများပါဝင်သော ပြည်လမ်းမ မြေအောက် လမ်းကူး လူသွားဥမင် တည်ဆောက်ခြင်းလုပ်ငန်းများကို ၂၀၂၀ ပြည့်နှစ် ဖေဖော်ဝါရီလတွင် စတင်ခဲ့ပြီး ယခုအခါ Junction Square ဘက်ရှိ အတက် စက်လှေကား မုခ်ဦးတစ်ပေါက်မှာ ဆောက်လုပ်ဆဲဖြစ်၍ ကျန်အပိုင်းများမှာ အချောသပ်လုပ်ငန်းများ စတင် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
“ဒီနေရာကို လုပ်ရတဲ့အကြောင်း ရင်းက ပညာရေးတက္ကသိုလ် လေ့ကျင့် ရေး အထက်တန်းကျောင်းရှိတယ်။ Junction Square ကို သွားတဲ့သူတွေ ရှိတယ်။ အဲဒီလူတွေအတွက်က လမ်းကူးတဲ့နေရာမှာ အခက်အခဲ ရှိတယ်။ နေ့တိုင်း ယာဉ်ထိန်းရဲက ရှင်းပေးနေရတော့ ဒါတွေကင်းလွတ် သွားအောင် ကျွန်တော်တို့ လုပ်ပေး တာပါ။ နိုင်ငံတကာအဆင့်မီလုပ်တဲ့ အခါမှာ အောက်ကလူကူးတံတားမှာ စားသောက်ဆိုင် အသေးလေးတွေ လုပ်ပေးမှာပါ” ဟု ကမာရွတ်မြို့နယ် မဲဆန္ဒနယ်အမှတ်(၁) ရန်ကုန်တိုင်း ဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးတင်ဝင်းက ပြောကြားသည်။
မြေအောက် လမ်းကူးလူသွား ဥမင်ကို သံကူကွန်ကရစ်အမျိုးအစား ဖြင့် တည်ဆောက်ထားခြင်းဖြစ်ပြီး ပင်မ ဥမင်အလျား ၄၂၇ ပေ ၂ လက်မ ရှိ၍ ဥမင်အမြင့်မှာ ၁၁ ပေရှိပြီး ဥမင်ခန်း ဖွင့်အကျယ်မှာ ပေ ၄၀ ရှိကြောင်း သိရသည်။ ဥမင်အတွင်း လူသွားလမ်း အကျယ်ကို ၁၉ ပေ ၈ လက်မအထိ ထားရှိပေးမည်ဖြစ်ပြီး တစ်နာရီလျှင် လူဦးရေ ၆၀၀၀ ခန့် ဖြတ်သန်းသွားလာ နိုင်မည်ဖြစ်သည်။
ဥမင်အတွင်း အတက်အဆင်းပြုလုပ်ရန် ရွေ့လျား စက်လှေကား သုံးစင်းနှင့် မသန်စွမ်း သူများ အသုံးပြုရန် လူရှစ်ယောက်စီး ဓာတ်လှေကား နှစ်စင်းကို ထည့်သွင်း တည်ဆောက်ထားကြောင်း သိရ သည်။ ဖြတ်သန်းသွားလာသူများ အတက်အဆင်း အဆင်ပြေချောမွေ့ စေရေးအတွက် ဥမင်လျောစောက် ထောင့်ကို ၃၀ ဒီဂရီ သတ်မှတ်ထား ကြောင်း သိရသည်။ ဥမင်အတွင်း၌ ၁၀ ပေ ပတ်လည်ဆိုင်ခန်း ၁၅ ခန်းခန့် ထည့်သွင်းတည်ဆောက်ထားသည်။
ဥမင်တည်ဆောက်ရေးကာလကို တစ်နှစ်သတ်မှတ်ထားပြီး ၂၀၂၁ ခုနှစ် ဇန်နဝါရီလကုန်တွင် လုပ်ငန်းများ အားလုံးပြီးဆုံးရန် ခန့်မှန်းထားကြောင်း သိရသည်။ ရန်ကုန်မြို့တော်စည်ပင် သာယာရေးကော်မတီမှ တာဝန်ယူ တည်ဆောက်နေခြင်းဖြစ်ပြီး လုပ်ငန်း ခွင်ကို နေ့စဉ်အဆိုင်း သုံးဆိုင်းခွဲကာ ဆောက်လုပ်ရေး လုပ်ငန်းများ ဆောင်ရွက်နေခြင်း ဖြစ်သည်။
Be the first to comment on "ရန်ကုန် ဖွံ့ဖြိုးမှုရဲ့ ပြယုဂ်တခု မြေအောက် လူသွားဥမင် ပြီးစီးတော့မယ်"