ချဲပေါက်ဖော်နဲ့ ကိုဗစ်ကာလမှာ ရှာလို့ မရသေးတဲ့ အမှန်တရား

ခ်ဲေပါက္ေဖာ္နဲ႔ ကိုဗစ္ကာလမွာ ရွာလို႔ မရေသးတဲ့ အမွန္တရား

ေပါက္ေဖာ္ ဆိုလို႔ တလြဲ မထင္နဲ႔ဗ် ။ တေခတ္တခါက ျမန္မာျပည္ မွာ ခ်ဲ ေတြ ေခတ္စားဖူးတယ္ ။

အဲ့ဒါ လူေတြ ကို ထြက္ေပါက္ေပး မြဲ ေဆး ေဖာ္ထားတဲ့ ေက်ာက္ေခတ္ အစိုးရ ရဲ့ လုပ္ကြက္ ေတြ ေပါ့ ။ လဘက္ရည္ဆိုင္ မွာ စာတရြက္ ၊ ေဘာပင္ တေခ်ာင္း ၊ ခ်ဲ ကလင္ဒါ တရြက္ ကိုင္ ၿပီး ေန ကုန္ ထိုင္ေနသူေတြ ရွိတယ္ ။ ထြက္သမၽွ ခ်ဲ ဂဏန္း မွန္သမၽွ သူတို႔ ကလင္ဒါ ထဲ အကုန္ပါတယ္ ။

ကလင္ဒါ က အျမဲ မွန္တယ္ ၊ တြက္နည္း တစ္ေထာင္ နဲ႔ တြက္ျပ လိုက္ရင္ ကြက္ တိ ပဲ ။ သူတို႔ ကို ေပါက္ေဖာ္ လို႔ ေခၚၾကတယ္ ။ ေနာက္ထြက္မဲ့ ဂဏန္းေတာ့ ဘယ္ေတာ့ မွ မမွန္ဘူး ။ အခုလည္း ကိုဗစ္ကာလ မွာ ေပါက္ေဖာ္ ေတြ ေပၚလာတယ္ ။

ကိုဗစ္ အစ ကာလ က စ လို႔ အစိုးရ လုပ္သမၽွ တကြက္ ခ်င္း ေထာက္ျပၿပီး အမွားေထာက္တယ္ ။ ဟိုလို လုပ္ပါလား ၊ ဒီလို လုပ္သင့္တယ္ နဲ႔ ေပါက္ေဖာ္ လုပ္တယ္ ။ ေျပာခ်င္တာ ကြက္တိ ၊ မွန္လိုက္တာ ၊ အဲ့လို ေျပာခ်င္ေနတာ ၾကာၿပီ ဆိုၿပီး ေဘးတီး ေပးေနၾကတဲ့ ခ်ဲ ေနာက္လိုက္ ေတြ ကလည္း အမ်ားႀကီးပဲ ။

ဒါဆို အဲ့ဒီ ေပါက္ေဖာ္ ေတြ ကို ေမးၾကည့္ လိုက္ ။ ဘာဆက္ လုပ္သင့္တယ္ ဆိုတာ အႀကံ ေပးပါအုန္းဆို အူေၾကာင္ေၾကာင္ ႐ူး ခ်င္ေယာင္ ေဆာင္ၾကအုန္းမယ္ ။ အဲ့ဒီလူေတြ ကို ခ်ဲ စကားနဲ႔ ဆို ဝမ္တီးတိန္ လို႔ ေခၚၾကတယ္ ။ ထိုင္းထီ ေၾကျငာ ရင္ ဝမ္တီးတိန္ နဲ႔ စ ေအာ္တယ္ ။ ဝမ္တီးတိန္ ကို ေရဒီယို က နားေထာင္ ရင္း ခ်ဲ မေပါက္လို႔ ႐ူးသြားတဲ့ သူေတြ ကို ေခၚတဲ့ အေခၚေပါ့ ။

ေျပာခ်င္တာက ကမၻာႀကီး မွာ ဘယ္နိုင္ငံ မွာ ကိုဗစ္ ကို မေက်ာ္ နိုင္ေသးဘူး ။ သင့္သလို စခန္း သြားေနရတာ ။ ကိုဗစ္ကာလ စီးပြားေရး ေကာင္းေနတဲ့ နိုင္ငံ ရွိရင္ ေထာက္ျပ ၾက စမ္းပါ ။ ကိုဗစ္ ေၾကာင့္ မေသတဲ့ နိုင္ငံ ရွိရင္ ေျပာျပစမ္းပါ ၊ ဟို ေျမာက္ကိုရီးယား တို႔ လာအို တို႔ေတာ့ လာမေျပာနဲ႔ ။ ဘယ္သူမွ မယုံဘူး ။ အကိုင္အတြယ္ ေကာင္းလို႔ လက္မ ေထာင္ ေနတဲ့ ဂ်ာမနီ ၊ အခု ေလာ့ေဒါင္း နဲ႔ တိုင္ပါတ္ ေနၿပီ ။

ေတာင္ကိုးရီးယား ၊ အီတလီ ၊ အတူတူ ပဲ ။ ကာကြယ္ေဆး ထိုးေနတဲ့ အဂ္လန္ မွာ ပြားႏွုန္း ျမင့္တဲ့ မ်ိဳးဗီဇ အသစ္ ေတြ႕ တယ္ ။ vaccine က အဲ့ဒါလည္း နိုင္ေလာက္ပါ တယ္ ဆိုၿပီး လုံးခ် ထားရတယ္ ။ မနိုင္ပါဘူး ဆိုရင္ ထုတ္ထားတဲ့ vaccine ေတြ ပလုံၿပီ ။

ထရမ့္ အကိုင္အတြယ္ မေကာင္းလို႔ လူေတြ ေသတယ္တဲ့ ၊ အခု ဘိုင္ဒင္း ကိုင္ေနၿပီ ။ ေသတုန္းပဲ ။ ဒါဆို သူတို႔ ကို မျပစ္တင္မလား ။ သူတို႔ အစိုးရ အသုံး မက်ဘူး ၊ အကိုင္ အတြယ္ ညံ့တယ္ ေျပာမလား ။ ေျပာခ်င္တာက သင့္သလို ေတာ္သလို ေလွာ္ေနရတဲ့ မုန္တိုင္း ကာလ ေရစီးထဲ မွာ အေကာင္းျမင္ ေပးဖို႔ လိုတယ္ ။ အႏွုတ္ေတြ ပဲ ျမင္ေနရင္ ကိုဗစ္ က အသက္ေတြ ႏွုတ္သြား လိမ့္မယ္ ။

ကိုဗစ္ကာလ မွာ အမွန္တရား ကို ရွာ လို႔မရဘူး ။ ဘယ္ အစိုးရ မွ အမွန္တရား မရွာနိုင္ ေသးဘူး ၊ အားနည္းခ်က္ ကိုယ္စီ ရွိၾကတယ္ ။ ကိုဗစ္ကာလ အခုထိ မွန္တဲ့ အမွန္တရား ကေတာ့ mask တပ္ၾကဗ်ာ ။ mask မတပ္သူ ကို ရာဇဝတ္မွု က်ဴးလြန္ သူလို သေဘာထား ဆက္ဆံ ၾကဖို႔ ပဲ တတ္နိုင္မယ္ ထင္တယ္ ။

zarni zeya

——-

ချဲပေါက်ဖော်နဲ့ ကိုဗစ်ကာလမှာ ရှာလို့ မရသေးတဲ့ အမှန်တရား

ပေါက်ဖော် ဆိုလို့ တလွဲ မထင်နဲ့ဗျ ။ တခေတ်တခါက မြန်မာပြည် မှာ ချဲ တွေ ခေတ်စားဖူးတယ် ။

အဲ့ဒါ လူတွေ ကို ထွက်ပေါက်ပေး မွဲ ဆေး ဖော်ထားတဲ့ ကျောက်ခေတ် အစိုးရ ရဲ့ လုပ်ကွက် တွေ ပေါ့ ။ လဘက်ရည်ဆိုင် မှာ စာတရွက် ၊ ဘောပင် တချောင်း ၊ ချဲ ကလင်ဒါ တရွက် ကိုင် ပြီး နေ ကုန် ထိုင်နေသူတွေ ရှိတယ် ။ ထွက်သမျှ ချဲ ဂဏန်း မှန်သမျှ သူတို့ ကလင်ဒါ ထဲ အကုန်ပါတယ် ။

ကလင်ဒါ က အမြဲ မှန်တယ် ၊ တွက်နည်း တစ်ထောင် နဲ့ တွက်ပြ လိုက်ရင် ကွက် တိ ပဲ ။ သူတို့ ကို ပေါက်ဖော် လို့ ခေါ်ကြတယ် ။ နောက်ထွက်မဲ့ ဂဏန်းတော့ ဘယ်တော့ မှ မမှန်ဘူး ။ အခုလည်း ကိုဗစ်ကာလ မှာ ပေါက်ဖော် တွေ ပေါ်လာတယ် ။

ကိုဗစ် အစ ကာလ က စ လို့ အစိုးရ လုပ်သမျှ တကွက် ချင်း ထောက်ပြပြီး အမှားထောက်တယ် ။ ဟိုလို လုပ်ပါလား ၊ ဒီလို လုပ်သင့်တယ် နဲ့ ပေါက်ဖော် လုပ်တယ် ။ ပြောချင်တာ ကွက်တိ ၊ မှန်လိုက်တာ ၊ အဲ့လို ပြောချင်နေတာ ကြာပြီ ဆိုပြီး ဘေးတီး ပေးနေကြတဲ့ ချဲ နောက်လိုက် တွေ ကလည်း အများကြီးပဲ ။

ဒါဆို အဲ့ဒီ ပေါက်ဖော် တွေ ကို မေးကြည့် လိုက် ။ ဘာဆက် လုပ်သင့်တယ် ဆိုတာ အကြံ ပေးပါအုန်းဆို အူကြောင်ကြောင် ရူး ချင်ယောင် ဆောင်ကြအုန်းမယ် ။ အဲ့ဒီလူတွေ ကို ချဲ စကားနဲ့ ဆို ဝမ်တီးတိန် လို့ ခေါ်ကြတယ် ။ ထိုင်းထီ ကြေငြာ ရင် ဝမ်တီးတိန် နဲ့ စ အော်တယ် ။ ဝမ်တီးတိန် ကို ရေဒီယို က နားထောင် ရင်း ချဲ မပေါက်လို့ ရူးသွားတဲ့ သူတွေ ကို ခေါ်တဲ့ အခေါ်ပေါ့ ။

ပြောချင်တာက ကမ္ဘာကြီး မှာ ဘယ်နိုင်ငံ မှာ ကိုဗစ် ကို မကျော် နိုင်သေးဘူး ။ သင့်သလို စခန်း သွားနေရတာ ။ ကိုဗစ်ကာလ စီးပွားရေး ကောင်းနေတဲ့ နိုင်ငံ ရှိရင် ထောက်ပြ ကြ စမ်းပါ ။ ကိုဗစ် ကြောင့် မသေတဲ့ နိုင်ငံ ရှိရင် ပြောပြစမ်းပါ ၊ ဟို မြောက်ကိုရီးယား တို့ လာအို တို့တော့ လာမပြောနဲ့ ။ ဘယ်သူမှ မယုံဘူး ။ အကိုင်အတွယ် ကောင်းလို့ လက်မ ထောင် နေတဲ့ ဂျာမနီ ၊ အခု လော့ဒေါင်း နဲ့ တိုင်ပါတ် နေပြီ ။

တောင်ကိုးရီးယား ၊ အီတလီ ၊ အတူတူ ပဲ ။ ကာကွယ်ဆေး ထိုးနေတဲ့ အဂ်လန် မှာ ပွားနှုန်း မြင့်တဲ့ မျိုးဗီဇ အသစ် တွေ့ တယ် ။ vaccine က အဲ့ဒါလည်း နိုင်လောက်ပါ တယ် ဆိုပြီး လုံးချ ထားရတယ် ။ မနိုင်ပါဘူး ဆိုရင် ထုတ်ထားတဲ့ vaccine တွေ ပလုံပြီ ။

ထရမ့် အကိုင်အတွယ် မကောင်းလို့ လူတွေ သေတယ်တဲ့ ၊ အခု ဘိုင်ဒင်း ကိုင်နေပြီ ။ သေတုန်းပဲ ။ ဒါဆို သူတို့ ကို မပြစ်တင်မလား ။ သူတို့ အစိုးရ အသုံး မကျဘူး ၊ အကိုင် အတွယ် ညံ့တယ် ပြောမလား ။ ပြောချင်တာက သင့်သလို တော်သလို လှော်နေရတဲ့ မုန်တိုင်း ကာလ ရေစီးထဲ မှာ အကောင်းမြင် ပေးဖို့ လိုတယ် ။ အနှုတ်တွေ ပဲ မြင်နေရင် ကိုဗစ် က အသက်တွေ နှုတ်သွား လိမ့်မယ် ။

ကိုဗစ်ကာလ မှာ အမှန်တရား ကို ရှာ လို့မရဘူး ။ ဘယ် အစိုးရ မှ အမှန်တရား မရှာနိုင် သေးဘူး ၊ အားနည်းချက် ကိုယ်စီ ရှိကြတယ် ။ ကိုဗစ်ကာလ အခုထိ မှန်တဲ့ အမှန်တရား ကတော့ mask တပ်ကြဗျာ ။ mask မတပ်သူ ကို ရာဇဝတ်မှု ကျူးလွန် သူလို သဘောထား ဆက်ဆံ ကြဖို့ ပဲ တတ်နိုင်မယ် ထင်တယ် ။

zarni zeya

Be the first to comment on "ချဲပေါက်ဖော်နဲ့ ကိုဗစ်ကာလမှာ ရှာလို့ မရသေးတဲ့ အမှန်တရား"

Leave a comment

Your email address will not be published.


*