အမေရိကန်အထူး စစ်ဆင်ရေးတပ်ဖွဲ့ဟာ လနဲ့ချီကြာ ထိုင်ဝမ်စစ်သားတွေကို တိတ်တဆိတ်စစ်ရေး လေ့ကျင့် မှုတွေ ရှိခဲ့တယ်လို့ ပင်တဂွန်က ကြာသပတေးနေ့တုန်းက ပြောကြားလိုက်ပါတယ်။
အမည်မဖော်လိုတဲ့ အာဏာပိုင် အရာရှိအကြီးအကဲက အေအက်ဖ်ပီသတင်းသို့ ပြောကြားချက်ထဲအထူးစစ်ဆင်ရေး ၂၀ နဲ့ သမားရိုးကျ တပ်ဖွဲ့ အင်အားစုတို့က အချိန်ကာလ တစ်နှစ်မရှိတဲ့ လျို့ဝှက်စစ်ရေးလေ့ကျင့်မှုတွေ ရှိခဲ့တယ်လို့ ဆိုပါတယ်။
အာဏာပိုင်တွေက ဝေါလ် စထွီ ဂျာနယ်ကို တရားဝင် အတည်ပြုပေးခဲ့ပြီး အမေရိကန်ရဲ့ မဟာမိတ်ကျွန်းကို တရုတ်တို့ ခြိမ်းခြောက်ပြောဆိုမှုတွေ မြင့်တက်နေတဲ့ ကြားက အမေရိကန်အထူးတပ်ဖွဲ့နဲ့ ထိုင်ဝမ်စစ်တပ်တို့ရဲ့ စစ်ရေးလေ့ကျင့်မှုဟာ အနည်းဆုံး တစ်နှစ်နီးပါးကြာမြင့်တယ်လို့ သိရပါတယ်။
ယင်းသို့ သတင်းထွက်ပေါ်မှုနဲ့ပတ်သက်ပြီးတော့ ထိုင်ဝမ်ကာကွယ်ရေးဝန်ကြီးဌာနက မှတ်ချက်ပေးပြောကြားဖို့ ငြင်းဆိုထားပါတယ်။
သို့ပေမယ့်လည်း ပင်တဂွန်စစ်ဌာနချုပ် အကြီးအကဲ ဂျွန်ဆက်ပယ်လ်ကတော့ ပုံမှန် စကားပြောဆိုမှုမှာ အမေရိကန်အနေနဲ့ ထိုင်ဝမ်စစ်တပ်အတွက် ကာကွယ်ရေးလိုအပ်ချက်တွေကိုဖြည့်ဆည်း ထောက်ပံ့ပေးတဲ့ သဘောဖြစ်တယ်လို့ သိရပါတယ်။
“ ကျွန်တော်တို့ရဲ့ အထောက်အပံ့နဲ့ ထိုင်ဝမ်နိုင်ငံနဲ့ ကာကွယ်ရေးဆက်ဆံရေးဟာ တရုတ်နိုင်ငံရဲ့ လက်ရှိခြိမ်း ခြောက်မှုတွေကို ဆန့်ကျင်နေဆဲပဲ ဖြစ်ပါတယ်။ ပေကျင်းကိုလည်း တိုက်တွန်းထားပါတယ်။ ငြိမ်းချမ်းရေး အဖြေရှာဖို့ ကတိကဝတ်တွေပေးဖို့အတွက်ပါ” ဆက်ပယ်လ်ရဲ့ အစီရင်ခံစာထဲမှာ ဖော်ပြထားပါတယ်။
ကျွန်းကို ပြန်လည် အဓမ္မရယူသိမ်းပိုက်ရန်နဲ့ တရုတ်နဲ့ ပြန်လည်ပေါင်းစည်းရဲ့ ပေကျင်းအစိုးရရဲ့ ခြိမ်းခြောက်မှုကြားကနေ အမေရိကန်ပြည်ထောင်စုဟာ ထိုင်ဝမ်အစိုးရကို လက်နက်တွေထောက်ပံ့ပေးနေပြီး ကာကွယ်ရေးအတွက် ဒုံးကျည်တွေ၊ တိုက်လေယာဉ်တွေကို ထောက်ပံ့ပေးထားပါတယ်။
ထိုင်ဝမ်မှာ စစ်သင်တန်းပေးနေတဲ့ အမေရိကန်တပ်သားတွေကို ပြန်ရုပ်သိမ်းပေးဖို့ တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနပြောခွင့်ရပုဂ္ဂိုလ် Zhao Lijian က အမေရိကန်အစိုးရကို မေတ္တာရပ်ခံလိုက်ပါတယ်။
အမေရိကန်အစိုးရက သဘောတူထားတဲ့ တရုတ် တနိုင်ငံတည်းမူကို လေးစားလိုကိနာတဲနေနဲ့ ထိုင်ဝမ်တပ်တွေကို သင်တန်းပေးနေတဲ့ အမေရိကန်တပ်သားတွေကို ပြန်ရုပ်သိမ်းဖို့ သူကပြောပါတယ်။
ဩစတေးလျဝန်ကြီးချုပ်ဟောင်းနဲ့ ပြင်သစ်ကာကွယ်ရေးဝန်ကြီးဟောင်းတို့ တိုင်ဝမ်ကိုရောက်နေစဉ်မှာပဲ ထိုင်ဝမ်မှာ အမေရိကန်အထူးတပ်ဖွဲ့ဝင်တချို့နဲ့ ရေတပ်သားတွေရောက်နေတာ (၁) နှစ်လောက်ရှိနေပြီဆိုတဲ့သတင်းတွေထွက်ပေါ်လာတာဖြစ်ပါတယ်။
အမေရိကန်သမ္မတ ဘိုင်ဒန်နဲ့ တရုပ်သမ္မတ Xi တို့ဖုန်းနဲ့ပြောခဲ့စဉ်က တိုင်ဝမ်နဲ့ပတ်သက်လို့ ၂ နိုင်ငံသဘောတူထားတဲ့အတိုင်းလိုက်နာကြဖို့ သဘောတူခဲ့တာမို့ အမေရိကန်တပ်သားတွေ တိုင်ဝမ်ကျွန်းပေါ်မှာ မရှိသင့်ဘူးလို့ တရုတ်ပြောခွင့်ရပုဂ္ဂိုလ်ကပြောပါတယ်။
တရုတ်အစိုးရပြောခွင့်ရပုဂ္ဂိုလ်ပြောဆိုမှုအပေါ် အမေရိကန်အစိုးရက တရားဝင်တုန့်ပြန်တာမရှိသေးပေမယ့် ”ဒီမိုကရေစီကျင့်သုံးတဲ့တိုင်ဝမ်ကို တရုတ်ကွန်မြူနစ်အစိုးရက တိုက်ခိုက်လာရင် ကောင်းကောင်းခုခံကာကွယ်နိုင်ဖို့ သင်တန်းပေးနေတာလို့ ”အမည်မဖေါ်လိုတဲ့ ကာကွယ်ရေးဝန်ကြီးဌာနက စစ်အရာရှိတဦးကပြောထားပါတယ်။ သင်တန်းပေးရုံသာမက တိုင်ဝမ်မှာ အထူးတပ်ဖွဲ့တွေပါ ရောက်နေတာ ၁ နှစ်ကျော်ပြီလို့ အတည်ပြုပြောထားပါတယ်။
ထိုင်ဝမ်မှာ အမေရိကန်တပ်တွေရောက်နေတာကို တရုတ်အစိုးရက မသိခဲ့ဘူးဆိုပါတယ်။ အမေရိကန်လွှတ်တော်အမတ်တချို့က လွန်ခဲ့တဲ့ တလကျော်က တွစ်တာမှာ တိုင်ဝမ်မှာတပ်စွဲထားတဲ့အမေရိကန်တပ်တွေအကြောင်းရေးသားတော့မှ တရုတ်က သတိထားမိခဲ့တာလို့ တရုတ်အခြေစိုက်နိုင်ငံတကာသတင်းတွေကဖေါ်ပြပါတယ်။
တရုတ်အစိုးရအာဘော်သတင်း ဌာနတွေကတော့ အမေရိကန်တွေအနေနဲ့ ထိုင်ဝမ်ကျွန်းဘယ်နေရာမှတပ်စွဲထားတယ်ဆိုတာဖွင့်ပြောမယ်ဆိုရင် အဲဒီနေရာတွေကို တရုတ်ပြည်သူ့ကာကွယ်ရေးတပ်က အရင်တိုက်ခိုက်ပြမယ်လို့ ရေးသားဖေါ်ပြနေတာတွေ့ရပါတယ်။
Be the first to comment on "အမေရိကန်အထူးတပ်ဖွဲ့က ထိုင်ဝမ်စစ်တပ်ကို စစ်ရေးလေ့ကျင့်ပေးခဲ့ကြောင်း …"