ဘယ်လို ခြိမ်းခြောက်မှုတွေကို ရင်ဆိုင်နေရလို့ ကမ်းခြေစောင့်တပ်ဖွဲ့ကို အပူတပြင်း ဖွဲ့စည်းလိုက်တာလဲ
မြန်မာစစ်ကောင်စီဟာ ကမ်းခြေစောင့်တပ်ဖွဲ့( Coast Guard ) ကို နိုင်ငံခြားသတင်းဌာနတွေကို ဖိတ်ကြားပြီး ဖွင့်လှစ်လိုက်တယ် ။
အောက်တိုဘာ ၆ ရက် ၊ ဗုဒ္ဓဟူးနေ့မှာ ကမ်းခြေစောင့်တပ်ဖွဲ့ကို ဖွဲ့စည်းလိုက်တဲ့အကြောင်းကို ကြေငြာလိုက်တယ် ။
စစ်ခေါင်းဆောင်က လက်နက်တပ်ဆင်ထားတဲ့ စစ်ရေယာဉ် ၄ စင်းမှာ တာဝန်ထမ်းမယ့် တပ်ဖွဲ့ဝင်တွေဟာ တိုင်းပြည်လုံခြုံရေးကို ကာကွယ်နိုင်လိမ့်မယ်လို့ ပြောကြားခဲ့တယ် ။
ဖေဖော်ဝါရီမှာ အာဏာသိမ်းပြီး ၊ ဒေါ်အောင်ဆန်းစုကြည်ရဲ့ အစိုးရကို ဖြုတ်ချလိုက်ချိန်ကတည်းက ပင်လယ်ပြင်ကနေ ခြိမ်းခြောက်မှု့တွေကို ရင်ဆိုင်နေရတာပါ ။
ကုလအဖွဲ့ရဲ့ နိုင်ငံတကာ ပါဝင်ကူညီမှု့ကို ဖိတ်ခေါ်လိုက်ချိန်မှာ ကမ်းခြေစောင့်တပ်ဖွဲ့ကို အပူတပြင်း ဖွဲ့စည်းလိုက်တယ်လို့ ယူဆရပါတယ် ။
ဒီရက်ပိုင်းမှာတော့ အစိုးရရုံးစိုက်ရာ နေပြည်တော်မှာ ဗုံးပေါက်ကွဲမှု့ ဖြစ်ပွားခဲ့ပြီး ၊ ထောက်လှမ်းရေးအရာရှိ လေးဦး ပြင်းထန်စွာ
ဒဏ်ရရခဲ့တဲ့အကြောင်းကို CNN သတင်းဌာနက မေးမြန်းရာမှာ စစ်ကောင်စီအရာရှိများက အတည်ပြုပါတယ် ။
စစ်ခေါင်းဆောင် မင်းအောင်လှိုင်ဟာ အာဏာသိမ်းပြီးကတည်းက နိုင်ငံတကာ သတင်းဌာနတွေကို ရှောင်လွှဲနေခဲ့ပြီး ၊
ကမ်းခြေစောင့်တပ်ဖွဲ့ကို ဖွဲ့စည်းတဲ့နေ့မှာတော့ ပြည်ပသတင်းဌာနတွေရဲ့ ရှေ့မှောက်ကို ရောက်လာခဲ့တယ်လို့ CNN သတင်းဌာနက ဖော်ပြထားပါတယ် ။
ကမ်းခြေစောင့်တပ်ဖွဲ့မှာ ရေတပ်ကအသုံးပြုနေတဲ့ စစ်သင်္ဘောလေးစင်း ပါဝင်ပါတယ် ။ ၄၇ မီတာရှည်တဲ့ ဒုံးဖျက်သင်္ဘောတစ်စင်း ပါဝင်တယ်လို့ အမည်မဖော်လိုသူ မြန်မာရေတပ်အရာရှိတစ်ဦးက CNN ကို ပြောခဲ့ပါတယ် ။
သူတို့ရဲ့တာဝန်ဟာ ဥပဒေစိုးမိုးရေး ၊ ကင်းလှည့်ခြင်းနဲ့ ရှာဖွေရေးတို့ ပါဝင်ပါတယ် ။ အင်အားကတော့ ရေတပ်ရဲ့ လမ်းညွှန်မှု့အောက်မှာ ရှိနေတယ်လို့ ပြောပါတယ် ။
မြန်မာစစ်တပ်ဟာ အင်အားပြင်းတဲ့ လက်နက်တွေကို ရုရှားနဲ့ တရုတ်ထံကနေ ဒေါ်လာသန်းပေါင်းများစွာ အကုန်အကျခံပြီး ဝယ်ယူထားပါတယ် ။
ဒါဟာ မဟာဗျူဟာမြောက် မဟာမိတ်တို့အကြိူက် လက်နက်ဝယ်ယူမှု့တစ်ခုလို့ CNN က သုံးသပ်ထားပါတယ် ။
ဒါကတော့ CNN သတင်းဌာနက တင်ထားတာပါ ။ သုံးသပ်ရရင် …..၊ ကုလက နိုင်ငံတကာရဲ့ ပါဝင်ပတ်သက်မှု့ကို လှုံ့ဆော်လိုက်တယ် ။
ဒီတော့ …၊ ခုခံစစ်လို့ ကြေငြာထားတဲ့ တော်လှန်ရေးပြည်သူတွေကို မညှာမတာတိုက်ခိုက်နေတဲ့ စစ်ကောင်စီကို ပြညန်လည်တုံ့ပြန်နိုင်ဖို့ နိုင်ငံခြားအကူအညီတွေ ဝင်လာတော့မယ်လို့ ခန့်မှန်းရပါတယ် ။
အကူအညီဟာ မဟာမိတ်ရေတပ်တွေလား ..? ၊ ငြိမ်းချမ်းမှု့ထိမ်းသိမ်းရေး တပ်ဖွဲ့တွေလား …? ၊ မဟာမိတ်တွေပံ့ပိုးပေးမယ့် လက်နက်တွေလား …? ၊ စနစ်တကျ လေ့ကျင့်ထားတဲ့ PDF တပ်ဖွဲ့ဝင်တွေလား …? ဆိုတာကိုပဲ သုံးသပ်ရပါလိမ့်မယ် ။
ဘကြီးအောင် LA
———-
ဒါဟာ မဟာဗျူဟာမြောက် မဟာမိတ်တို့အကြိုက် လက်နက်ဝယ်ယူမှု့တစ်ခုလို့ CNN က သုံးသပ်ထားပါတယ် ။
ဘကြီးအောင် LA
Be the first to comment on "ဘယ်လို ခြိမ်းခြောက်မှုတွေကို ရင်ဆိုင်နေရလို့ ကမ်းခြေစောင့်တပ်ဖွဲ့ကို အပူတပြင်း ဖွဲ့စည်းလိုက်တာလဲ"