NUG အစိုးရအပေါ် ဝေဖန်တိုက်ခိုက်တဲ့ အကြောင်းအရာတွေ ထပ်ဆင့်မျှဝေပေးဖို့ ဌာနဆိုင်ရာရုံးတစ်ခုလျှင် အကောင့်နှစ်ခု နှုန်း ဖွင့်လှစ်ကြဖို့ စစ်ကောင်စီက ညွှန်ကြား

NUG အစိုးရအပေါ် ဝေဖန်တိုက်ခိုက်တဲ့ အကြောင်းအရာတွေ ထပ်ဆင့်မျှဝေပေးဖို့ ဌာနဆိုင်ရာရုံးတစ်ခုလျှင် အကောင့်နှစ်ခု နှုန်း ဖွင့်လှစ်ကြဖို့ စစ်ကောင်စီက ညွှန်ကြား

မော်လမြိုင်၊ အောက်တိုဘာ ၆

လူမှုကွန်ယက် Facebook စာမျက်နှာမှာ အာဏာသိမ်းစစ်ကောင်စီရဲ့ အာဘော်‌‌တွေနဲ့ စစ်အုပ်စုက NUG အစိုးရအပေါ် ဝေဖန်တိုက်ခိုက်ထားတဲ့ အကြောင်းအရာ‌တွေကို ထပ်ဆင့်မျှဝေပေးဖို့ ဌာနဆိုင်ရာရုံးတစ်ခုလျှင် အကောင့်နှစ်ခုနှုန်းဖွင့်လှစ်ထားကြဖို့ကို စစ်ကောင်စီက ညွှန်ကြားထားတယ်လို့ Non CDM ဝန်ထမ်းတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။

စစ်ကောင်စီဟာ သူတို့ရဲ့ လုပ်ငန်းဆောင်ရွက်ချက်တွေ၊ စစ်တပ်ကောင်းကြောင်းနဲ့ NUG အစိုးရနဲ့ ဆက်စပ်အဖွဲ့အစည်း‌တွေကို ဝေဖန်တိုက်ခိုက်တဲ့ အကြောင်းအရာ‌တွေနဲ့ လုပ်ဆောင်ချက်‌တွေကို အကြမ်းဖက်လုပ်ရပ်‌တွေအဖြစ် သတ်မှတ်ဖော်ပြထားတဲ့ Facebook အကောင့် စာမျက်နှာတွေကို ဖွင့်လှစ်ထားပါတယ်။

စစ်ကောင်စီဟာ ဖွင့်လှစ်ထားတဲ့ Facebook အကောင့် စာမျက်နှာမှာ ရေးသားထားတဲ့အကြောင်းအရာ‌တွေကို ထပ်ဆင့်မျှဝေတာ၊ ပြန်လည်ကူးယူဖော်ပြဖို့အတွက် ဌာနဆိုင်ရာရုံးတွေကို အကောင့်ဖွင့်လှစ်ခိုင်းခြင်းဖြစ်တယ်လို့ Non CDM ဝန်ထမ်းတွေက ပြောပါတယ်။

” စစ်ကောင်စီရဲ့ လုပ်ငန်းဆောက်ရွက်မှုတွေ၊ NUG အစိုးရနဲ့ ဆက်စပ်အဖွဲ့တွေရဲ့ ဆောင်ရွက်နေမှုအပေါ်မှာ ဥပဒေနဲ့ ဆန့်ကျင်ပြီး လုပ်နေတယ်ဆိုပြီး ဝေဖန်တိုက်ခိုက်တဲ့စာသားတွေ၊ စစ်အုပ်စုထောက်ခံသူတချို့ စစ်တပ်ကောင်းကြောင်း ရေးထားတဲ့စာတွေ​၊

အဓိက သူတို့ကောင်းကြောင်းကို ရေးပြီး Facebook အကောင့်ဖွင့်ပြီး တင်ထားတဲ့ဟာတွေကို ပြန်ဖော်ပြဖို့နဲ့ မျှဝေဖို့ဆိုပြီး ဌာနဆိုင်ရာရုံးတစ်ခုကို အကောင့် နှစ်ခုဖွင့်ခိုင်းထားတယ်” လို့ Non CDM ဝန်ထမ်းတစ်ဦးက သံလွင်တိုင်းမ်ကို ပြောပါတယ်။

ဌာနဆိုင်ရာရုံး‌တွေအနေနဲ့ မိမိကြိုက်နှစ်သက်တဲ့ အမည်ဖြင့် Facebook အကောင့်ဖွင့်လှစ်ကြဖို့နဲ့လက်ရှိမှာ‌တော့ ဖွင့်လှစ်ထားတဲ့ အကောင့်စာရင်းတွေကို စစ်ကောင်စီက တောင်းခံလာပါတယ်။

ပြီးခဲ့တဲ့လတွေထဲမှာ အဏာသိမ်းစစ်ကောင်စီရဲ့ အာဘော်ကို ထပ်ဆင့်ထုတ်လွှင့်​ပြန်လည်မျှဝေနေတဲ့ နိုင်ငံတဝှမ်းက ပြန်ကြားရေးဝန်ကြီးဌာနလက်အောက်ရှိ ဦးစီးဌာနတွေရဲ့ မြို့နယ်/ခရိုင်/ပြည်နယ်တိုင်း Facebook စာမျက်နှာအားလုံး ဖယ်ရှားခြင်းခံခဲ့ရတယ်လို့ ဝန်ထမ်းမိသားစုနဲ့ နီးစပ်သူတွေထံမှ သိရပါတယ်။

သတင်း- သံလွင်တိုင်းမ်

————

NUG အစိုးရအေပၚ ေဝဖန္တိုက္ခိုက္တဲ့ အေၾကာင္းအရာေတြ ထပ္ဆင့္မွ်ေဝေပးဖို႔ ဌာနဆိုင္ရာ႐ုံးတစ္ခုလွ်င္ အေကာင့္ႏွစ္ခု ႏႈန္း ဖြင့္လွစ္ၾကဖို႔ စစ္ေကာင္စီက ၫႊန္ၾကား

ေမာ္လၿမိဳင္၊ ေအာက္တိုဘာ ၆

လူမႈကြန္ယက္ Facebook စာမ်က္ႏွာမွာ အာဏာသိမ္းစစ္ေကာင္စီရဲ႕ အာေဘာ္‌‌ေတြနဲ႔ စစ္အုပ္စုက NUG အစိုးရအေပၚ ေဝဖန္တိုက္ခိုက္ထားတဲ့ အေၾကာင္းအရာ‌ေတြကို ထပ္ဆင့္မွ်ေဝေပးဖို႔ ဌာနဆိုင္ရာ႐ုံးတစ္ခုလွ်င္ အေကာင့္ႏွစ္ခုႏႈန္းဖြင့္လွစ္ထားၾကဖို႔ကို စစ္ေကာင္စီက ၫႊန္ၾကားထားတယ္လို႔ Non CDM ဝန္ထမ္းေတြက သံလြင္တိုင္းမ္ကို ေျပာပါတယ္။

စစ္ေကာင္စီဟာ သူတို႔ရဲ႕ လုပ္ငန္းေဆာင္႐ြက္ခ်က္ေတြ၊ စစ္တပ္ေကာင္းေၾကာင္းနဲ႔ NUG အစိုးရနဲ႔ ဆက္စပ္အဖြဲ႕အစည္း‌ေတြကို ေဝဖန္တိုက္ခိုက္တဲ့ အေၾကာင္းအရာ‌ေတြနဲ႔ လုပ္ေဆာင္ခ်က္‌ေတြကို အၾကမ္းဖက္လုပ္ရပ္‌ေတြအျဖစ္ သတ္မွတ္ေဖာ္ျပထားတဲ့ Facebook အေကာင့္ စာမ်က္ႏွာေတြကို ဖြင့္လွစ္ထားပါတယ္။

စစ္ေကာင္စီဟာ ဖြင့္လွစ္ထားတဲ့ Facebook အေကာင့္ စာမ်က္ႏွာမွာ ေရးသားထားတဲ့အေၾကာင္းအရာ‌ေတြကို ထပ္ဆင့္မွ်ေဝတာ၊ ျပန္လည္ကူးယူေဖာ္ျပဖို႔အတြက္ ဌာနဆိုင္ရာ႐ုံးေတြကို အေကာင့္ဖြင့္လွစ္ခိုင္းျခင္းျဖစ္တယ္လို႔ Non CDM ဝန္ထမ္းေတြက ေျပာပါတယ္။

” စစ္ေကာင္စီရဲ႕ လုပ္ငန္းေဆာက္႐ြက္မႈေတြ၊ NUG အစိုးရနဲ႔ ဆက္စပ္အဖြဲ႕ေတြရဲ႕ ေဆာင္႐ြက္ေနမႈအေပၚမွာ ဥပေဒနဲ႔ ဆန္႔က်င္ၿပီး လုပ္ေနတယ္ဆိုၿပီး ေဝဖန္တိုက္ခိုက္တဲ့စာသားေတြ၊ စစ္အုပ္စုေထာက္ခံသူတခ်ိဳ႕ စစ္တပ္ေကာင္းေၾကာင္း ေရးထားတဲ့စာေတြ​၊

အဓိက သူတို႔ေကာင္းေၾကာင္းကို ေရးၿပီး Facebook အေကာင့္ဖြင့္ၿပီး တင္ထားတဲ့ဟာေတြကို ျပန္ေဖာ္ျပဖို႔နဲ႔ မွ်ေဝဖို႔ဆိုၿပီး ဌာနဆိုင္ရာ႐ုံးတစ္ခုကို အေကာင့္ ႏွစ္ခုဖြင့္ခိုင္းထားတယ္” လို႔ Non CDM ဝန္ထမ္းတစ္ဦးက သံလြင္တိုင္းမ္ကို ေျပာပါတယ္။

ဌာနဆိုင္ရာ႐ုံး‌ေတြအေနနဲ႔ မိမိႀကိဳက္ႏွစ္သက္တဲ့ အမည္ျဖင့္ Facebook အေကာင့္ဖြင့္လွစ္ၾကဖို႔နဲ႔လက္ရွိမွာ‌ေတာ့ ဖြင့္လွစ္ထားတဲ့ အေကာင့္စာရင္းေတြကို စစ္ေကာင္စီက ေတာင္းခံလာပါတယ္။

ၿပီးခဲ့တဲ့လေတြထဲမွာ အဏာသိမ္းစစ္ေကာင္စီရဲ႕ အာေဘာ္ကို ထပ္ဆင့္ထုတ္လႊင့္​ျပန္လည္မွ်ေဝေနတဲ့ ႏိုင္ငံတဝွမ္းက ျပန္ၾကားေရးဝန္ႀကီးဌာနလက္ေအာက္ရွိ ဦးစီးဌာနေတြရဲ႕ ၿမိဳ႕နယ္/ခ႐ိုင္/ျပည္နယ္တိုင္း Facebook စာမ်က္ႏွာအားလုံး ဖယ္ရွားျခင္းခံခဲ့ရတယ္လို႔ ဝန္ထမ္းမိသားစုနဲ႔ နီးစပ္သူေတြထံမွ သိရပါတယ္။

သတင္း- သံလြင္တိုင္းမ္

Be the first to comment on "NUG အစိုးရအပေါ် ဝေဖန်တိုက်ခိုက်တဲ့ အကြောင်းအရာတွေ ထပ်ဆင့်မျှဝေပေးဖို့ ဌာနဆိုင်ရာရုံးတစ်ခုလျှင် အကောင့်နှစ်ခု နှုန်း ဖွင့်လှစ်ကြဖို့ စစ်ကောင်စီက ညွှန်ကြား"

Leave a comment

Your email address will not be published.


*