အလွမယ္တစ္ဦးလည္းျဖစ္သလို ဆရာဝန္တစ္ဦးလည္း ျဖစ္တဲ့ ေအးခ်မ္းမိုးကေတာ့ ခ်စ္သူသက္တမ္း ရက္ ၃၀၀ ျပည့္တဲ့ေန႔မွာ မေမွ်ာ္လင့္ပဲ လက္ထက္ခြင့္ေတာင္းခံလိုက္ ရပါတယ္။
သူတို႔ခ်စ္သူႏွစ္ဦးကေတာ့ ဒီဇင္ဘာလ ၁၉ ရက္ေန႔က ခ်စ္သူသက္တမ္း ရက္(၃၀၀) ျပည့္တာျဖစ္ၿပီး SEEDS မွာ ညစာစားဖို႔ ခ်ိန္းထားရင္းကေန အခုလို လက္ထပ္ခြင့္ေတာင္းခံ လိုက္ရတာျဖစ္ပါတယ္။
ခ်စ္သူႏွစ္ဦးရဲ႕ ႏွစ္ပတ္လည္ေန႔ အမွတ္တရအေၾကာင္းအရာေတြကိုေတာ့ “ဘဝ အတြက္ အမွတ္တရအျဖစ္ဆုံး စိတ္အလႈပ္ရွားဆုံးေန႔ေလးတစ္ေနပါ။ ကြၽန္ေတာ္ ခ်စ္ရတဲ့ ကေလးနဲ႔ တစ္ဘဝလုံးအတူျဖတ္သန္းဖို႔အတြက္ ပထမဆုံး ေျခလွမ္းစတင္တဲ့ ေန႔ေလးပါ။ တကယ္က ကြၽန္ေတာ္ သူ႔ကို ရက္ ၃၀၀ ျပည့္အတြက္ dinner date လို႔ပဲေျပာထားၿပီး ခ်စ္ရတဲ့ရင္းႏွီးတဲ့ သူငယ္ခ်င္း၊ ညီအစ္ကိုမ်ားနဲ႔ မရရေအာင္ ႀကိတ္စီစဥ္ခဲ့ရတဲ့ ေန႔ေလးပါ။
အလြဲလြဲအေခ်ာ္ေခ်ာ္ေတြ ပြဲမစခင္မွာ ျဖစ္ေပမယ့္ plan အတိုင္း အကုန္ၿပီးေျမာက္သြားလို႔ အရမ္းကိုဝမ္းသာ ေပ်ာ္႐ႊင္မိ ပါတယ္။ အေပ်ာ္ရဆုံး ကေတာ့ စပ႐ိုက္လုပ္ရခက္တဲ့ ကြၽန္ေတာ္ခ်စ္သူကို စပ႐ိုက္လုပ္ႏိုင္ခဲ့ၿပီး အနားမွာရွိခြင့္ လက္ထပ္ခြင့္ကို လက္ခံေပးလို႔ပါ။” လို႔ ခ်စ္သူျဖစ္သူ သက္ပိုင္က သူရဲ႕ လူမႈကြန္ရက္စာမ်က္ႏွာကေန ဒီဇင္ဘာ (၂၀)ရက္ေန႔က ေရးသားထားတာပါ။
ေအးခ်မ္းမိုးကလည္း ဘဝအတြက္ လက္စြပ္တစ္ခါမွ မဝတ္ဖူးေသးတဲ့ လက္သႂကြယ္ ေလးမွာ သူေပးတဲ့လက္စြပ္ေလး စဝတ္ခဲ့တဲ့ေန႔၊ ကိုယ္ေပ်ာ္႐ႊင္ရဖို႔ အၿမဲဦးစားေပး စဥ္းစားေပးတဲ့ ခ်စ္သူကို ေက်းဇူးတင္ေၾကာင္းဆိုထားပါေသးတယ္။ ေအးခ်မ္းမိုး ကေတာ့ အလွမယ္တစ္ဦးျဖစ္သလို ဆရာဝန္တစ္ဦးလည္းျဖစ္ပါတယ္။ Miss Universe Myanmar 2013 ၊ Miss Grand Myanmar 2017 စတဲ့ အလွမယ္ၿပိဳင္ပြဲေတြကေနတစ္ဆင့္ ပရိသတ္အားေပးမႈကို ရရွိထားသူ တစ္ဦးလည္းျဖစ္ပါတယ္။
——–
အလှမယ်တစ်ဦးလည်းဖြစ်သလို ဆရာဝန်တစ်ဦးလည်း ဖြစ်တဲ့ အေးချမ်းမိုးကတော့ ချစ်သူသက်တမ်း ရက် ၃၀၀ ပြည့်တဲ့နေ့မှာ မမျှော်လင့်ပဲ လက်ထက်ခွင့်တောင်းခံလိုက် ရပါတယ်။
သူတို့ချစ်သူနှစ်ဦးကတော့ ဒီဇင်ဘာလ ၁၉ ရက်နေ့က ချစ်သူသက်တမ်း ရက်(၃၀၀) ပြည့်တာဖြစ်ပြီး SEEDS မှာ ညစာစားဖို့ ချိန်းထားရင်းကနေ အခုလို လက်ထပ်ခွင့်တောင်းခံ လိုက်ရတာဖြစ်ပါတယ်။
ချစ်သူနှစ်ဦးရဲ့ နှစ်ပတ်လည်နေ့ အမှတ်တရအကြောင်းအရာတွေကိုတော့ “ဘဝ အတွက် အမှတ်တရအဖြစ်ဆုံး စိတ်အလှုပ်ရှားဆုံးနေ့လေးတစ်နေပါ။ ကျွန်တော် ချစ်ရတဲ့ ကလေးနဲ့ တစ်ဘဝလုံးအတူဖြတ်သန်းဖို့အတွက် ပထမဆုံး ခြေလှမ်းစတင်တဲ့ နေ့လေးပါ။ တကယ်က ကျွန်တော် သူ့ကို ရက် ၃၀၀ ပြည့်အတွက် dinner date လို့ပဲပြောထားပြီး ချစ်ရတဲ့ရင်းနှီးတဲ့ သူငယ်ချင်း၊ ညီအစ်ကိုများနဲ့ မရရအောင် ကြိတ်စီစဉ်ခဲ့ရတဲ့ နေ့လေးပါ။
အလွဲလွဲအချော်ချော်တွေ ပွဲမစခင်မှာ ဖြစ်ပေမယ့် plan အတိုင်း အကုန်ပြီးမြောက်သွားလို့ အရမ်းကိုဝမ်းသာ ပျော်ရွှင်မိ ပါတယ်။ အပျော်ရဆုံး ကတော့ စပရိုက်လုပ်ရခက်တဲ့ ကျွန်တော်ချစ်သူကို စပရိုက်လုပ်နိုင်ခဲ့ပြီး အနားမှာရှိခွင့် လက်ထပ်ခွင့်ကို လက်ခံပေးလို့ပါ။” လို့ ချစ်သူဖြစ်သူ သက်ပိုင်က သူရဲ့ လူမှုကွန်ရက်စာမျက်နှာကနေ ဒီဇင်ဘာ (၂၀)ရက်နေ့က ရေးသားထားတာပါ။
အေးချမ်းမိုးကလည်း ဘဝအတွက် လက်စွပ်တစ်ခါမှ မဝတ်ဖူးသေးတဲ့ လက်သကြွယ် လေးမှာ သူပေးတဲ့လက်စွပ်လေး စဝတ်ခဲ့တဲ့နေ့၊ ကိုယ်ပျော်ရွှင်ရဖို့ အမြဲဦးစားပေး စဉ်းစားပေးတဲ့ ချစ်သူကို ကျေးဇူးတင်ကြောင်းဆိုထားပါသေးတယ်။ အေးချမ်းမိုး ကတော့ အလှမယ်တစ်ဦးဖြစ်သလို ဆရာဝန်တစ်ဦးလည်းဖြစ်ပါတယ်။ Miss Universe Myanmar 2013 ၊ Miss Grand Myanmar 2017 စတဲ့ အလှမယ်ပြိုင်ပွဲတွေကနေတစ်ဆင့် ပရိသတ်အားပေးမှုကို ရရှိထားသူ တစ်ဦးလည်းဖြစ်ပါတယ်။
Be the first to comment on "ချစ်သူသက်တမ်း ရက်(၃၀၀) ပြည့်တဲ့နေ့မှာ လက်ထပ်ခွင့်တောင်းခံလိုက်ရတဲ့ အလှမယ် အေးချမ်းမိုး"