အာဏာသိမ်းစစ်တပ်ကို အရေးယူမည့် ဥပဒေကြမ်း Burma Act 2021 အမေရိကန် အောက်လွှတ်တော်မှာ တင်သွင်းလိုက်ပြီတဲ့။
သံတမန်ရေးရာအရ အရေးကြီးတဲ့ အောင်ပွဲတစ်ခုပါ။ ကူရင်တော့ MaALoe စောက်ပု မြန်မြန်ကြွမှာပေါ့။ ဘယ်နိုင်ငံမှမကူလည်း ငါတို့က နိုင်အောင်ထိ တိုက်မှာ။
ကိုယ်တွေက စိတ်ဝင်စားစား မဝင်စားစား ဂျပုတို့တော့ ဖင်ကြွနေမှာ သေချာတယ်။ ဘောမလေးတွေ အီးလို မတတ်ရင် ဂူဂဲလ်ထျွန်လိတ်နဲ့ ဖတ်ကြည့်ဖို့ Link လေးပါ ထည့်ပေးထားတယ်။
ဟယ်… နှိမ်မိပြန်ပြီ။
ပန်ဆယ်လို
—————
စစ်အာဏာသိမ်း မြန်မာစစ်တပ်ကို အရေးယူမည့် Burma Act ဥပဒေကြမ်း အမေရိကန် အောက်လွှတ်တော်တွင် တင်သွင်း
ရန်ကုန်၊ အောက်တိုဘာ ၆
အမေရိကန်ပြည်ထောင်စု၊ အောက်လွှတ်တော်တွင် စစ်အာဏာသိမ်း မြန်မာစစ်တပ်ကို အရေးယူမည့် “Burma Unified through Rigorous Military Accountability Act of 2021”ကို အောက်တိုဘာလ ၅ ရက်နေ့တွင် တင်သွင်းလိုက်ပြီဖြစ်ကြောင်း သိရှိရသည်။
“Burma Unified through Rigorous Military Accountability Act of 2021” ကို အမေရိကန်အောက်လွှတ်တော် နိုင်ငံခြားရေးရာ ကော်မတီ ဥက္ကဋ္ဌ Gregory W. Meeks (D-NY)၊ အောက်လွှတ်တော် နိုင်ငံခြားရေးရာကော်မတီ၊ အာရှ ပစိဖိတ် ဆပ်ကော်မတီမှ အဖွဲ့ဝင် Steve Chabot (R-OH) နှင့် လွှတ်တော်အမတ် Benjamin L. Cardin (D-MD)တို့ က တင်သွင်းလိုက်ခြင်းဖြစ်ကြောင်း သိရှိရသည်။
“မြန်မာ့ဒီမိုကရေစီလမ်းကြောင်းကို ဆန့်ကျင်ပြီး စစ်တပ်က တရားမဲ့ အာဏာ သိမ်းခဲ့တာ ရှစ်လရှိပါပြီ။ အမေရိကန်နဲ့ နိုင်ငံတကာအသိုင်းအဝိုင်းက ဖိအားပေးမှုတွေကို စစ်တပ်က ငြင်းပယ်ပြီး အကြမ်းဖက်သတ်ဖြတ်မှုတွေ၊ ဥပဒေမဲ့ ဖမ်းဆီးမှုတွေဆက်ကျူးလွန်နေပါတယ်။
အားလုံးပါဝင်တဲ့တွေ့ဆုံဆွေးနွေးရေး၊ အကြမ်းဖက်မှုတွေ ရပ်ဖို့၊ ဖမ်းဆီးထားသူတွေကို ပြန်လွှတ်ဖို့ကိုလည်း စစ်တပ်က ငြင်းပယ်နေပါတယ်။ အမေရိကန်အနေနဲ့ မြန်မာပြည်သူတွေကို ကာကွယ်ထောက်ခံအားပေးဖို့နဲ့ မြန်မာစစ်တပ်ရဲ့ အာဏာသိမ်းမှုကို လက်မခံဘူးဆိုတာကို တိကျရှင်းလင်းတဲ့ သတင်းစကားပေးဖို့ အများကြီးထပ်လုပ်ရမယ်” ဟု အောက်လွှတ်တော်နိုင်ငံခြားရေးကော်မတီဥက္ကဋ္ဌ Meeksက ပြောဆိုသည်။
“Burma Unified through Rigorous Military Accountability Act of 2021”တွင် စစ်အာဏာသိမ်းမှုနှင့် အကြမ်းဖက် သတ်ဖြတ်မှုများတွင် ပါဝင် ဆက်နွယ်နေသည့် ပုဂ္ဂိုလ်၊ အဖွဲ့အစည်းများကို ပစ်မှတ်ထား အရေးယူရန်၊ မြန်မာနိုင်ငံမှ ကျောက်မျက်ရတနာများ အမေရိကန်သို့ တင်သွင်းမှုကို ပိတ်ပင်ရန်၊
အမေရိကန်က မြန်မာ့အရေး ညှိနှိုင်းရေးမှူး ခန့်အပ်ရန်၊ လူမှုအဖွဲ့အစည်းများကို ထောက်ပံ့ရန်နှင့် လူသားချင်းစာနာထောက်ထားမှုအကူအညီများကို ပေးရန်၊ ရိုဟင်ဂျာများအပေါ် လူမျိုးတုန်းသတ်ဖြတ်ကြောင်းအမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနက
လက်ခံ အသိအမှတ်ပြုရန်၊ ကမ္ဘာ့ကုလသမဂ္ဂမှတစ်ဆင့် မြန်မာနိုင်ငံအပေါ် ထိရောက်သော အရေးယူမှုများ ဆောင်ရွက်ရေး အမေရိကန်က တောင်းဆို ဖိအားပေးရန်တို့ ပါဝင်ကြောင်း သိရှိရသည်။
Khit Thit Media
Be the first to comment on "ဥပဒေကြမ်း Burma Act 2021 နဲ့ ပတ်ပြီး ဘောမလေးတွေ အီးလို မတတ်ရင် ဂူဂဲလ်ထျွန်လိတ်နဲ့ ဖတ်ကြည့်နော်”လို့ ခပ်ထေ့ထေ့လေးပြောလိုက်တဲ့ ပန်ဆယ်လို"