မြန်မာ့ပညာရေး နိုင်ငံတကာအဆင့်မီရေး မင်းအောင်လှိုင် တိုက်တွန်း

မြန်မာ့ပညာရေး နိုင်ငံတကာအဆင့်မီ တိုးတက်လာစေရေးနဲ့ ပညာတတ်များ ပေါများလာစေရေး အားသွန်ခွန်စိုက် ကြိုးပမ်းကြရန် ဆရာ/မ များကို စစ်ကောင်စီဥက္ကဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က တိုက်တွန်းပြောကြားလိုက်ပါတယ်။

ယနေ့ (အောက်တိုဘာ ၅ရက်)မှာ ကျရောက်တဲ့ ကမ္ဘာ့ဆရာများနေ့ အထိမ်းအမှတ်အခမ်းအနားသို့ ပေးပို့သို့ သဝဏ်လွှာထဲမှာ ၎င်းက ယခုလို ပြောကြားထားတာ ဖြစ်ပါတယ်။

မြန်မာ့ပညာရေး နိုင်ငံတကာအဆင့်မီ တိုးတက်မြင့်မားလာစေရေးနဲ့ ပညာတတ်များ ပေါများလာစေရေးအတွက် ဆရာ၊ ဆရာမများ အနေနဲ့ ဆက်လက်အားသွန်ခွန်စိုက် ကြိုးပမ်းဆောင်ရွက်သွား ကြပါဖို့နဲ့ ၂၀၂၁ ခုနှစ် ကမ္ဘာ့ဆရာများနေ့ ဆောင်ပုဒ်ရဲ့

ဦးတည်ချက်နဲ့အညီ “ပညာရေး ပြန်လည်အားကောင်းရေး ဆရာများက ပဲ့ကိုင်ပေး” သွားကြပါရန် ကမ္ဘာ့ဆရာများနေ့ နေ့ထူးနေ့မြတ် အခါသမယမှာ အလေးအနက်ထား တိုက်တွန်းကြောင်း ပြောကြားထားပါတယ်။

ယင်းအပြင် ကျောင်းသားလူငယ်များကို အန္တရာယ်ကင်းပြီး ဘဝလုံခြုံမှုနဲ့ အောင်မြင်မှုကို ဖန်တီးနိုင်အောင် လေ့ကျင့်သင်ကြားသွားကြရမှာ ဖြစ်ကြောင်း၊ ယင်းကြောင့် “ဦးဆောင်ကျော်လွှား ကပ်ဘေးများ၊ အနာဂတ်ပုံဖော်ဆရာများ” ဟု ၂၀၂၀ ပြည့်နှစ် ကမ္ဘာ့ဆရာများနေ့ ဆောင်ပုဒ်က ဆိုခဲ့ခြင်း ဖြစ်တယ်လို့ ဆိုပါတယ်။

ယင်းကြောင့် ထူးချွန်ထက်မြက်၊ ပညာတတ်တဲ့ အနာဂတ် မျိုးဆက်သစ်များ ပေါ်ထွန်းလာစေရေးအတွက် ဆရာ၊ ဆရာမများရဲ့ အရည်အသွေးနဲ့ စွမ်းဆောင်ရည်များ အထူးလိုအပ်လှပြီး တပည့်များ လမ်းမှားမရောက်စေရန်အတွက်လည်း ဆရာ၊ ဆရာမများရဲ့ မှန်ကန်တဲ့ လမ်းညွှန်မှုများ လိုအပ်နေတယ်လို့ ၎င်းက ပြောကြားထားပါတယ်။

ကျောင်းသားလူငယ်များအား အန္တရာယ်ကင်းပြီး ဘဝလုံခြုံမှုနှင့် အောင်မြင်မှုကို ဖန်တီးနိုင်အောင် လေ့ကျင့်သင်ကြား သွားကြ ရမည်ဖြစ်ပါသည်။ ထို့ကြောင့် “ဦးဆောင်ကျော်လွှား ကပ်ဘေးများ၊ အနာဂတ်ပုံဖော် ဆရာများ” ဟု ၂၀၂၀ ပြည့်နှစ် ကမ္ဘာ့ ဆရာများနေ့ ဆောင်ပုဒ်က ဆိုခဲ့ခြင်းဖြစ်ပါသည်။

ထို့ကြောင့် ထူးချွန်ထက်မြက်၊ ပညာတတ်သော အနာဂတ်မျိုးဆက်သစ်များ ပေါ်ထွန်းလာစေရေးအတွက် ဆရာ၊ ဆရာမများ၏ အရည်အသွေးနှင့် စွမ်းဆောင်ရည်များ အထူးလိုအပ်လှပေသည်။

တပည့်များ လမ်းမှားမရောက်စေရန်အတွက်လည်း ဆရာ၊ ဆရာမများ၏ မှန်ကန်သောလမ်းညွှန်မှုများ လိုအပ်နေပေသည်။ မြန်မာ့ပညာရေး နိုင်ငံတကာအဆင့်မီ တိုးတက်မြင့်မားလာစေရေးနှင့် ပညာတတ်များ ပေါများလာစေရေးအတွက်

ဆရာ၊ ဆရာမများအနေဖြင့် ဆက်လက် အားသွန်ခွန်စိုက် ကြိုးပမ်းဆောင်ရွက်သွားကြပါရန် ဤကမ္ဘာ့ဆရာများနေ့ နေ့ထူးနေ့မြတ်အခါသမယ၌ အလေးအနက် ထား တိုက်တွန်းကြောင်း ၎င်းက ထပ်လောင်း ပြောကြားထားပါတယ်။

———–

ျမန္မာ့ပညာေရး ႏိုင္ငံတကာအဆင့္မီ တိုးတက္လာေစေရးနဲ႔ ပညာတတ္မ်ား ေပါမ်ားလာေစေရး အားသြန္ခြန္စိုက္ ႀကိဳးပမ္းၾကရန္ ဆရာ/မ မ်ားကို စစ္ေကာင္စီဥကၠဌ ဗိုလ္ခ်ဳပ္မႉးႀကီး မင္းေအာင္လႈိင္က တိုက္တြန္းေျပာၾကားလိုက္ပါတယ္။

ယေန႔ (ေအာက္တိုဘာ ၅ရက္)မွာ က်ေရာက္တဲ့ ကမာၻ႔ဆရာမ်ားေန႔ အထိမ္းအမွတ္အခမ္းအနားသို႔ ေပးပို႔သို႔ သဝဏ္လႊာထဲမွာ ၎က ယခုလို ေျပာၾကားထားတာ ျဖစ္ပါတယ္။

ျမန္မာ့ပညာေရး ႏိုင္ငံတကာအဆင့္မီ တိုးတက္ျမင့္မားလာေစေရးနဲ႔ ပညာတတ္မ်ား ေပါမ်ားလာေစေရးအတြက္ ဆရာ၊ ဆရာမမ်ား အေနနဲ႔ ဆက္လက္အားသြန္ခြန္စိုက္ ႀကိဳးပမ္းေဆာင္႐ြက္သြား ၾကပါဖို႔နဲ႔ ၂၀၂၁ ခုႏွစ္ ကမာၻ႔ဆရာမ်ားေန႔ ေဆာင္ပုဒ္ရဲ႕

ဦးတည္ခ်က္နဲ႔အညီ “ပညာေရး ျပန္လည္အားေကာင္းေရး ဆရာမ်ားက ပဲ့ကိုင္ေပး” သြားၾကပါရန္ ကမာၻ႔ဆရာမ်ားေန႔ ေန႔ထူးေန႔ျမတ္ အခါသမယမွာ အေလးအနက္ထား တိုက္တြန္းေၾကာင္း ေျပာၾကားထားပါတယ္။

ယင္းအျပင္ ေက်ာင္းသားလူငယ္မ်ားကို အႏၲရာယ္ကင္းၿပီး ဘဝလုံၿခဳံမႈနဲ႔ ေအာင္ျမင္မႈကို ဖန္တီးႏိုင္ေအာင္ ေလ့က်င့္သင္ၾကားသြားၾကရမွာ ျဖစ္ေၾကာင္း၊ ယင္းေၾကာင့္ “ဦးေဆာင္ေက်ာ္လႊား ကပ္ေဘးမ်ား၊ အနာဂတ္ပုံေဖာ္ဆရာမ်ား” ဟု ၂၀၂၀ ျပည့္ႏွစ္ ကမာၻ႔ဆရာမ်ားေန႔ ေဆာင္ပုဒ္က ဆိုခဲ့ျခင္း ျဖစ္တယ္လို႔ ဆိုပါတယ္။

ယင္းေၾကာင့္ ထူးခြၽန္ထက္ျမက္၊ ပညာတတ္တဲ့ အနာဂတ္ မ်ိဳးဆက္သစ္မ်ား ေပၚထြန္းလာေစေရးအတြက္ ဆရာ၊ ဆရာမမ်ားရဲ႕ အရည္အေသြးနဲ႔ စြမ္းေဆာင္ရည္မ်ား အထူးလိုအပ္လွၿပီး တပည့္မ်ား လမ္းမွားမေရာက္ေစရန္အတြက္လည္း ဆရာ၊ ဆရာမမ်ားရဲ႕ မွန္ကန္တဲ့ လမ္းၫႊန္မႈမ်ား လိုအပ္ေနတယ္လို႔ ၎က ေျပာၾကားထားပါတယ္။

ေက်ာင္းသားလူငယ္မ်ားအား အႏၲရာယ္ကင္းၿပီး ဘဝလုံၿခဳံမႈႏွင့္ ေအာင္ျမင္မႈကို ဖန္တီးႏိုင္ေအာင္ ေလ့က်င့္သင္ၾကား သြားၾက ရမည္ျဖစ္ပါသည္။ ထို႔ေၾကာင့္ “ဦးေဆာင္ေက်ာ္လႊား ကပ္ေဘးမ်ား၊ အနာဂတ္ပုံေဖာ္ ဆရာမ်ား” ဟု ၂၀၂၀ ျပည့္ႏွစ္ ကမာၻ႔ ဆရာမ်ားေန႔ ေဆာင္ပုဒ္က ဆိုခဲ့ျခင္းျဖစ္ပါသည္။

ထို႔ေၾကာင့္ ထူးခြၽန္ထက္ျမက္၊ ပညာတတ္ေသာ အနာဂတ္မ်ိဳးဆက္သစ္မ်ား ေပၚထြန္းလာေစေရးအတြက္ ဆရာ၊ ဆရာမမ်ား၏ အရည္အေသြးႏွင့္ စြမ္းေဆာင္ရည္မ်ား အထူးလိုအပ္လွေပသည္။

တပည့္မ်ား လမ္းမွားမေရာက္ေစရန္အတြက္လည္း ဆရာ၊ ဆရာမမ်ား၏ မွန္ကန္ေသာလမ္းၫႊန္မႈမ်ား လိုအပ္ေနေပသည္။ ျမန္မာ့ပညာေရး ႏိုင္ငံတကာအဆင့္မီ တိုးတက္ျမင့္မားလာေစေရးႏွင့္ ပညာတတ္မ်ား ေပါမ်ားလာေစေရးအတြက္

ဆရာ၊ ဆရာမမ်ားအေနျဖင့္ ဆက္လက္ အားသြန္ခြန္စိုက္ ႀကိဳးပမ္းေဆာင္႐ြက္သြားၾကပါရန္ ဤကမာၻ႔ဆရာမ်ားေန႔ ေန႔ထူးေန႔ျမတ္အခါသမယ၌ အေလးအနက္ ထား တိုက္တြန္းေၾကာင္း ၎က ထပ္ေလာင္း ေျပာၾကားထားပါတယ္။

Be the first to comment on "မြန်မာ့ပညာရေး နိုင်ငံတကာအဆင့်မီရေး မင်းအောင်လှိုင် တိုက်တွန်း"

Leave a comment

Your email address will not be published.


*