ကေတီဗီ အခန်းထဲ ချစ်တင်း‌နှော နေသည့်ခင်ပွန်း နှင့် အလုပ် သမားကို အမှုဖွင့်








———-

ပဲခူးတိုင်း၊ကျောက်တံခါးမြို့နယ်၊ ကွင်းတောင်ရပ်ကွက်၌ ဒီဇင်ဘာ ၂၀ရက်နေ့ မွန်းလွဲ ၁နာရီခန့်က ကေတီဗီခန်းထဲတွင် ချစ်တင်း‌နှေား နေသော ခင်ပွန်းနှင့် အလုပ်သမားကို အမှုဖွင့်ထားကြောင်း သိရသည်။

ကွင်းနောက်ရပ်ကွက်နေ စားသောက်ဆိုင်လုပ်ငန်း လုပ်ကိုင်သူ အသက် ၃၉နှစ်အရွယ် အမျိုးသမီးသည် ချစ်ဦး(၃၄နှစ်)နှင့် တရားရုံးတွင် လက်ထပ်စာချုပ်ချုပ်ဆိုပြီးဗမာဓလေ့ထုံးတမ်းအစဉ်အလာအရ တရားဝင် ထိမ်းမြားလက်ထပ်ကာ ကျောက်တံခါးမြို့၊စာတိုက်ရပ်ကွက်ရှိ ၎င်း၏ဈေးဆိုင်တွင်နေထိုင်ကာ သားတစ်ဦး ထွန်ကား ခဲ့ကြောင်း ဆိုသည်။

ထိုနောက် ၂၀၁၉ ခုနှစ် ဖေဖော်ဝါရီလအတွင်းမှ ကွင်းနောက်ရပ်ကွက်ဘက်သို့ ပြောင်းရွေ့ကာ “ကောင်းထက်စံ” အမည်ဖြင့် စားသောက်ဆိုင်ဖွင့်ပြီး၊ တစ်လလျှင် ကျပ်(၁၅၀၀၀၀)ဖြင့် အမျိုးသမီး နှစ်ဦးအား ခေါ်ယူ လုပ်ကိုင်ရာ ဒီဇင်ဘာ ၂၀ရက်နေ့ ည(၁၂)နာရီခန့် အလုပ်သမား အမျိုးသမီး နှစ်ဦးအိပ်သည့် အခန်းအား သွားရောက်ကြည့်ရှုစဉ် ၎င်းတို့အိပ်သော အခန်းတွင် တံခါးဖွင့်နေသဖြင့် ဝင်ရောက်ကြည့်ရှုရာ အသက် ၂၀နှစ် အရွယ် အမျိုးသမီးတစ်ဦးသာ တွေ့ရှိရကြောင်း ဆိုသည်။

တွေ့ရှိရသော အမျိုးသမီးနှင့် စားသောက်ဆိုင်အတွင်းလိုက်လံကြည့်ရှုရာ ကေတီဗီအခန်းတစ်ခု၌ ခင်ပွန်းဖြစ်သူ ချစ်ဦးနှင့် တူးမာတို့ မှာ ခြင်ထောင်အတွင်း အိပ်လျှက် ချစ်တင်းနှေားနေလျှက် တွေ့ရှိရ၍ ၎င်းတို့နှစ်ဦးအား အရေးယူပေးပါရန် တိုင်ကြားခဲ့ကြောင်း ရဲတပ်ဖွဲ့ထံက သိရသည်။

ဖြစ်စဉ်နှင့်ပတ်သက်၍ ချစ်ဦးနှင့် တူးမာတို့ နှစ်ဦးအားကျောက်တံခါးမြို့မရဲစခန်းမှ (ပ)၃၄၅/၂၀၂၀၊တစ်လင် တစ်မယားစနစ်ကျင့်သုံးခြင်းဆိုင်ရာဥပဒေပုဒ်မ ၁၃ ဖြင့် အမှုဖွင့် စစ်ဆေးလျှက်ရှိကြောင်း သိရသည်။

ဦးပြုံး(နိုင်ငံမျက်လုံး)

Top Phoenix Media Group

Be the first to comment on "ကေတီဗီ အခန်းထဲ ချစ်တင်း‌နှော နေသည့်ခင်ပွန်း နှင့် အလုပ် သမားကို အမှုဖွင့်"

Leave a comment

Your email address will not be published.


*