အင်္ဂုလိမာလလို လက်ဖြတ်ပြီး ဆွဲကြိုးလုပ်ဝတ်ခဲ့တဲ့ အမျိုးသမီးတစ်ဦး(သို့) ခေတ်သစ် အင်္ဂုလိမာလ

ဒီတစ်ခါမှာဖော်ပြမှာကတော့ မိမိလက်ကို ဖြတ်ပြီးမပုတ်မသိုးအောင် ဆေးစိမ်ကာ ဆွဲကြိုးပြုလုပ်ပြီး အလှချိတ်ဆွဲထားတဲ့ အမျိုးသမီးတစ်ယောက် အကြောင်းဖြစ်ပါတယ်။

ဒီအမျိုးသမီး ရဲ့ နာမည်က Torz Reynolds လို့ခေါ်ပါတယ်။ သာမန်သူအဖို့တော့ ကြောက်စရာကောင်းတဲ့ လုပ်ရပ်တစ်ခုပါပဲ။

ဒီအမျိုးသမီးဟာ ခန္ဓာကိုယ်ကို ဖောက်ထွင်းအလှဆင်တာ မြတ်နိုးသူတစ်ယောက်ဖြစ်ပြီး Essex မြို့သူတစ်ယောက်လည်းဖြစ်ပါတယ်။

သူမဟာ သူမရဲ့ လက်သန်းကို သူမကိုယ်တိုင်လှီးဖြတ်ခဲ့ပြီး နောက်မှာ မပုတ်မသိုးအောင် ဆေးရည်စိမ်ပြီး လော့ကတ် ဖန်ဘူးလေးတစ်ခုအတွင်းမှာထားရှိခဲ့ပါတယ်။

ဒီနောက်မှာတော့ သူမဟာ လည်ဆွဲတန်ဆာတစ်ခုအဖြစ် ပြောင်းလဲဝတ်ဆင်ခဲ့ပါတယ်။

သူမဟာ ခေသူတစ်ယောက်တော့မဟုတ်ပါဘူး။ တစ်ခါက သူမကို အရှက်ရစေခဲ့တဲ့ ရည်းစားဟောင်းအတွက် သူမလက်မောင်းတက်တူးကိုအရေခွံနွှာပြီး လက်ဆောင်ပေးခဲ့သေးတယ်လို့လည်း သိရပါတယ်။

အခုလိုလက်သန်းကို ဖြတ်လိုက်တဲ့ရည်ရွယ်ချက်က လက်သန်းဖြတ်လိုက်တဲ့နောက်ပိုင်း ကြုံတွေ့ရမယ့်အခက်အခဲတွေကို ရင်ဆိုင်ကြည့်ချင်စိတ်ကြောင့်ဖြစ်တယ်လို့ သူမကဆိုပါတယ်။

စိန်ခေါ်မှုတွေကို ရင်ဆိုင်နိုင်တာ ကောင်းပေမယ့် ဒါကတော့ တစ်ဖက်ကမ်းကျော်သွားပြီးလို့ သတ်မှတ်ရမှာပါပဲ။

Crd – မူရင်း

——– 

ဒီတစ္ခါမွာေဖာ္ျပမွာကေတာ့ မိမိလက္ကို ျဖတ္ၿပီးမပုတ္မသိုးေအာင္ ေဆးစိမ္ကာ ဆြဲႀကိဳးျပဳလုပ္ၿပီး အလွခ်ိတ္ဆြဲထားတဲ့ အမ်ိဳးသမီးတစ္ေယာက္ အေၾကာင္းျဖစ္ပါတယ္။

ဒီအမ်ိဳးသမီး ရဲ႕ နာမည္က Torz Reynolds လို႔ေခၚပါတယ္။ သာမန္သူအဖို႔ေတာ့ ေၾကာက္စရာေကာင္းတဲ့ လုပ္ရပ္တစ္ခုပါပဲ။

ဒီအမ်ိဳးသမီးဟာ ခႏၶာကိုယ္ကို ေဖာက္ထြင္းအလွဆင္တာ ျမတ္ႏိုးသူတစ္ေယာက္ျဖစ္ၿပီး Essex ၿမိဳ႕သူတစ္ေယာက္လည္းျဖစ္ပါတယ္။

သူမဟာ သူမရဲ႕ လက္သန္းကို သူမကိုယ္တိုင္လွီးျဖတ္ခဲ့ၿပီး ေနာက္မွာ မပုတ္မသိုးေအာင္ ေဆးရည္စိမ္ၿပီး ေလာ့ကတ္ ဖန္ဘူးေလးတစ္ခုအတြင္းမွာထားရွိခဲ့ပါတယ္။

ဒီေနာက္မွာေတာ့ သူမဟာ လည္ဆြဲတန္ဆာတစ္ခုအျဖစ္ ေျပာင္းလဲဝတ္ဆင္ခဲ့ပါတယ္။

သူမဟာ ေခသူတစ္ေယာက္ေတာ့မဟုတ္ပါဘူး။ တစ္ခါက သူမကို အရွက္ရေစခဲ့တဲ့ ရည္းစားေဟာင္းအတြက္ သူမလက္ေမာင္းတက္တူးကိုအေရခြံႏႊာၿပီး လက္ေဆာင္ေပးခဲ့ေသးတယ္လို႔လည္း သိရပါတယ္။

အခုလိုလက္သန္းကို ျဖတ္လိုက္တဲ့ရည္႐ြယ္ခ်က္က လက္သန္းျဖတ္လိုက္တဲ့ေနာက္ပိုင္း ႀကဳံေတြ႕ရမယ့္အခက္အခဲေတြကို ရင္ဆိုင္ၾကည့္ခ်င္စိတ္ေၾကာင့္ျဖစ္တယ္လို႔ သူမကဆိုပါတယ္။

စိန္ေခၚမႈေတြကို ရင္ဆိုင္ႏိုင္တာ ေကာင္းေပမယ့္ ဒါကေတာ့ တစ္ဖက္ကမ္းေက်ာ္သြားၿပီးလို႔ သတ္မွတ္ရမွာပါပဲ။

Crd – မူရင္း

Be the first to comment on "အင်္ဂုလိမာလလို လက်ဖြတ်ပြီး ဆွဲကြိုးလုပ်ဝတ်ခဲ့တဲ့ အမျိုးသမီးတစ်ဦး(သို့) ခေတ်သစ် အင်္ဂုလိမာလ"

Leave a comment

Your email address will not be published.


*