ဘုန်းကြီးကျောင်းက စွန့်မယ့် ဆွမ်းဟင်း စောင့်ဆိုင်းသူတွေ များပြား





———–

မြန်မာပြည်မှာ ထမင်းငတ်လို့ သေတဲ့ မသာ မရှိဘူးဆိုတဲ့ စကား မှန်သေးရဲ့လား?

စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့ ရပ်ကွက်အချို့က အိမ်ထောင်စု ၂၀၀ လောက်ဟာ ကပ်ဘေးကာလမှာ စားဝတ်နေရေး ခက်ခဲနေလို့၊ မြစင်္ကြာဘုန်းကြီးကျောင်းအနီးမှာ ဘုန်းကြီးကျောင်းက ပြန်စွန့်မယ့် ဆွမ်းနဲ့ဟင်းတွေကို လာရောက် စောင့်ဆိုင်းနေကြတာဖြစ်ပါတယ်။

အခုလို စုဝေးကြတာ နှစ်လခန့် ကြာမြင့်ပြီဖြစ်ပြီး မနက် ၁၀ နာရီခွဲလောက်ကနေ ၁၂ နာရီလောက်ထိ ဒီနေရာမှာ ရှိကြတာပါ။ အလှူရှင်တွေကလည်း လာရောက်လှူဒါန်းကြတာ တွေ့ရပါတယ်။

ဒီနေ့မှာတော့ လူစုလူဝေး မဖြစ်ဖို့နဲ့ နောက်ရက်တွေမှာ ရပ်ကွက်အရောက် လာလှူပေးမှာဖြစ်ကြောင်း သက်ဆိုင်ရာ အုပ်ချုပ်ရေးအဖွဲ့က လာရောက်ပြောကြားခဲ့ပါတယ်။

Be the first to comment on "ဘုန်းကြီးကျောင်းက စွန့်မယ့် ဆွမ်းဟင်း စောင့်ဆိုင်းသူတွေ များပြား"

Leave a comment

Your email address will not be published.


*