လည်းရှိပါတယ်
Unicode
သဘာဝမင်းသားအဖြစ် ပရိသတ်တွေရဲ့ တစ်ခဲနက် အားပေးမှုတွေကို ရရှိထားသူကတော့ မင်းသားချောလေး မြင့်မြတ်ပဲ ဖြစ်ပါတယ်။ သူဟာ ဆယ်စုနှစ်ကျော်တိုင်အောင် အနုပညာလောကမှာ နေရာတစ်နေရာရပ်တည်နေပြီး ပီပြင်တဲ့ သရုပ်ဆောင်မှုတွေကြောင့် အကယ်ဒမီထူးချွန်ဆုကိုပါ ရရှိပိုင်ဆိုင်ထားတာလည်း ဖြစ်ပါတယ်။ ဒါ့အပြင် ကြည်နူးသာယာစရာကောင်းတဲ့ မိသားစုဘဝလေးကို ဖန်တီးတည်ဆောက်ထားတာလည်း ဖြစ်ပါတယ်။
မြင့်မြတ်ဟာ လတ်တလောမှာတော့ စိတ်ညစ်စရာကိစ္စတစ်ချို့နဲ့ ရင်ဆိုင်နေရတာလည်း ဖြစ်ပါတယ်။ သရုပ်ဆောင် ဂျူးဂျူးပန်ထွာကလည်း သူမရဲ့ လူမှုကွန်ယက်စာမျက်နှာမှာ မိဘတွေအပေါ်သိတတ်လိမ္မာလွန်းတဲ့သူငယ်ချင်းဖြစ်သူမြင့်မြတ်ရဲ့အကြောင်းစုံကို အခုလိုပဲ ဖွင့်ဟပြောပြလာတာပဲ ဖြစ်ပါတယ်။ ” မင်းသားမဖြစ်ခင်ကတည်းက သူငယ်ချင်းတွေ
ကိုယ့်ထက်အသက်ကြီးပေမယ့် မောင်နှမအရင်းလိုနေလာခဲ့တော့ အကြောင်းသိတွေ
မြင့်မြတ်တို့ မြောက်ဒဂုံမှာ အိမ်ပိုင်နဲ့ နေနိုင်တာတောင်မကြာသေးဘူး
အရမ်းကြိုးစားပြီး အရမ်းရိုးသားတဲ့ ဇနီးမောင်နံ မိသားစုကိုလည်း သိတတ်လိုက်တာ
ကိုယ်ဘာလို့သိလည်း သူတို့နဲ့ ၆ လလောက်တစ်အိမ်ထဲ မိသားစုလို နေခဲ့လို့သိတာ
အရင်ထဲက ရွာမမှာ အခွေဆိုင်ဖွင့်ဖျက်ပြီး စတိုးဆိုင်ထပ်ဖွင့်ပေးထားတာ အင်းစိန် ရွာမမှာနေတဲ့လူတိုင်းသိပါတယ်ဦးလေးက Taxi မောင်းတယ် နောက်ပိုင်းမင်းသားဖြစ်လာတော့
မိဘကို ကွန်ဒိုတွေ ကားတွေ ဝယ်ပေးတယ် မောင်းနေတဲ့ Taxi ကိုလည်း ဝယ်ပေးထားတယ် မမောင်းဖို့ ပြောပေမယ့်မရတော့ မိဘ စိတ်ချမ်းသာပါစေဆို လွှတ်ပေးထားတယ် ခုလိုဖြစ်လာမှာကိုလည်း ကြိုသိပြီးသားပါ
တစ်ကယ် ပေးဆပ်ခဲ့တဲ့ သားသမီးကောင်းတွေပါ
မိသားစုဝင်လိုဖြစ်နေလို့ အားလုံးသိနေတာပါ
Fighting မျိုးမင်းဟိန်း ခင်သူအောင် တစ်နေ့ ဒီလိုဖြစ်လာလိမ့်မယ်ထင်သားပါ
တစ်လ သိန်း ၃၀ ပေးပြီးတဲ့ အပြင်
ဝယ်ပေးထားတဲ့ တိုက်ခန်းတွေ ကွန်ဒိုတွေ ကားတွေ
လည်းရှိပါတယ်
မိဘကို သိန်းထောင်ချီတွေလည်း ပေးနေတာပါ
လိုအပ်မှ ဝင်ပြောပေးတော့မယ်ဟာ
fighting သူငယ်ချင်းတို့
ဘာပဲဖြစ်ဖြစ် နင်တို့နှစ်ယောက်လုံး သားသမီးကောင်းတွေပါ ဘယ်သူမှ မသိချင်ယောင်ဆောင်နေကြရင်တောင်ဘုရားသိပါတယ် Fighting နော် ” ဆိုပြီး ရေးသားထားတာပဲ ဖြစ်ပြီး ပရိသတ်တွေအတွက် ဒီသတင်းလေးကို တစ်ဆင့် ပြန်လည် ကူးယူတင်ဆက်ပေးလိုက် ရပါတယ်နော်။
Source and Photo Crd- Myint Myat’s and Jue Lay’s Facebook Account
Be the first to comment on "သူငယ်ချင်းဖြစ်သူ မြင့်မြတ်ရဲ့အကြောင်းစုံကိုဖွင့်ဟပြောပြလာတဲ့ သရုပ်ဆောင် ဂျူးဂျူးပန်ထွာ"