ကိုေအာင္ႀကီး ရဲတပ္ဖြဲ႕ကို တရားစြဲဆိုထားသည့္ သိန္း ၅၀၀၀ နစ္နာေၾကးအမွု ရဲခ်ဳပ္ကိုယ္တိုင္ ရွင္းရမည္
ေနျပည္ေတာ္မွ နိုင္ငံေက်ာ္ ဗစ္တိုးရီးယား သက္ငယ္မုဒိမ္းမွုတြင္ မွားယြင္းအဖမ္းခံခဲ့ရသည့္ ကိုေအာင္ႀကီးက ျမန္မာနိုင္ငံရဲတပ္ဖြဲ႕ကို နစ္နာမွုအတြက္ ေလ်ာ္ေၾကးက်ပ္ သိန္း ၅၀၀၀ ေတာင္းဆိုထားသည့္ အမွုကို ဒီဇင္ဘာ ၁၈ ရက္တြင္ ဒကၡိဏခရိုင္တရား႐ုံးက စတင္ၾကား နာ စစ္ေဆးကာ တရားလိုဘက္မွ အဆိုျပဳလႊာကို တရား႐ုံးက လက္ခံ လိုက္ၿပီး ျမန္မာနိုင္ငံရဲတပ္ဖြဲ႕ကိုယ္စား တရား႐ုံးသို႔ ရဲခ်ဳပ္ကိုယ္တိုင္ လာေရာက္ ရွင္းလင္းရမည္ျဖစ္ ေၾကာင္း သိရပါတယ္။
“အဆိုလႊာကို တရားသူႀကီးက စိစစ္ပါတယ္။ စိစစ္ၿပီးေတာ့ ကၽြန္ေတာ္တို႔ကလည္း ေျပာျပပါတယ္ ရွင္းျပပါတယ္။ အဲဒီအခါက်ေတာ့ တရားသူႀကီးက ဒီအဆိုလႊာအတိုင္း ေပါ့ဗ်ာ။ အက်အေပါက္ မရွိဘူး ျပင္ခိုင္းစရာမရွိဘူးဆိုၿပီးတာ့ ဒီအဆို အလႊာကို အတည္ျပဳလိုက္ပါတယ္။
အတည္ျပဳလိုက္ၿပီးေတာ့မွ ခုက တစ္ဖက္ တရားၿပိဳင္ကို ျငင္းခ်က္ သမၼန္စာထုတ္ဖို႔ဆိုၿပီးေတာ့ ႐ုံးအဖြဲ႕ကို ညႊန္ၾကားလိုက္ပါတယ္။ အဲဒီေတာ့ ျငင္းခ်က္သမၼန္စာထုတ္ၿပီးေတာ့ အေရာက္ျပမယ့္ေန႔က ဇန္နဝါရီ ၁၅ ရက္ပါ။ အဲဒီေတာ့ ဇန္နဝါရီ ၁၅ရက္မွာ ျငင္းခ်က္သမၼန္စာကို ရဲခ်ဳပ္ ျမန္မာနိုင္ငံရဲတပ္ဖြဲ႕ဆိုၿပီး ေတာ့ ထုတ္ရပါမယ္။
အဲဒီေတာ့ ျမန္မာနိုင္ငံ ရဲတပ္ဖြဲ႕တစ္ခုလုံးကို ကၽြန္ေတာ္တို႔ ျငင္းခ်က္စစ္ေဆးမွာပါ။ ဒါေပမဲ့ ရဲခ်ဳပ္က သူ႔ရဲ့ အႀကီးအမွူး ျဖစ္တဲ့အတြက္ သူကိုတပ္တာေပါ့ဗ်ာ။ အဲဒီေတာ့ အဲဒီေန႔မွာ ရဲခ်ဳပ္ကိုယ္တိုင္ေတာ့ လာေကာင္းမွလာမယ္။ မလာလို႔ေတာ့လည္း မရေလာက္ဘူး။ ရဲခ်ဳပ္ေသာ္လည္းေကာင္း သူက ျငင္းခ်က္ သမၼန္စာကိုယ္မွာက သင္ ျဖစ္ေစ သင္၏ကိုယ္စားလွယ္ျဖစ္ေစ သင္၏ေရွ႕ေနျဖစ္ေစ တင္ျပရမယ့္စာရြက္စာတမ္းေတြယူၿပီးေတာ့ အဲဒီေန႔ လာရမယ္ဆိုၿပီးပါေတာ့ အဲဒီေန႔ေတာ့ တစ္ေယာက္ေယာက္ေတာ့ လာရမွာပဲ။
အဲဒီေန႔ကေတာ့ အဲဒီ အေရာက္ျပမွာပဲ။ အဲဒီ႐ုံးခ်ိန္းၿပီးေတာ့ ေနာက္႐ုံးခ်ိန္းမွာ ေမးခြန္းသူတို႔ ေမးခ်င္ေမးမယ္။ ဒါေပမဲ့ ႐ုံးကသတ္ မွတ္တာကေတာ့ ေနာက္႐ုံးခ်ိန္းမွာ ျငင္းခ်က္ထုတ္ဖို႔ပဲ”” ဟု ကိုေအာင္ ႀကီးေရွ႕ေန ဦးခင္ေမာင္ေဇာ္က ေျပာပါတယ္။
ထို႔ျပင္ လုပ္ထုံးလုပ္နည္း အသစ္အရ တရားမမွုမ်ားတြင္ ႏွစ္ဖက္ ဖ်န္ေျဖေရးရွိသည့္အတြက္ ညႇိႏွိုင္းမွုအဆင္ေျပပါက အမွုၿပီးဆုံးသြားနိုင္ေၾကာင္းလည္း သိရပါတယ္။
ဗစ္တိုးရီးယားအမွုမွာ မွားယြင္းအစြပ္စြဲခံခဲ့ရတဲ့ ကိုေအာင္ေက်ာ္ မ်ိဳး(ခ)ကိုေအာင္ႀကီးက ျမန္မာနိုင္ငံ ရဲတပ္ဖြဲ႕ကို တရားျပန္စြဲလိုက္ျခင္း သည္ သူ၏ တစ္ႏွစ္ေက်ာ္ၾကာ ႐ုပ္ပိုင္းစိတ္ပိုင္းဆိုင္ရာ ထိခိုက္နစ္နာမွု မ်ားအတြက္ ျဖစ္ေၾကာင္းလည္း ကိုေအာင္ႀကီးက ယခုကဲ့သို႔ေျပာပါတယ္။
“ကၽြန္ေတာ့္ရဲ့သိကၡာ၊ ကၽြန္ေတာ့္ရဲ့မိသားစု၊ ကၽြန္ေတာ့္ရဲ့ ဘ၀ အကုန္လုံးျခဳံၿပီးေတာ့ ျပန္တရားစြဲတာပါ” ဟု ကိုေအာင္ႀကီးက ေျပာပါတယ္။
လက္ရွိတြင္ ျမန္မာနိုင္ငံ ရဲတပ္ဖြဲ႕၏ တာဝန္ခံတာဝန္ယူသူ အျဖစ္ ရဲခ်ဳပ္ေအာင္ဝင္းဦး (ျမန္မာ နိုင္ငံရဲတပ္ဖြဲ႕) ကို တရားၿပိဳင္အျဖစ္ ထားပါတယ္။ တရားလိုေရွ႕ေနမ်ား အျဖစ္ ေနျပည္ေတာ္က တရားလႊတ္ေတာ္ေရွ႕ေနမ်ားျဖစ္တဲ့ ဦးခင္ေမာင္ေဇာ္၊ ဦးေနတူး၊ ဦးသဲေမာင္ေမာင္ တို႔က လိုက္ပါေဆာင္ရြက္ေပးေနျခင္း ျဖစ္ၿပီး မဟာဗ်ဴဟာေျမာက္ တရားစြဲဆိုျခင္းအျဖစ္ အခမဲ့လိုက္ပါေဆာင္ရြက္ေပးၾကေနၾကျခင္း ျဖစ္ေၾကာင္း ေရွ႕ေနဦးခင္ေမာင္ေဇာ္က ေျပာၾကား ထားပါတယ္။
———–
ကိုအောင်ကြီး ရဲတပ်ဖွဲ့ကို တရားစွဲဆိုထားသည့် သိန်း ၅၀၀၀ နစ်နာကြေးအမှု ရဲချုပ်ကိုယ်တိုင် ရှင်းရမည်
နေပြည်တော်မှ နိုင်ငံကျော် ဗစ်တိုးရီးယား သက်ငယ်မုဒိမ်းမှုတွင် မှားယွင်းအဖမ်းခံခဲ့ရသည့် ကိုအောင်ကြီးက မြန်မာနိုင်ငံရဲတပ်ဖွဲ့ကို နစ်နာမှုအတွက် လျော်ကြေးကျပ် သိန်း ၅၀၀၀ တောင်းဆိုထားသည့် အမှုကို ဒီဇင်ဘာ ၁၈ ရက်တွင် ဒက္ခိဏခရိုင်တရားရုံးက စတင်ကြား နာ စစ်ဆေးကာ တရားလိုဘက်မှ အဆိုပြုလွှာကို တရားရုံးက လက်ခံ လိုက်ပြီး မြန်မာနိုင်ငံရဲတပ်ဖွဲ့ကိုယ်စား တရားရုံးသို့ ရဲချုပ်ကိုယ်တိုင် လာရောက် ရှင်းလင်းရမည်ဖြစ် ကြောင်း သိရပါတယ်။
“အဆိုလွှာကို တရားသူကြီးက စိစစ်ပါတယ်။ စိစစ်ပြီးတော့ ကျွန်တော်တို့ကလည်း ပြောပြပါတယ် ရှင်းပြပါတယ်။ အဲဒီအခါကျတော့ တရားသူကြီးက ဒီအဆိုလွှာအတိုင်း ပေါ့ဗျာ။ အကျအပေါက် မရှိဘူး ပြင်ခိုင်းစရာမရှိဘူးဆိုပြီးတာ့ ဒီအဆို အလွှာကို အတည်ပြုလိုက်ပါတယ်။
အတည်ပြုလိုက်ပြီးတော့မှ ခုက တစ်ဖက် တရားပြိုင်ကို ငြင်းချက် သမ္မန်စာထုတ်ဖို့ဆိုပြီးတော့ ရုံးအဖွဲ့ကို ညွှန်ကြားလိုက်ပါတယ်။ အဲဒီတော့ ငြင်းချက်သမ္မန်စာထုတ်ပြီးတော့ အရောက်ပြမယ့်နေ့က ဇန်နဝါရီ ၁၅ ရက်ပါ။ အဲဒီတော့ ဇန်နဝါရီ ၁၅ရက်မှာ ငြင်းချက်သမ္မန်စာကို ရဲချုပ် မြန်မာနိုင်ငံရဲတပ်ဖွဲ့ဆိုပြီး တော့ ထုတ်ရပါမယ်။
အဲဒီတော့ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့တစ်ခုလုံးကို ကျွန်တော်တို့ ငြင်းချက်စစ်ဆေးမှာပါ။ ဒါပေမဲ့ ရဲချုပ်က သူ့ရဲ့ အကြီးအမှူး ဖြစ်တဲ့အတွက် သူကိုတပ်တာပေါ့ဗျာ။ အဲဒီတော့ အဲဒီနေ့မှာ ရဲချုပ်ကိုယ်တိုင်တော့ လာကောင်းမှလာမယ်။ မလာလို့တော့လည်း မရလောက်ဘူး။ ရဲချုပ်သော်လည်းကောင်း သူက ငြင်းချက် သမ္မန်စာကိုယ်မှာက သင် ဖြစ်စေ သင်၏ကိုယ်စားလှယ်ဖြစ်စေ သင်၏ရှေ့နေဖြစ်စေ တင်ပြရမယ့်စာရွက်စာတမ်းတွေယူပြီးတော့ အဲဒီနေ့ လာရမယ်ဆိုပြီးပါတော့ အဲဒီနေ့တော့ တစ်ယောက်ယောက်တော့ လာရမှာပဲ။
အဲဒီနေ့ကတော့ အဲဒီ အရောက်ပြမှာပဲ။ အဲဒီရုံးချိန်းပြီးတော့ နောက်ရုံးချိန်းမှာ မေးခွန်းသူတို့ မေးချင်မေးမယ်။ ဒါပေမဲ့ ရုံးကသတ် မှတ်တာကတော့ နောက်ရုံးချိန်းမှာ ငြင်းချက်ထုတ်ဖို့ပဲ”” ဟု ကိုအောင် ကြီးရှေ့နေ ဦးခင်မောင်ဇော်က ပြောပါတယ်။
ထို့ပြင် လုပ်ထုံးလုပ်နည်း အသစ်အရ တရားမမှုများတွင် နှစ်ဖက် ဖျန်ဖြေရေးရှိသည့်အတွက် ညှိနှိုင်းမှုအဆင်ပြေပါက အမှုပြီးဆုံးသွားနိုင်ကြောင်းလည်း သိရပါတယ်။
ဗစ်တိုးရီးယားအမှုမှာ မှားယွင်းအစွပ်စွဲခံခဲ့ရတဲ့ ကိုအောင်ကျော် မျိုး(ခ)ကိုအောင်ကြီးက မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ကို တရားပြန်စွဲလိုက်ခြင်း သည် သူ၏ တစ်နှစ်ကျော်ကြာ ရုပ်ပိုင်းစိတ်ပိုင်းဆိုင်ရာ ထိခိုက်နစ်နာမှု များအတွက် ဖြစ်ကြောင်းလည်း ကိုအောင်ကြီးက ယခုကဲ့သို့ပြောပါတယ်။
“ကျွန်တော့်ရဲ့သိက္ခာ၊ ကျွန်တော့်ရဲ့မိသားစု၊ ကျွန်တော့်ရဲ့ ဘ၀ အကုန်လုံးခြုံပြီးတော့ ပြန်တရားစွဲတာပါ” ဟု ကိုအောင်ကြီးက ပြောပါတယ်။
လက်ရှိတွင် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့၏ တာဝန်ခံတာဝန်ယူသူ အဖြစ် ရဲချုပ်အောင်ဝင်းဦး (မြန်မာ နိုင်ငံရဲတပ်ဖွဲ့) ကို တရားပြိုင်အဖြစ် ထားပါတယ်။ တရားလိုရှေ့နေများ အဖြစ် နေပြည်တော်က တရားလွှတ်တော်ရှေ့နေများဖြစ်တဲ့ ဦးခင်မောင်ဇော်၊ ဦးနေတူး၊ ဦးသဲမောင်မောင် တို့က လိုက်ပါဆောင်ရွက်ပေးနေခြင်း ဖြစ်ပြီး မဟာဗျူဟာမြောက် တရားစွဲဆိုခြင်းအဖြစ် အခမဲ့လိုက်ပါဆောင်ရွက်ပေးကြနေကြခြင်း ဖြစ်ကြောင်း ရှေ့နေဦးခင်မောင်ဇော်က ပြောကြား ထားပါတယ်။
Be the first to comment on "ရဲတပ်ဖွဲ့ကို ကိုအောင်ကြီး တရားစွဲဆိုထားသည့် သိန်း ၅၀၀၀ နစ်နာကြေးအမှု ရဲချုပ်ကိုယ်တိုင် ရှင်းရမည်"