သတ္မွတ္ထားတာနဲ႔ မညီလို႔ ခင္းထားတဲ့ ကြန္ကရစ္လမ္းကို ဘက္ဟိုးနဲ႔ တူးပစ္တဲ့ ၿမိတ္စည္ပင္
ၿမိတ္ၿမိဳ႕၊ ေရႊျပည္တန္ လမ္းမႀကီးအား ကန္ထရိုက္က သတ္မွတ္စံႏွုန္း အတိုင္း လမ္းမခင္းလို႔ စည္ပင္ သာယာေရးေကာ္မတီ က ျပန္လည္ၿဖိဳဖ်က္ ခဲ့ပါတယ္။
ၿမိတ္ၿမိဳ႕နယ္၊ ၿမိတ္ေတာင္ေက်းရြာ အုပ္စု၊ အင္းေလးၿမိဳင္ ရပ္ကြက္ရွိ ေရႊျပည္တန္ လမ္းမႀကီး ကို ကြန္ကရစ္လမ္း ခင္းရာ မွာ တာဝန္ယူထား တဲ့ ကန္ထရိုက္က သတ္မွတ္ထားတဲ့ ေပအတိုင္း မခင္းပဲ ေပေလ်ာ့ခင္းထား လို႔ ၿမိတ္ၿမိဳ႕နယ္စည္ပင္သာယာေရးေကာ္မတီ က စက္တင္ဘာ ၂၈ ရက္ေန႔မွာ စတင္ၿဖိဳဖ်က္ခဲ့တယ္လို႔ သိရပါတယ္။
ကန္ထရိုက္ က က်ေနာ္တို႔ အျမဲတာဝန္ေပးေနတဲ့ အဖြဲ႕ပါ ။ လမ္းေကာ္မတီေတြ၊ အရပ္သားေတြ ကလည္း ဒီရက္ပိုင္းမွာ ရာသီဥတုဆိုးရြားေန လို႔ ႀကီးၾကပ္မွုအပိုင္းမွာ အားနည္း မွုျဖစ္သြားတယ္။ ဒါကိုအခြင့္ေကာင္းယူၿပီး သတ္မွတ္ထားတဲ့ ၆ လက္မခင္းရမယ့္ ကြန္ ကရစ္ထုကို ၅ လက္မ၊ ၄ လက္မ စသျဖင့္ခင္းသြားတယ္ ၊ က်ေနာ္ကိုယ္တိုင္သြားေရာက္စစ္ေဆးေတာ့ တကယ္ပဲ ေပေတြေလ်ာ့ၿပီး ခင္းထားတာေတြ႕ရတယ္။ ဒါေၾကာင့္ ဘက္ဟိုး နဲ႔ ခ်က္ခ်င္းျပန္တူးပစ္လိုက္တယ္။ ကန္ထရိုက္ကိုလည္း သတ္မွတ္ထားတဲ့ ထုထည္အတိုင္း ျပန္ခင္းဖို႔ ညႊန္ၾကားခဲ့ပါတယ္ လို႔ ၿမိတ္ၿမိဳ႕နယ္ စည္ပင္သာယာေရးေကာ္မတီ ဥကၠ႒ ဦးျမတ္ကိုကိုက ေျပာၾကားခဲ့ပါတယ္။
ေရႊျပည္တန္ လမ္းမႀကီးကို အရွည္ေပ ၂၇၀၀ ၊ အနံ ၂၄ (စည္ပင္ ၁၂ ေပ + ျပည္သူ ၁၂ ေပ) ထုထည္ ၆ လက္မခင္းဖို႔ စီစဥ္ထားသလို အစိုးရ နဲ႔ ျပည္သူပူးေပါင္းေဆာင္ရြက္ေနတဲ့ လမ္းမႀကီးတခုျဖစ္ေၾကာင္း သိရ ပါတယ္။ လက္ရွိ အေနထားအရ ေပ ၁၀၀၀ အထိ ခင္းထားၿပီးျဖစ္ကာ စံႏွုန္းမညီတဲ့ ကြန္ကရစ္လမ္းမွာ ေပ ၁၈၀ အထိေတြ႕ရွိရလို႔ စံႏွုန္းမမီတဲ့ ေနရာမ်ားကို ျပန္လည္းတူးေဖာ္ေနၾကာင္း သိရ ပါ တယ္။
စည္ပင္သာယာေရးေကာ္မတီ ရဲ့ ေဆာင္ရြက္ခ်က္ ကို ေလးစား ပါတယ္ ။ ဒီလို ျပတ္ျပတ္ သားသားလုပ္ မွ ေနာက္ပိုင္း ကန္ထရိုက္ေတြလည္း နိုင္ငံေတာ္ရဲ့ဘတ္ဂ်က္ကို အလြဲသုံးစား မလုပ္ရဲေတာ့မွာ၊ အခုရပ္ကြက္သားေတြကေတာ့ ဒီလိုေဆာင္ရြက္ေပးတဲ့ အတြက္ ေက်နပ္ အားရသြားၾကတယ္၊ လမ္းေကာ္မတီေတြအေန နဲ႔လည္း ေသခ်ာေစာင့္ၾကည့္သြားမယ္လို႔ ေျပာေနပါတယ္လို႔ ေရႊျပည္တန္လမ္း တြင္ေနထိုင္သူတဦးက ေျပာပါတယ္။
အစိုးရသစ္ တက္လာၿပီး ေနာက္ပိုင္းမွာ ျပည္သူ နဲ႔ အစိုးရပူးေပါင္းၿပီး လမ္းအမ်ားအျပား ကို ကြန္ကရစ္ခင္းတာေတြ ေဆာင္ရြက္ေနေၾကာင္းသိရပါတယ္။
———
သတ်မှတ်ထားတာနဲ့ မညီလို့ ခင်းထားတဲ့ ကွန်ကရစ်လမ်းကို ဘက်ဟိုးနဲ့ တူးပစ်တဲ့ မြိတ်စည်ပင်
မြိတ်မြို့၊ ရွှေပြည်တန် လမ်းမကြီးအား ကန်ထရိုက်က သတ်မှတ်စံနှုန်း အတိုင်း လမ်းမခင်းလို့ စည်ပင် သာယာရေးကော်မတီ က ပြန်လည်ဖြိုဖျက် ခဲ့ပါတယ်။
မြိတ်မြို့နယ်၊ မြိတ်တောင်ကျေးရွာ အုပ်စု၊ အင်းလေးမြိုင် ရပ်ကွက်ရှိ ရွှေပြည်တန် လမ်းမကြီး ကို ကွန်ကရစ်လမ်း ခင်းရာ မှာ တာဝန်ယူထား တဲ့ ကန်ထရိုက်က သတ်မှတ်ထားတဲ့ ပေအတိုင်း မခင်းပဲ ပေလျော့ခင်းထား လို့ မြိတ်မြို့နယ်စည်ပင်သာယာရေးကော်မတီ က စက်တင်ဘာ ၂၈ ရက်နေ့မှာ စတင်ဖြိုဖျက်ခဲ့တယ်လို့ သိရပါတယ်။
ကန်ထရိုက် က ကျနော်တို့ အမြဲတာဝန်ပေးနေတဲ့ အဖွဲ့ပါ ။ လမ်းကော်မတီတွေ၊ အရပ်သားတွေ ကလည်း ဒီရက်ပိုင်းမှာ ရာသီဥတုဆိုးရွားနေ လို့ ကြီးကြပ်မှုအပိုင်းမှာ အားနည်း မှုဖြစ်သွားတယ်။ ဒါကိုအခွင့်ကောင်းယူပြီး သတ်မှတ်ထားတဲ့ ၆ လက်မခင်းရမယ့် ကွန် ကရစ်ထုကို ၅ လက်မ၊ ၄ လက်မ စသဖြင့်ခင်းသွားတယ် ၊ ကျနော်ကိုယ်တိုင်သွားရောက်စစ်ဆေးတော့ တကယ်ပဲ ပေတွေလျော့ပြီး ခင်းထားတာတွေ့ရတယ်။ ဒါကြောင့် ဘက်ဟိုး နဲ့ ချက်ချင်းပြန်တူးပစ်လိုက်တယ်။ ကန်ထရိုက်ကိုလည်း သတ်မှတ်ထားတဲ့ ထုထည်အတိုင်း ပြန်ခင်းဖို့ ညွှန်ကြားခဲ့ပါတယ် လို့ မြိတ်မြို့နယ် စည်ပင်သာယာရေးကော်မတီ ဥက္ကဋ္ဌ ဦးမြတ်ကိုကိုက ပြောကြားခဲ့ပါတယ်။
ရွှေပြည်တန် လမ်းမကြီးကို အရှည်ပေ ၂၇၀၀ ၊ အနံ ၂၄ (စည်ပင် ၁၂ ပေ + ပြည်သူ ၁၂ ပေ) ထုထည် ၆ လက်မခင်းဖို့ စီစဉ်ထားသလို အစိုးရ နဲ့ ပြည်သူပူးပေါင်းဆောင်ရွက်နေတဲ့ လမ်းမကြီးတခုဖြစ်ကြောင်း သိရ ပါတယ်။ လက်ရှိ အနေထားအရ ပေ ၁၀၀၀ အထိ ခင်းထားပြီးဖြစ်ကာ စံနှုန်းမညီတဲ့ ကွန်ကရစ်လမ်းမှာ ပေ ၁၈၀ အထိတွေ့ရှိရလို့ စံနှုန်းမမီတဲ့ နေရာများကို ပြန်လည်းတူးဖော်နေကြာင်း သိရ ပါ တယ်။
စည်ပင်သာယာရေးကော်မတီ ရဲ့ ဆောင်ရွက်ချက် ကို လေးစား ပါတယ် ။ ဒီလို ပြတ်ပြတ် သားသားလုပ် မှ နောက်ပိုင်း ကန်ထရိုက်တွေလည်း နိုင်ငံတော်ရဲ့ဘတ်ဂျက်ကို အလွဲသုံးစား မလုပ်ရဲတော့မှာ၊ အခုရပ်ကွက်သားတွေကတော့ ဒီလိုဆောင်ရွက်ပေးတဲ့ အတွက် ကျေနပ် အားရသွားကြတယ်၊ လမ်းကော်မတီတွေအနေ နဲ့လည်း သေချာစောင့်ကြည့်သွားမယ်လို့ ပြောနေပါတယ်လို့ ရွှေပြည်တန်လမ်း တွင်နေထိုင်သူတဦးက ပြောပါတယ်။
အစိုးရသစ် တက်လာပြီး နောက်ပိုင်းမှာ ပြည်သူ နဲ့ အစိုးရပူးပေါင်းပြီး လမ်းအများအပြား ကို ကွန်ကရစ်ခင်းတာတွေ ဆောင်ရွက်နေကြောင်းသိရပါတယ်။
Be the first to comment on "သတ်မှတ်ထားတာနဲ့ မညီလို့ ခင်းထားတဲ့ ကွန်ကရစ်လမ်းကို ဘက်ဟိုးနဲ့ တူးပစ်တဲ့ စည်ပင်"