ကိုဗစ်-၁၉ ကာကွယ်ဆေး ကိုယ်တိုင်ထုတ်တော့မယ့် ထိုင်းနိုင်ငံ

ကိုဗစ္-၁၉ ကာကြယ္ေဆး ထုတ္ဖို႔ အရင္းအႏွီးအတြက္ ထိုင္းႏိုင္ငံသား ျပည္သူမ်ားထံမွ တစ္ဦးလွ်င္ ဘတ္ႏႈန္း ၅၀၀ ျဖင့္အလႉခံေနပါတယ္။

သို႔ေသာ္အကန႔္အသတ္ျဖင့္ အလႉရွင္ဦးေရတစ္သန္းတိတိသာ လက္ခံမည္ဟုဆိုထားပါတယ္။ အဲဒီကာကြယ္ေဆးကို ခ်ဴလာေလာင္ကြန္းတကၠသိုလ္က ပေရာ္ဖက္ဆာအမ်ိဳးသမီးႏွစ္ဦးက သုေတသနျပဳလုပ္စမ္းသပ္ၿပီး ေဖၚထားတာလို႔သိရပါတယ္။

အသီးအႏွံမ်ားမွ ထုတ္ယူတဲ့ ပ႐ိုတင္းနဲ႔ ဗိုင္းရပ္စ္ကာကြယ္ေဆး Vaccine ေဖၚစပ္တဲ့နည္းပညာ လို႔ဆိုပါတယ္။ ဒီနည္းပညာဟာ သူတို႔ႏွစ္ဦးကစတင္ခဲ့တာမဟုတ္ပဲ ကမာၻ႔အျခားႏိုင္ငံအခ်ိဳ႕မွာလည္း စမ္းသပ္ေနၿပီးျဖစ္ေၾကာင္းေျပာၾကပါတယ္။

ပေရာ္ဖက္ဆာအမ်ိဳးသမီးႏွစ္ဦးဟာ စမ္းသပ္ေနခဲ့ၾကတာၾကာေနၿပီျဖစ္ေပမယ့္ လြန္ခဲ့တဲ့(၂)ႏွစ္ခန႔္ကမွ ခ်ဴလာေလာင္ကြန္းတကၠသိုလ္လက္ေအာက္က Startup ကုမၸဏီတစ္ခုအေနနဲ႔ Baiya Phytopharm Co., Ltd ကိုဖြဲ႕စည္းတည္ေထာင္ခဲ့တာပါ။

Baiya ဘိုင္ယာ ဆိုတဲ့အသံထြက္ဟာ ထိုင္းလို ေဆး႐ြက္ႀကီးလို႔အဓိပၸါယ္ရပါတယ္။ သူတို႔ေဆးလုပ္ဖို႔ ကုန္ၾကမ္းကလည္း ေဆး႐ြက္ႀကီး(မ်ိဳးကြဲ)တစ္မ်ိဳးပဲျဖစ္ပါတယ္။  “N. benthamiana” လို႔ေခၚတဲ့ species တစ္မ်ိဳးျဖစ္ပါတယ္။

အဲဒီေဆး႐ြက္ႀကီးကေန COVID-19 နဲ႔ အသြင္တူတဲ့ ပ႐ိုတင္းတစ္မ်ိဳးကိုထုတ္လုပ္ၿပီး ခႏၶာကိုယ္ထဲ ထိုးထည့္လိုက္ျခင္းျဖင့္ လူကိုယ္ခႏၶာက ဗိုင္းရပ္စ္ပိုးကို တြန္းလွန္တဲ့ကိုယ္ခံအားေတြထုတ္လုပ္လာႏိုင္ေစဖို႔ျဖစ္ပါတယ္။

ငွက္ေပ်ာသီး ခရမ္းခ်ဥ္သီးတို႔ကအစ မည္သည့္ အသီးအႏွံမဆို အဲဒီပ႐ိုတင္းကိုထုတ္ယူႏိုင္ေပမယ့္ လူစားတဲ့သီးႏွံျဖစ္တဲ့အတြက္ ေနာင္တစ္ခ်ိန္မွာ လူစားအသီးအႏွံမ်ားအေပၚသံသယျဖစ္လာႏိုင္ဖြယ္ရွိတာေၾကာင့္ လူမစားတဲ့ေဆး႐ြက္ႀကီး(မ်ိဳးကြဲ)တစ္မ်ိဳးကိုအသုံးျပရျခင္းျဖစ္ေၾကာင္း ေျပာပါတယ္။

ဒီနည္းပညာအသုံးျပဳၿပီး ႂကြက္ျဖဴနဲ႔ ေမ်ာက္ကို စမ္းသပ္ၾကည့္ရာ ကိုယ္ခံစြမ္းအားေတြထုတ္လုပ္လာႏိုင္တာကို ေတြ႕ရေၾကာင္းသိရပါတယ္။ ခ်ဴလာေလာင္ကြန္းမွာ စမ္းသပ္ေနတာေဆး ၆ မ်ိဳးရွိတဲ့အနက္ ဒီေဆးကို ပထမေရွ႕ပုံစံသစ္အျဖစ္နဲ႔ “Baiya SARS–CoV–2 Vax 1” လို႔အမည္ေပးထားပါတယ္။

လူေတြမွာ စမ္းသပ္ႏိုင္ဖို႔ စက္မႈထုတ္ကုန္အျဖစ္ထုတ္လုပ္ဖို႔ အရင္းအႏွီးမ်ားစြာလိုအပ္တဲ့အတြက္ ျပည္သူေတြကို ဒီေန႔ ၁၈-၁၂-၂၀၂၀ ရက္ေန႔ ၀၉း၀၀ နာရီမွစၿပီး ေဖၚျပထားတဲ့ QR Code ကို Scan ဖတ္ကာ Mobile Banking ျဖင့္ေသာ္လည္းေကာင္း ထိုင္းအစိုးရဘဏ္တစ္ခုျဖစ္တဲ့ Krungthai Bank ေကာင္တာမ်ားတြင္လည္းေကာင္းလႉဒါန္းႏိုင္ေၾကာင္းေၾကညာပါတယ္။

ေငြသြင္းၿပီးရင္ ေငြသြင္းခ်လံေလးကို သိမ္းထားဖို႔အသိေပးထားပါတယ္။ အဲဒီလႉဒါန္းထားသူ ေငြသြင္းခ်လံျပႏိုင္သူ လူဦးေရတစ္သန္းသည္ ေအာက္ပါအခြင့္အေရးမ်ားရရွိႏိုင္မွာျဖစ္ပါတယ္။

(၁)ပူးေပါင္းပါဝင္ေသာ မိတ္ဘက္အာမခံကုမၸဏီမ်ားတြင္ အာမခံထားမည္ဆိုပါက အာမခံေၾကး ၁၂% မွ ၂၃% အထိေဈးေလွ်ာ့ေပးမယ္။

(၂)ကာကြယ္ေဆးထုတ္လုပ္ၿပီး၍ ျဖန႔္ခ်ီေရာင္းခ်မည္ဆိုပါလွ်င္(သက္ဆိုင္ရာႏွင့္ ဥပေဒအရသတ္မွတ္ထားေသာ ဦးစားေပးရမည့္သူမ်ားမွအပ)ဦးစားေပးေရာင္းခ်ေပးသြားမည္ လို႔ေဖၚျပထားပါတယ္။

အလႉခံရရွိေသာ သန္းေပါင္း ၅၀၀ မွ သန္းေပါင္း ၁၅၀ ကို ေဆးထုတ္လုပ္မယ့္စက္႐ုံေဆာက္ဖို႔သုံးမွာျဖစ္ၿပီး ခ်ဴလာေလာင္ကြန္းတကၠသိုလ္ဝင္းထဲမွာပဲ ထိုင္းအစာႏွင့္ေဆးဝါးထိမ္းခ်ဳပ္ေရးေကာ္မတီရဲ႕ GMP Facility အရတည္ေဆာက္မွာျဖစ္ေၾကာင္း၊

တစ္လကို လူတစ္သန္းစာအတြက္ေဆးထုတ္လုပ္ႏိုင္ရန္ရည္မွန္းထားၿပီး အျမင့္ဆုံး တစ္လကို လူငါးသန္းစာအတြက္အထိထုတ္ႏိုင္မည္ျဖစ္ေၾကာင္း။

က်န္ေငြ သန္းေပါင္း ၃၅၀ ကိုေတာ့ Phase 1-3 အထိ လူမ်ားႏွင့္စမ္းသပ္သည့္စီမံကိန္းမ်ားတြင္ အသုံးျပဳသြားမည္ျဖစ္ေၾကာင္း ေၾကညာထားပါတယ္။

Aung Soe
Ref: Chula.ac.th

——–

ကိုဗစ်-၁၉ ကာကွယ်ဆေး ထုတ်ဖို့ အရင်းအနှီးအတွက် ထိုင်းနိုင်ငံသား ပြည်သူများထံမှ တစ်ဦးလျှင် ဘတ်နှုန်း ၅၀၀ ဖြင့်အလှူခံနေပါတယ်။

သို့သော်အကန့်အသတ်ဖြင့် အလှူရှင်ဦးရေတစ်သန်းတိတိသာ လက်ခံမည်ဟုဆိုထားပါတယ်။ အဲဒီကာကွယ်ဆေးကို ချူလာလောင်ကွန်းတက္ကသိုလ်က ပရော်ဖက်ဆာအမျိုးသမီးနှစ်ဦးက သုတေသနပြုလုပ်စမ်းသပ်ပြီး ဖေါ်ထားတာလို့သိရပါတယ်။

အသီးအနှံများမှ ထုတ်ယူတဲ့ ပရိုတင်းနဲ့ ဗိုင်းရပ်စ်ကာကွယ်ဆေး Vaccine ဖေါ်စပ်တဲ့နည်းပညာ လို့ဆိုပါတယ်။ ဒီနည်းပညာဟာ သူတို့နှစ်ဦးကစတင်ခဲ့တာမဟုတ်ပဲ ကမ္ဘာ့အခြားနိုင်ငံအချို့မှာလည်း စမ်းသပ်နေပြီးဖြစ်ကြောင်းပြောကြပါတယ်။

ပရော်ဖက်ဆာအမျိုးသမီးနှစ်ဦးဟာ စမ်းသပ်နေခဲ့ကြတာကြာနေပြီဖြစ်ပေမယ့် လွန်ခဲ့တဲ့(၂)နှစ်ခန့်ကမှ ချူလာလောင်ကွန်းတက္ကသိုလ်လက်အောက်က Startup ကုမ္ပဏီတစ်ခုအနေနဲ့ Baiya Phytopharm Co., Ltd ကိုဖွဲ့စည်းတည်ထောင်ခဲ့တာပါ။

Baiya ဘိုင်ယာ ဆိုတဲ့အသံထွက်ဟာ ထိုင်းလို ဆေးရွက်ကြီးလို့အဓိပ္ပါယ်ရပါတယ်။ သူတို့ဆေးလုပ်ဖို့ ကုန်ကြမ်းကလည်း ဆေးရွက်ကြီး(မျိုးကွဲ)တစ်မျိုးပဲဖြစ်ပါတယ်။  “N. benthamiana” လို့ခေါ်တဲ့ species တစ်မျိုးဖြစ်ပါတယ်။

အဲဒီဆေးရွက်ကြီးကနေ COVID-19 နဲ့ အသွင်တူတဲ့ ပရိုတင်းတစ်မျိုးကိုထုတ်လုပ်ပြီး ခန္ဓာကိုယ်ထဲ ထိုးထည့်လိုက်ခြင်းဖြင့် လူကိုယ်ခန္ဓာက ဗိုင်းရပ်စ်ပိုးကို တွန်းလှန်တဲ့ကိုယ်ခံအားတွေထုတ်လုပ်လာနိုင်စေဖို့ဖြစ်ပါတယ်။

ငှက်ပျောသီး ခရမ်းချဉ်သီးတို့ကအစ မည်သည့် အသီးအနှံမဆို အဲဒီပရိုတင်းကိုထုတ်ယူနိုင်ပေမယ့် လူစားတဲ့သီးနှံဖြစ်တဲ့အတွက် နောင်တစ်ချိန်မှာ လူစားအသီးအနှံများအပေါ်သံသယဖြစ်လာနိုင်ဖွယ်ရှိတာကြောင့် လူမစားတဲ့ဆေးရွက်ကြီး(မျိုးကွဲ)တစ်မျိုးကိုအသုံးပြရခြင်းဖြစ်ကြောင်း ပြောပါတယ်။

ဒီနည်းပညာအသုံးပြုပြီး ကြွက်ဖြူနဲ့ မျောက်ကို စမ်းသပ်ကြည့်ရာ ကိုယ်ခံစွမ်းအားတွေထုတ်လုပ်လာနိုင်တာကို တွေ့ရကြောင်းသိရပါတယ်။ ချူလာလောင်ကွန်းမှာ စမ်းသပ်နေတာဆေး ၆ မျိုးရှိတဲ့အနက် ဒီဆေးကို ပထမရှေ့ပုံစံသစ်အဖြစ်နဲ့ “Baiya SARS–CoV–2 Vax 1” လို့အမည်ပေးထားပါတယ်။

လူတွေမှာ စမ်းသပ်နိုင်ဖို့ စက်မှုထုတ်ကုန်အဖြစ်ထုတ်လုပ်ဖို့ အရင်းအနှီးများစွာလိုအပ်တဲ့အတွက် ပြည်သူတွေကို ဒီနေ့ ၁၈-၁၂-၂၀၂၀ ရက်နေ့ ၀၉း၀၀ နာရီမှစပြီး ဖေါ်ပြထားတဲ့ QR Code ကို Scan ဖတ်ကာ Mobile Banking ဖြင့်သော်လည်းကောင်း ထိုင်းအစိုးရဘဏ်တစ်ခုဖြစ်တဲ့ Krungthai Bank ကောင်တာများတွင်လည်းကောင်းလှူဒါန်းနိုင်ကြောင်းကြေညာပါတယ်။

ငွေသွင်းပြီးရင် ငွေသွင်းချလံလေးကို သိမ်းထားဖို့အသိပေးထားပါတယ်။ အဲဒီလှူဒါန်းထားသူ ငွေသွင်းချလံပြနိုင်သူ လူဦးရေတစ်သန်းသည် အောက်ပါအခွင့်အရေးများရရှိနိုင်မှာဖြစ်ပါတယ်။

(၁)ပူးပေါင်းပါဝင်သော မိတ်ဘက်အာမခံကုမ္ပဏီများတွင် အာမခံထားမည်ဆိုပါက အာမခံကြေး ၁၂% မှ ၂၃% အထိဈေးလျှော့ပေးမယ်။

(၂)ကာကွယ်ဆေးထုတ်လုပ်ပြီး၍ ဖြန့်ချီရောင်းချမည်ဆိုပါလျှင်(သက်ဆိုင်ရာနှင့် ဥပဒေအရသတ်မှတ်ထားသော ဦးစားပေးရမည့်သူများမှအပ)ဦးစားပေးရောင်းချပေးသွားမည် လို့ဖေါ်ပြထားပါတယ်။

အလှူခံရရှိသော သန်းပေါင်း ၅၀၀ မှ သန်းပေါင်း ၁၅၀ ကို ဆေးထုတ်လုပ်မယ့်စက်ရုံဆောက်ဖို့သုံးမှာဖြစ်ပြီး ချူလာလောင်ကွန်းတက္ကသိုလ်ဝင်းထဲမှာပဲ ထိုင်းအစာနှင့်ဆေးဝါးထိမ်းချုပ်ရေးကော်မတီရဲ့ GMP Facility အရတည်ဆောက်မှာဖြစ်ကြောင်း၊

တစ်လကို လူတစ်သန်းစာအတွက်ဆေးထုတ်လုပ်နိုင်ရန်ရည်မှန်းထားပြီး အမြင့်ဆုံး တစ်လကို လူငါးသန်းစာအတွက်အထိထုတ်နိုင်မည်ဖြစ်ကြောင်း။

ကျန်ငွေ သန်းပေါင်း ၃၅၀ ကိုတော့ Phase 1-3 အထိ လူများနှင့်စမ်းသပ်သည့်စီမံကိန်းများတွင် အသုံးပြုသွားမည်ဖြစ်ကြောင်း ကြေညာထားပါတယ်။

Aung Soe
Ref: Chula.ac.th

Be the first to comment on "ကိုဗစ်-၁၉ ကာကွယ်ဆေး ကိုယ်တိုင်ထုတ်တော့မယ့် ထိုင်းနိုင်ငံ"

Leave a comment

Your email address will not be published.


*