မြန်မာမိန်းကလေးတွေ သတိထားရမယ့် ကိုဗစ်ကူးစက်မှု နည်းလမ်းတစ်ခု (ဒီလိုနည်းလမ်းနဲ့ အများဆုံး ကူးနိုင်ပါတယ်)

ျမန္မာမိန္းကေလးေတြ သတိထားရမယ့္ ကိုဗစ္ကူးစက္မွု နည္းလမ္း တခု (ဒီလိုနည္းလမ္းနဲ႔ အမ်ားဆုံး ကူးနိုင္ပါတယ္)

ကေလးေတြဟာ ကိုဗစ္ပိုးျဖန႔္သူ ျဖစ္တတ္တယ္။ အေၾကာင္းရင္းက အျပစ္ကင္းစင္ၿပီး ခ်စ္စရာေကာင္းလို႔ပါ။ နို႔လြတ္ၿပီ၊ ေတာက္ေတာက္ေတာက္ေတာက္နဲ႔ လမ္းေလၽွာက္တတ္ၿပီဆိုတာနဲ႔ မိခင္ျဖစ္သူအတြက္ ကေလးထိန္းရတဲ့ ဝန္ေပါ့တယ္။ အိမ္မွုကိစၥ ဗာဟီရအတြက္ အခ်ိန္ပိုေပးနိုင္တယ္။

ကေလးက လူတကာလက္ေပၚ ေရာက္တယ္။ ခ်ီတယ္။ ေခ်ာ့ျမဴတယ္။ အာဘြားေပးတယ္။ မုံ႔ေကၽြးတယ္။ အိမ္ေခၚၿပီး အခမဲ့ ထိန္းေပးတယ္။ တျဖည္းျဖည္း ကေလးကိုယ္တိုင္က အိမ္လည္တတ္လာတယ္။ မပီကလာ ပီကလာေတြ ေျပာၿပီ။ ပိုၿပီး ခ်စ္စရာေကာင္းလာတယ္။ ေနာက္ ေဆာ့ၿပီ၊ ေျခေထာက္ ေဗြေပါက္လာၿပီ။ ၿမိဳ႕ျပမွာ အိမ္နီးခ်င္းနဲ႔ ေဆြမ်ိဳးသားခ်င္းအိမ္ေတြေလာက္ ေရာက္တယ္။ ေတာမွာ တစ္ရြာလုံး ပတ္တယ္။ “ဟဲ့၊ ငါ့ကေလး ဘယ္နားေရာက္ေနလဲ”၊ မိခင္ျဖစ္သူက ေနာက္က လိုက္ရွာရတဲ့အေပါက္မ်ိဳးပါ။

ခ်စ္စရာ သိပ္ေကာင္းတဲ့ ကေလးမ်ိဳးဆို မိခင္စိတ္ရြေဝဒနာ ခံစားေနရေနတဲ့ အပ်ိဳမေလးေတြရဲ့ အသည္းေက်ာ္။ အပ်ိဳအုပ္မွာ တစ္လက္ၿပီးတစ္လက္ ကူးတယ္။ ရြာရိုးကိုးေပါက္ ေရာက္တယ္။ အီစတိုဂ်င္နဲ႔ ႏုညံ့ေအာင္ လုပ္ထားတဲ့ လက္ေတြဟာ ကေလးအတြက္ ဆိုဖာ။ လက္သာတယ္ဆိုတာ အဲဒါကို ေျပာတာေပါ့။ သူႀကိဳက္တဲ့ ကာလသားတစ္ေယာက္ေယာက္ အနားက ျဖတ္ေလၽွာက္သြားရင္ မိန္းမပ်ိဳက ကေလးကို ျမဴတယ္။ တရႊတ္ရႊတ္နဲ႔ နမ္းတယ္။ မာယာေပါ့။ ကေလးခမ်ာ အေခ်ာင္အနမ္းခံရတယ္။ အဲဒါမ်ိဳး ကိုဗစ္က သိပ္ႀကိဳက္ေပါ့။

ကေလးေတြမွာ ကိုဗစ္ဝင္ဖို႔ တံခါးေပါက္ အလုံအေလာက္ မေဖာက္ရေသးဘူး။ ျဖစ္ရင္ စတိေလာက္ပဲ ျဖစ္တတ္တယ္။ အျပစ္ကင္းတဲ့ တိတ္တခိုး ပိုးသယ္သူ ျဖစ္တတ္တယ္။ စစ္လိုက္မွ +ve ျဖစ္ေၾကာင္း သိရတယ္။ အဓိက ျဖန႔္ေဝသူ မျဖစ္နိုင္။ ျဖန႔္ေဝသူ ေလာက္ေတာ့ ျဖစ္နိုင္တယ္။

ကူးစက္ျပန႔္ပြားျခင္းမွာ အတိုင္းအတာ ဘယ္ေလာက္ထည့္ဝင္၊ study လုပ္ၿပီးၿပီလား၊ မလုပ္ရေသးဖူးလား၊ မသိ၊ မဖတ္ဖူးေသး။ ဖ်ားတဲ့ +ve ကေလးေတြ ေဆး႐ုံတင္တယ္။ လသားကေလး အဖိတ္အစင္ျဖစ္ေတာ့ အလန႔္တၾကား ျဖစ္ၾကရတယ္။

(မိခင္၊ အေဒၚ၊ အဖြား သုံးဦးသုံးဖလွယ္ၾကား)၊ (မိခင္နဲ႔ အေဒၚၾကား)၊ (မိခင္နဲ႔ အဖြားၾကား)၊ ကေလးက ကိုဗစ္ေပါင္းကူးတံတား ထိုးေပးတာ ေတြ႕ဖူးတယ္။ ကိုဗစ္မွာ ေတြ႕ရတတ္တဲ့ မာယာ၊ သာေဌယ်၊ ဝဥၥနာ၊ အထူးသျဖင့္ အပ်ိဳႀကီးေတြအတြက္ ထူးျခားတဲ့ ကိုဗစ္ mode of transmission ၊ သတိျပဳမိေစခ်င္လို႔ပါ။

U Thit Sinn

မြန်မာမိန်းကလေးတွေ သတိထားရမယ့် ကိုဗစ်ကူးစက်မှု နည်းလမ်း တခု (ဒီလိုနည်းလမ်းနဲ့ အများဆုံး ကူးနိုင်ပါတယ်)

ကလေးတွေဟာ ကိုဗစ်ပိုးဖြန့်သူ ဖြစ်တတ်တယ်။ အကြောင်းရင်းက အပြစ်ကင်းစင်ပြီး ချစ်စရာကောင်းလို့ပါ။ နို့လွတ်ပြီ၊ တောက်တောက်တောက်တောက်နဲ့ လမ်းလျှောက်တတ်ပြီဆိုတာနဲ့ မိခင်ဖြစ်သူအတွက် ကလေးထိန်းရတဲ့ ဝန်ပေါ့တယ်။ အိမ်မှုကိစ္စ ဗာဟီရအတွက် အချိန်ပိုပေးနိုင်တယ်။

ကလေးက လူတကာလက်ပေါ် ရောက်တယ်။ ချီတယ်။ ချော့မြူတယ်။ အာဘွားပေးတယ်။ မုံ့ကျွေးတယ်။ အိမ်ခေါ်ပြီး အခမဲ့ ထိန်းပေးတယ်။ တဖြည်းဖြည်း ကလေးကိုယ်တိုင်က အိမ်လည်တတ်လာတယ်။ မပီကလာ ပီကလာတွေ ပြောပြီ။ ပိုပြီး ချစ်စရာကောင်းလာတယ်။ နောက် ဆော့ပြီ၊ ခြေထောက် ဗွေပေါက်လာပြီ။ မြို့ပြမှာ အိမ်နီးချင်းနဲ့ ဆွေမျိုးသားချင်းအိမ်တွေလောက် ရောက်တယ်။ တောမှာ တစ်ရွာလုံး ပတ်တယ်။ “ဟဲ့၊ ငါ့ကလေး ဘယ်နားရောက်နေလဲ”၊ မိခင်ဖြစ်သူက နောက်က လိုက်ရှာရတဲ့အပေါက်မျိုးပါ။

ချစ်စရာ သိပ်ကောင်းတဲ့ ကလေးမျိုးဆို မိခင်စိတ်ရွဝေဒနာ ခံစားနေရနေတဲ့ အပျိုမလေးတွေရဲ့ အသည်းကျော်။ အပျိုအုပ်မှာ တစ်လက်ပြီးတစ်လက် ကူးတယ်။ ရွာရိုးကိုးပေါက် ရောက်တယ်။ အီစတိုဂျင်နဲ့ နုညံ့အောင် လုပ်ထားတဲ့ လက်တွေဟာ ကလေးအတွက် ဆိုဖာ။ လက်သာတယ်ဆိုတာ အဲဒါကို ပြောတာပေါ့။ သူကြိုက်တဲ့ ကာလသားတစ်ယောက်ယောက် အနားက ဖြတ်လျှောက်သွားရင် မိန်းမပျိုက ကလေးကို မြူတယ်။ တရွှတ်ရွှတ်နဲ့ နမ်းတယ်။ မာယာပေါ့။ ကလေးခမျာ အချောင်အနမ်းခံရတယ်။ အဲဒါမျိုး ကိုဗစ်က သိပ်ကြိုက်ပေါ့။

ကလေးတွေမှာ ကိုဗစ်ဝင်ဖို့ တံခါးပေါက် အလုံအလောက် မဖောက်ရသေးဘူး။ ဖြစ်ရင် စတိလောက်ပဲ ဖြစ်တတ်တယ်။ အပြစ်ကင်းတဲ့ တိတ်တခိုး ပိုးသယ်သူ ဖြစ်တတ်တယ်။ စစ်လိုက်မှ +ve ဖြစ်ကြောင်း သိရတယ်။ အဓိက ဖြန့်ဝေသူ မဖြစ်နိုင်။ ဖြန့်ဝေသူ လောက်တော့ ဖြစ်နိုင်တယ်။

ကူးစက်ပြန့်ပွားခြင်းမှာ အတိုင်းအတာ ဘယ်လောက်ထည့်ဝင်၊ study လုပ်ပြီးပြီလား၊ မလုပ်ရသေးဖူးလား၊ မသိ၊ မဖတ်ဖူးသေး။ ဖျားတဲ့ +ve ကလေးတွေ ဆေးရုံတင်တယ်။ လသားကလေး အဖိတ်အစင်ဖြစ်တော့ အလန့်တကြား ဖြစ်ကြရတယ်။

(မိခင်၊ အဒေါ်၊ အဖွား သုံးဦးသုံးဖလှယ်ကြား)၊ (မိခင်နဲ့ အဒေါ်ကြား)၊ (မိခင်နဲ့ အဖွားကြား)၊ ကလေးက ကိုဗစ်ပေါင်းကူးတံတား ထိုးပေးတာ တွေ့ဖူးတယ်။ ကိုဗစ်မှာ တွေ့ရတတ်တဲ့ မာယာ၊ သာဌေယျ၊ ဝဉ္စနာ၊ အထူးသဖြင့် အပျိုကြီးတွေအတွက် ထူးခြားတဲ့ ကိုဗစ် mode of transmission ၊ သတိပြုမိစေချင်လို့ပါ။

U Thit Sinn

Be the first to comment on "မြန်မာမိန်းကလေးတွေ သတိထားရမယ့် ကိုဗစ်ကူးစက်မှု နည်းလမ်းတစ်ခု (ဒီလိုနည်းလမ်းနဲ့ အများဆုံး ကူးနိုင်ပါတယ်)"

Leave a comment

Your email address will not be published.


*