ကိုဗစ်ကာကွယ်ဆေး စမ်းသပ်မှု နောက်ကွယ်က ဂယက်များ

ကိုဗစ္ နဲ႔ ဂ်င္း

ကမၻာႀကီးကေတာ့ ကိုဗစ္ ကာကြယ္ေဆး ထုတ္ဖို႔ ျပင္ဆင္ ေနၾကၿပီ ။ ထိုင္း နဲ႔ ဗီယက္နမ္ ေတာင္ ပါလာပါတယ္ ။ တကယ္ေရာ အလုပ္ျဖစ္ၾကမလား ။

အဂ္လန္ ဟာ သူမ်ားထက္ လက္ဦးမွု ယူလို႔ ကမၻာ့ ပထမ ဆုံး ကာကြယ္ေဆး ထိုး နိုင္ငံ အျဖစ္ မွတ္တမ္းဝင္ ပါတယ္ ။ တကယ္ေရာ အဆင္သင့္ ျဖစ္ခဲ့ရဲ့လား ။ ေတြးစရာပဲဗ် ။ UK ဟာ EU က ထြက္တဲ့ အခ်ိန္နဲ႔ ကိုက္ ၿပီး အခ်ိန္ကိုက္ ေဆး ထိုးခြင့္ျပဳလိုက္ တာ မ်ားလားေပါ့ ။ UK နဲ႔ EU ၾကား ဘယ္ဒင္း ေရြးရမယ္ ဗ်ာ မ်ားေနတဲ့ စီးပြားေရး သမားေတြ ကို ဆြယ္လိုက္ တာပါပဲ ။ အခုဆို UK ဝန္ႀကီးခ်ဳပ္ ေဘာရစ္ဂၽြန္ဆင္ ဟာ ဥေရာပ သြား ၊ စီးပြားေရး စာခ်ဳပ္ ေတြ ခ်ဳပ္ေနပါၿပီ ။

လက္ေတြ႕ကေတာ့ ေပါင္ ေဈးဟာ ထိုး တက္ သြားတာပါပဲ ။ တကယ္ေဆးထိုးေတာ့ အခက္အခဲေတြ အမ်ားႀကီး ေတြ႕ေနရတယ္။ သူနာျပဳ တစ္ေယာက္ကို တေန႔ လူ အေယာက္ ၂၀ ထိုးေပးဖို႔ ေတာင္ ေတာ္ေတာ္ ႀကိဳးစားေနရတယ္။ PPE ေတြ ဝတ္လိုက္ ၊ လဲလိုက္ ၊ ထိုးၿပီးတဲ့ လူေတြ ကို တခုခု မ်ား ျဖစ္ မလားလို႔ ေစာင့္ၾကည့္ ခ်ိန္ေတြ လည္း ေပးရနဲ႔ ခရီး မေပါက္ ဘူး ျဖစ္ေနတယ္ ။

UK က လူေတြကေတာ့ ယုံၾကည္ခ်က္ ေတြ ျမင့္တက္ၿပီး ပိတ္ရက္ ကာလ ကဲ မယ္ႀကီး ပဲ ျပင္ေနၾကတယ္ ။ ႏွစ္ကူးတာနဲ႔ ေဆာင္း ေရာက္ၿပီး စီးပြား ေရးေတြ ေအးခဲေတာ့ မွာမို႔ စီးပြားေရး သမားေတြ ကလည္း ဒီကာလ ေလး ႐ုန္းလိုက္ ခ်င္တာ ။ မန္ခ်က္စတာ က ၿမိဳ႕ေတာ္ဝန္ ကေတာ့ မထြက္ၾကပါနဲ႔ ဗ်ာ လို႔ မ်က္ရည္ေလး စမ္းစမ္း နဲ႔ ေတာင္းပန္ သြားရတယ္ ။

ဒီအခ်ိန္ မွာ ကာကြယ္ေဆး ဟာ လူတိုင္း လိုခ်င္တဲ့ အရာပဲ ။ ကာကြယ္ေဆး စမ္းေနပါၿပီ ၊ ထုတ္ေန ပါၿပီ ၊ ထိုးေနပါၿပီ ဆိုတဲ့ မက္ေဆ့ ကို ေပးနိုင္တဲ့ အစိုးရ ဟာ ကိုဗစ္ကာလ ဖိအား ေလ်ာ့မယ္ ၊ လုပ္သာ ကိုင္သာ ရွိမယ့္ သေဘာ ပဲ ။ ဒါေတြေၾကာင့္ အထာနပ္ တဲ့ ထိုင္း နဲ႔ ဗီယက္နမ္ က ေဆး စတင္ စမ္းသပ္ ေနပါၿပီ ဆိုၿပီး ထ လုပ္တာ ။ ထိုင္း အစိုးရ ဆို ကာကြယ္ေဆး အတြက္ အလွူ ေတာင္ ခံေနပါေသးတယ္ ။ လူ တစ္ေယာက္ ဘတ္ငါးရာ ၊ လူ တသန္း ပဲ လက္ခံမယ္တဲ့ ။

ကာကြယ္ေဆး အတြက္ လုပ္ေနၾကတာ ေကာင္းပါတယ္ ၊ ထြက္လာရင္လည္း ဝမ္းသာစရာပါပဲ ၊ ကပ္ေဘး က လြတ္ တာေပါ့ ။ ဂ်င္းေတြ ေတာ့ သတိထားရမယ္ ။ သူမ်ားနိုင္ငံ ေတြ စမ္းေနၿပီ ၊ ထုတ္ေနၿပီ ထိုးေနၿပီ ဆိုၿပီး အားငယ္ ေနမွာ စိုးလို႔ ေျပာျပတာပါ ။

တနိုင္ငံ ထဲ ကြက္ၿပီး ေရာဂါ ၿပီး ေနလို႔ မရဘူးေလ ။ ကမၻာ့ လူဦးေရ တဝက္ ငါးဘီလ်ံ ေလာက္ အနည္းဆုံး ေလးပုံတပုံ ၂.၅ ဘီလ်ံ ေလာက္ ေဆးထိုးၿပီး မွ စိတ္ခ် ရမယ့္ ကပ္ေရာဂါပါ ။ mask သာ တပ္ၾကပါဗ်ာ ။

Zarni Zeya

———

ကိုဗစ် နဲ့ ဂျင်း

ကမ္ဘာကြီးကတော့ ကိုဗစ် ကာကွယ်ဆေး ထုတ်ဖို့ ပြင်ဆင် နေကြပြီ ။ ထိုင်း နဲ့ ဗီယက်နမ် တောင် ပါလာပါတယ် ။ တကယ်ရော အလုပ်ဖြစ်ကြမလား ။

အဂ်လန် ဟာ သူများထက် လက်ဦးမှု ယူလို့ ကမ္ဘာ့ ပထမ ဆုံး ကာကွယ်ဆေး ထိုး နိုင်ငံ အဖြစ် မှတ်တမ်းဝင် ပါတယ် ။ တကယ်ရော အဆင်သင့် ဖြစ်ခဲ့ရဲ့လား ။ တွေးစရာပဲဗျ ။ UK ဟာ EU က ထွက်တဲ့ အချိန်နဲ့ ကိုက် ပြီး အချိန်ကိုက် ဆေး ထိုးခွင့်ပြုလိုက် တာ များလားပေါ့ ။ UK နဲ့ EU ကြား ဘယ်ဒင်း ရွေးရမယ် ဗျာ များနေတဲ့ စီးပွားရေး သမားတွေ ကို ဆွယ်လိုက် တာပါပဲ ။ အခုဆို UK ဝန်ကြီးချုပ် ဘောရစ်ဂျွန်ဆင် ဟာ ဥရောပ သွား ၊ စီးပွားရေး စာချုပ် တွေ ချုပ်နေပါပြီ ။

လက်တွေ့ကတော့ ပေါင် ဈေးဟာ ထိုး တက် သွားတာပါပဲ ။ တကယ်ဆေးထိုးတော့ အခက်အခဲတွေ အများကြီး တွေ့နေရတယ်။ သူနာပြု တစ်ယောက်ကို တနေ့ လူ အယောက် ၂၀ ထိုးပေးဖို့ တောင် တော်တော် ကြိုးစားနေရတယ်။ PPE တွေ ဝတ်လိုက် ၊ လဲလိုက် ၊ ထိုးပြီးတဲ့ လူတွေ ကို တခုခု များ ဖြစ် မလားလို့ စောင့်ကြည့် ချိန်တွေ လည်း ပေးရနဲ့ ခရီး မပေါက် ဘူး ဖြစ်နေတယ် ။

UK က လူတွေကတော့ ယုံကြည်ချက် တွေ မြင့်တက်ပြီး ပိတ်ရက် ကာလ ကဲ မယ်ကြီး ပဲ ပြင်နေကြတယ် ။ နှစ်ကူးတာနဲ့ ဆောင်း ရောက်ပြီး စီးပွား ရေးတွေ အေးခဲတော့ မှာမို့ စီးပွားရေး သမားတွေ ကလည်း ဒီကာလ လေး ရုန်းလိုက် ချင်တာ ။ မန်ချက်စတာ က မြို့တော်ဝန် ကတော့ မထွက်ကြပါနဲ့ ဗျာ လို့ မျက်ရည်လေး စမ်းစမ်း နဲ့ တောင်းပန် သွားရတယ် ။

ဒီအချိန် မှာ ကာကွယ်ဆေး ဟာ လူတိုင်း လိုချင်တဲ့ အရာပဲ ။ ကာကွယ်ဆေး စမ်းနေပါပြီ ၊ ထုတ်နေ ပါပြီ ၊ ထိုးနေပါပြီ ဆိုတဲ့ မက်ဆေ့ ကို ပေးနိုင်တဲ့ အစိုးရ ဟာ ကိုဗစ်ကာလ ဖိအား လျော့မယ် ၊ လုပ်သာ ကိုင်သာ ရှိမယ့် သဘော ပဲ ။ ဒါတွေကြောင့် အထာနပ် တဲ့ ထိုင်း နဲ့ ဗီယက်နမ် က ဆေး စတင် စမ်းသပ် နေပါပြီ ဆိုပြီး ထ လုပ်တာ ။ ထိုင်း အစိုးရ ဆို ကာကွယ်ဆေး အတွက် အလှူ တောင် ခံနေပါသေးတယ် ။ လူ တစ်ယောက် ဘတ်ငါးရာ ၊ လူ တသန်း ပဲ လက်ခံမယ်တဲ့ ။

ကာကွယ်ဆေး အတွက် လုပ်နေကြတာ ကောင်းပါတယ် ၊ ထွက်လာရင်လည်း ဝမ်းသာစရာပါပဲ ၊ ကပ်ဘေး က လွတ် တာပေါ့ ။ ဂျင်းတွေ တော့ သတိထားရမယ် ။ သူများနိုင်ငံ တွေ စမ်းနေပြီ ၊ ထုတ်နေပြီ ထိုးနေပြီ ဆိုပြီး အားငယ် နေမှာ စိုးလို့ ပြောပြတာပါ ။

တနိုင်ငံ ထဲ ကွက်ပြီး ရောဂါ ပြီး နေလို့ မရဘူးလေ ။ ကမ္ဘာ့ လူဦးရေ တဝက် ငါးဘီလျံ လောက် အနည်းဆုံး လေးပုံတပုံ ၂.၅ ဘီလျံ လောက် ဆေးထိုးပြီး မှ စိတ်ချ ရမယ့် ကပ်ရောဂါပါ ။ mask သာ တပ်ကြပါဗျာ ။

Zarni Zeya

Be the first to comment on "ကိုဗစ်ကာကွယ်ဆေး စမ်းသပ်မှု နောက်ကွယ်က ဂယက်များ"

Leave a comment

Your email address will not be published.


*