ကိုဗစ်ကာကွယ်ဆေး မြန်မာနိုင်ငံမှာ ဘယ်အချိန်လောက် ရနိုင်မလဲ…

ကိုဗစ္ကာကြယ္ေဆး ဘယ္ေတာ့ေလာက္ျမန္မာႏိုင္ငံမွာ ရႏိုင္မလဲ..

ကိုဗစ္ကာကြယ္ေဆးေတြ စၿပီးထိုးႏွံေနၿပီဆိုတာေတာ့ ၾကားမိမွာပါ။ အိမ္ထဲမွာပဲေနေနၾကရတာလည္း ၾကာလွၿပီဆိုေတာ့ အဲဒီကာကြယ္ေဆးေတြ ျမန္မာႏိုင္ငံကိုဘယ္အခ်ိန္ေရာက္ၿပီး ထိုးႏွံလို႔ရၾကမလဲဆိုတာကို သိခ်င္ၾကမွာပါ။

ကာကြယ္ေဆးမ်ား..

လက္ရွိမွာ ကိုဗစ္ ကာကြယ္ေဆးအျဖစ္ က်ယ္က်ယ္ျပန္႔ျပန္႔အသုံးျပဳဖို႔ ခြင့္ျပဳလိုက္တာက ႏွစ္မ်ိဳးရွိပါတယ္။ Pfizer ကုမၸဏီကထုတ္တဲ့ကာကြယ္ေဆးနဲ႔ Moderna ကထုတ္တဲ့ ကာကြယ္ေဆးပါ။ ကေနဒါ၊ ၿဗိတိန္၊ အေမရိကန္ျပည္ေထာင္စုအပါအဝင္ အေနာက္ႏိုင္ငံေတြမွာစတင္ထိုးႏွံမႈေတြလုပ္ေနပါၿပီ။

အေရးေပၚအေျခအေနေတြမွာ အသုံးျပဳဖို႔ဆိုၿပီး ခြင့္ျပဳထားတဲ့ကာကြယ္ေဆးက ငါးမ်ိဳးရွိပါတယ္။ တ႐ုတ္၊ ႐ုရွား ႏိုင္ငံေတြမွာအသုံးျပဳေနၿပီး က်ယ္က်ယ္ျပန္႔ျပန္႔အသုံးျပဳလို႔မရေသးဘူး။ ေနာက္ဆုံးအဆင့္ကိုေရာက္ေနတဲ့ ကာကြယ္ေဆးက ၁၈ ခုရွိေနပါတယ္။ အဲဒီထဲမွာ ေအာက္စဖို႔ဒ္တကၠသိုလ္က ထုတ္လုပ္ေနတဲ့ကာကြယ္ေဆးလည္းပါပါတယ္။

ခ်မ္းသာတဲ့ႏိုင္ငံေတြကေတာ့ စထိုးေနၿပီ။ ျမန္မာအပါအဝင္ ဆင္းရဲတဲ့ ႏိုင္ငံေတြကေရာ ဘယ္ေတာ့ရႏိုင္မွာလဲ..

ျပႆနာက အဲဒါပါ။ Pfizer ကာကြယ္ေဆးေရာ Moderna ကာကြယ္ေဆးေရာက ေဒၚလာ ၃၀ (ျမန္မာေငြ ေလးေသာင္း) ေက်ာ္ရွိပါတယ္။ ျမန္မာႏိုင္ငံ လူဦးေရရဲ႕ ၆၀ ရာခိုင္ႏႈန္း ကာကြယ္ေဆးထိုးဖို႔လိုအပ္တယ္။ အဲဒီေတာ့ စုစုေပါင္း လူဦးေရ သန္း ၃၀ ေက်ာ္ေပါ့။ ဒီအတြက္ခ်ည္းပဲ ေဒၚလာ တစ္ ဘီလ်ံ လိုအပ္ပါတယ္။ ခ်မ္းသာတဲ့ႏိုင္ငံေတြအတြက္ မခက္ေပမယ့္ ဒီေငြပမာဏက ျမန္မာႏိုင္ငံအတြက္ေတာ့ မတတ္သာတဲ့အေနအထားပါ။

ေလာေလာဆယ္မွာ ေဈးသက္သာတဲ့ကာကြယ္ေဆးကို ေအာက္စဖို႔ဒ္က ထုတ္လုပ္ေနပါတယ္။ ဒါေပမယ့္ ေနာက္ဆုံးအဆင့္အတည္ျပဳခ်က္မရေသးဘူး။ အဲဒီေဆးက ျမန္မာႏိုင္ငံအတြက္ ပိုကိုက္တယ္။ သူက ၅ ေဒၚလာေလာက္ပဲက်သင့္မွာျဖစ္လို႔ ျမန္မာေငြနဲ႔ဆိုရင္ ၇၀၀၀ ေလာက္က်ၿပီး ထိုးဖို႔ႏိုင္နင္းတဲ့အေနအထားပါ။

လက္ရွိမွာ ျမန္မာႏိုင္ငံကာကြယ္ေဆးရဖို႔အတြက္ ကမာၻ႔ဘဏ္၊ အာရွဖြံ႕ၿဖိဳးေရးဘဏ္၊ ဂ်ပန္ႏိုင္ငံတကာပူးေပါင္းေဆာင္႐ြက္ေရးေအဂ်င္စီ၊ ႏိုင္ငံတကာေငြေၾကးရံပုံေငြအဖြဲ႕တို႔နဲ႔ ညႇိႏႈိင္းၿပီး ေခ်းေငြရဖို႔ေဆာင္႐ြက္ေနတယ္။ က်န္းမာေရးဝန္ႀကီးကေတာ့ ၂၀၂၁ ဧၿပီေလာက္မွာ လူ ၁၀ သန္းေလာက္ ကာကြယ္ေဆးထိုးႏွံလို႔ရလိမ့္မယ္လို႔ ေျပာထားတယ္။ ၂၀၂၁ ႏွစ္ကုန္မွာ ေနာက္ထပ္ ၄၀ ရာခိုင္ႏႈန္း သန္း ၂၀ ေက်ာ္ထိုးႏွံရႏိုင္မယ္လို႔မွန္းထားတယ္။

ျမန္မာႏိုင္ငံ ကာကြယ္ေဆးရဖို႔ဟာ COVAX လို႔ေခၚတဲ့ ကမာၻ႔က်န္းမာေရးအဖြဲ႕က ဖြဲ႕စည္းေပးထားတဲ့ ကာကြယ္ေဆးရရွိေရးအဖြဲ႕ေပၚမူတည္ေနတယ္။ ဆင္းရဲတဲ့ႏိုင္ငံေတြကာကြယ္ေဆးရႏိုင္ဖို႔အတြက္ ဖြဲ႕စည္းထားတဲ့ အဲဒီအဖြဲ႕ကေန ရမွသာ သက္သက္သာသာနဲ႔ ျဖန္႔ေဝႏိုင္မွာျဖစ္ပါတယ္။ COVAX ဟာ ဆင္းရဲတဲ့ ႏိုင္ငံ ၉၂ ႏိုင္ငံအတြက္ ၂၀၂၁ အကုန္မွာ ကာကြယ္ေဆးအလုံးေရ သန္းႏွစ္ေထာင္ရႏိုင္ဖို႔ မွန္းထားေပမယ့္ ရံပုံေငြမရတဲ့အတြက္ အဲဒီအစီအစဥ္ဟာ အခက္အခဲေတြ႕ေနၿပီး ၂၀၂၄ ခုႏွစ္ထိေတာင္ ဆင္းရဲတဲ့ႏိုင္ငံေတြ ကာကြယ္ေဆးရဖို႔ၾကာသြားႏိုင္တယ္လို႔ေျပာတယ္။ သေဘာကေတာ့ဗ်ာ ခ်မ္းသာတဲ့ႏိုင္ငံေတြက အလုအယက္ဝယ္ေနေတာ့ ပိုက္ဆံမတတ္ႏိုင္တဲ့ ဒီအဖြဲ႕အစည္းကို ေဆးကုမၸဏီေတြက မေရာင္းႏိုင္ဘူးျဖစ္ေနတာပဲ။

COVAX က ေလာေလာဆယ္မွာ ေဈးပိုတန္တဲ့ ေအာက္စဖို႔ဒ္ကာကြယ္ေဆးကိုဝယ္ဖို႔ သေဘာတူညီခ်က္ေတြလုပ္ေနေပမယ့္ စမ္းသပ္စစ္ေဆးမႈေတြက ၾကာေနတဲ့အတြက္ ၂၀၂၁ အေစာပိုင္းအထိ မရႏိုင္ေသးဘူးျဖစ္ေနတယ္။

ေနာက္ထပ္အခက္အခဲတစ္ခုက ကာကြယ္ေဆးေတြကို သယ္ယူပို႔ေဆာင္ေရးပဲ။ သယ္ယူပို႔ေဆာင္တဲ့အခ်ိန္အကုန္လုံးမွာ သုညေအာက္ ေအးခဲတဲ့အေနအထားမွာ ထားဖို႔လိုအပ္တဲ့အတြက္ေၾကာင့္ ကုန္က်စရိတ္ထပ္တိုးတဲ့အျပင္ ျမန္မာႏိုင္ငံလို သြားလာေရးခက္ခဲတဲ့ေနရာအတြက္ တစ္ပူေပၚေနာက္တစ္ပူဆင့္ျပန္ပါတယ္။ ႏိုင္ငံေတြအကုန္လုံးကလည္း ကိုယ့္ျပည္သူမ်က္ႏွာကိုယ္အရင္ၾကည့္ၾကတဲ့အတြက္ ကာကြယ္ေဆးကို ဘယ္ႏိုင္ငံကပဲထုတ္ထုတ္ သူတို႔ႏိုင္ငံကလူေတြကုန္မွသာ က်န္တဲ့သူေတြဆီေရာက္ႏိုင္တာမ်ိဳးျဖစ္ေနတယ္။

အႏွစ္ခ်ဳပ္ေျပာရရင္ေတာ့ ကိုဗစ္ကာကြယ္ေဆးက ထြက္ေတာ့ထြက္ေနၿပီ။ လက္ရွိမွာ ျမန္မာေငြ ေလးေသာင္းေက်ာ္ေလာက္က်တယ္။ ပိုက္ဆံရွိတိုင္းလည္းထိုးမရဘူး အစိုးရအစီအစဥ္နဲ႔ သြင္းၿပီးထိုးမွရမယ္။ ျမန္မာေငြ ၇၀၀၀ ေလာက္ပဲက်မယ့္ ကာကြယ္ေဆးေတြက ၂၀၂၁ အေစာပိုင္းမွ စထုတ္ႏိုင္မယ္။ ကြၽန္ေတာ္တို႔ အေစာဆုံးရႏိုင္တဲ့အေျခအေနက ၂၀၂၁ ဧၿပီေလာက္မွပဲ။ ဒါေတာင္ က်န္းမာေရးဝန္ထမ္းေတြနဲ႔ ကိုဗစ္ေၾကာင့္ အသက္အႏၲရာယ္ရွိသူေတြပဲရဦးမယ္။

လူဦးေရ သန္း ၃၀ ေက်ာ္ထိုးႏွံဖို႔ဆိုရင္ ကံေကာင္းရင္ ၂၀၂၁ ႏွစ္ကုန္ပိုင္း ကံဆိုးရင္ေတာ့ ၂၀၂၂အထိေလာက္ ေရာက္မယ္။ ေလာေလာဆယ္ ပုဂၢလိကေဈးကြက္ထဲ ကိုဗစ္ကာကြယ္ေဆး လုံးဝ (လုံးဝ) မေရာက္ေသးဘူး။ တစ္ဦးခ်င္းစီအသုံးျပဳဖို႔လည္း ထုတ္လုပ္တဲ့ကုမၸဏီေတြက မေရာင္းႏိုင္ေသးဘဲ အစိုးရေတြအစီအစဥ္နဲ႔သာ ေရာင္းခ်ထိုးႏွံမွာျဖစ္ပါတယ္။

ႏွစ္ခ်က္ကို အဓိက ေျပာခ်င္ပါတယ္။ ၁။ ကာကြယ္ေဆးဝယ္လို႔ရၿပီဆိုတာေတြ ထိုးႏွံလို႔ရၿပီဆိုၿပီး ေရာင္းေနတာေတြ ေတြ႕ရင္ လုံးဝမယုံပါနဲ႔။ အေပၚကအခ်က္အလက္ေတြအရ ကာကြယ္ေဆး ေဈးကြက္ထဲကို အစိုးရအစီအစဥ္နဲ႔မဟုတ္ဘဲ ဘယ္လိုမွ ေရာက္မလာႏိုင္ပါဘူး။ ၂။ ကာကြယ္ေဆးက ၾကာဦးမွာျဖစ္လို႔ ကာကြယ္ေရးအလုပ္ေတြကို အရွိန္အဟုန္မေလွ်ာ့ခ်ဖို႔ လိုအပ္ပါတယ္။

ေဒါက္တာသူရိန္လႈိင္ဝင္း

———–

ကိုဗစ်ကာကွယ်ဆေး ဘယ်တော့လောက်မြန်မာနိုင်ငံမှာ ရနိုင်မလဲ..

ကိုဗစ်ကာကွယ်ဆေးတွေ စပြီးထိုးနှံနေပြီဆိုတာတော့ ကြားမိမှာပါ။ အိမ်ထဲမှာပဲနေနေကြရတာလည်း ကြာလှပြီဆိုတော့ အဲဒီကာကွယ်ဆေးတွေ မြန်မာနိုင်ငံကိုဘယ်အချိန်ရောက်ပြီး ထိုးနှံလို့ရကြမလဲဆိုတာကို သိချင်ကြမှာပါ။

ကာကွယ်ဆေးများ..

လက်ရှိမှာ ကိုဗစ် ကာကွယ်ဆေးအဖြစ် ကျယ်ကျယ်ပြန့်ပြန့်အသုံးပြုဖို့ ခွင့်ပြုလိုက်တာက နှစ်မျိုးရှိပါတယ်။ Pfizer ကုမ္ပဏီကထုတ်တဲ့ကာကွယ်ဆေးနဲ့ Moderna ကထုတ်တဲ့ ကာကွယ်ဆေးပါ။ ကနေဒါ၊ ဗြိတိန်၊ အမေရိကန်ပြည်ထောင်စုအပါအဝင် အနောက်နိုင်ငံတွေမှာစတင်ထိုးနှံမှုတွေလုပ်နေပါပြီ။

အရေးပေါ်အခြေအနေတွေမှာ အသုံးပြုဖို့ဆိုပြီး ခွင့်ပြုထားတဲ့ကာကွယ်ဆေးက ငါးမျိုးရှိပါတယ်။ တရုတ်၊ ရုရှား နိုင်ငံတွေမှာအသုံးပြုနေပြီး ကျယ်ကျယ်ပြန့်ပြန့်အသုံးပြုလို့မရသေးဘူး။ နောက်ဆုံးအဆင့်ကိုရောက်နေတဲ့ ကာကွယ်ဆေးက ၁၈ ခုရှိနေပါတယ်။ အဲဒီထဲမှာ အောက်စဖို့ဒ်တက္ကသိုလ်က ထုတ်လုပ်နေတဲ့ကာကွယ်ဆေးလည်းပါပါတယ်။

ချမ်းသာတဲ့နိုင်ငံတွေကတော့ စထိုးနေပြီ။ မြန်မာအပါအဝင် ဆင်းရဲတဲ့ နိုင်ငံတွေကရော ဘယ်တော့ရနိုင်မှာလဲ..

ပြဿနာက အဲဒါပါ။ Pfizer ကာကွယ်ဆေးရော Moderna ကာကွယ်ဆေးရောက ဒေါ်လာ ၃၀ (မြန်မာငွေ လေးသောင်း) ကျော်ရှိပါတယ်။ မြန်မာနိုင်ငံ လူဦးရေရဲ့ ၆၀ ရာခိုင်နှုန်း ကာကွယ်ဆေးထိုးဖို့လိုအပ်တယ်။ အဲဒီတော့ စုစုပေါင်း လူဦးရေ သန်း ၃၀ ကျော်ပေါ့။ ဒီအတွက်ချည်းပဲ ဒေါ်လာ တစ် ဘီလျံ လိုအပ်ပါတယ်။ ချမ်းသာတဲ့နိုင်ငံတွေအတွက် မခက်ပေမယ့် ဒီငွေပမာဏက မြန်မာနိုင်ငံအတွက်တော့ မတတ်သာတဲ့အနေအထားပါ။

လောလောဆယ်မှာ ဈေးသက်သာတဲ့ကာကွယ်ဆေးကို အောက်စဖို့ဒ်က ထုတ်လုပ်နေပါတယ်။ ဒါပေမယ့် နောက်ဆုံးအဆင့်အတည်ပြုချက်မရသေးဘူး။ အဲဒီဆေးက မြန်မာနိုင်ငံအတွက် ပိုကိုက်တယ်။ သူက ၅ ဒေါ်လာလောက်ပဲကျသင့်မှာဖြစ်လို့ မြန်မာငွေနဲ့ဆိုရင် ၇၀၀၀ လောက်ကျပြီး ထိုးဖို့နိုင်နင်းတဲ့အနေအထားပါ။

လက်ရှိမှာ မြန်မာနိုင်ငံကာကွယ်ဆေးရဖို့အတွက် ကမ္ဘာ့ဘဏ်၊ အာရှဖွံ့ဖြိုးရေးဘဏ်၊ ဂျပန်နိုင်ငံတကာပူးပေါင်းဆောင်ရွက်ရေးအေဂျင်စီ၊ နိုင်ငံတကာငွေကြေးရံပုံငွေအဖွဲ့တို့နဲ့ ညှိနှိုင်းပြီး ချေးငွေရဖို့ဆောင်ရွက်နေတယ်။ ကျန်းမာရေးဝန်ကြီးကတော့ ၂၀၂၁ ဧပြီလောက်မှာ လူ ၁၀ သန်းလောက် ကာကွယ်ဆေးထိုးနှံလို့ရလိမ့်မယ်လို့ ပြောထားတယ်။ ၂၀၂၁ နှစ်ကုန်မှာ နောက်ထပ် ၄၀ ရာခိုင်နှုန်း သန်း ၂၀ ကျော်ထိုးနှံရနိုင်မယ်လို့မှန်းထားတယ်။

မြန်မာနိုင်ငံ ကာကွယ်ဆေးရဖို့ဟာ COVAX လို့ခေါ်တဲ့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့က ဖွဲ့စည်းပေးထားတဲ့ ကာကွယ်ဆေးရရှိရေးအဖွဲ့ပေါ်မူတည်နေတယ်။ ဆင်းရဲတဲ့နိုင်ငံတွေကာကွယ်ဆေးရနိုင်ဖို့အတွက် ဖွဲ့စည်းထားတဲ့ အဲဒီအဖွဲ့ကနေ ရမှသာ သက်သက်သာသာနဲ့ ဖြန့်ဝေနိုင်မှာဖြစ်ပါတယ်။ COVAX ဟာ ဆင်းရဲတဲ့ နိုင်ငံ ၉၂ နိုင်ငံအတွက် ၂၀၂၁ အကုန်မှာ ကာကွယ်ဆေးအလုံးရေ သန်းနှစ်ထောင်ရနိုင်ဖို့ မှန်းထားပေမယ့် ရံပုံငွေမရတဲ့အတွက် အဲဒီအစီအစဉ်ဟာ အခက်အခဲတွေ့နေပြီး ၂၀၂၄ ခုနှစ်ထိတောင် ဆင်းရဲတဲ့နိုင်ငံတွေ ကာကွယ်ဆေးရဖို့ကြာသွားနိုင်တယ်လို့ပြောတယ်။ သဘောကတော့ဗျာ ချမ်းသာတဲ့နိုင်ငံတွေက အလုအယက်ဝယ်နေတော့ ပိုက်ဆံမတတ်နိုင်တဲ့ ဒီအဖွဲ့အစည်းကို ဆေးကုမ္ပဏီတွေက မရောင်းနိုင်ဘူးဖြစ်နေတာပဲ။

COVAX က လောလောဆယ်မှာ ဈေးပိုတန်တဲ့ အောက်စဖို့ဒ်ကာကွယ်ဆေးကိုဝယ်ဖို့ သဘောတူညီချက်တွေလုပ်နေပေမယ့် စမ်းသပ်စစ်ဆေးမှုတွေက ကြာနေတဲ့အတွက် ၂၀၂၁ အစောပိုင်းအထိ မရနိုင်သေးဘူးဖြစ်နေတယ်။

နောက်ထပ်အခက်အခဲတစ်ခုက ကာကွယ်ဆေးတွေကို သယ်ယူပို့ဆောင်ရေးပဲ။ သယ်ယူပို့ဆောင်တဲ့အချိန်အကုန်လုံးမှာ သုညအောက် အေးခဲတဲ့အနေအထားမှာ ထားဖို့လိုအပ်တဲ့အတွက်ကြောင့် ကုန်ကျစရိတ်ထပ်တိုးတဲ့အပြင် မြန်မာနိုင်ငံလို သွားလာရေးခက်ခဲတဲ့နေရာအတွက် တစ်ပူပေါ်နောက်တစ်ပူဆင့်ပြန်ပါတယ်။ နိုင်ငံတွေအကုန်လုံးကလည်း ကိုယ့်ပြည်သူမျက်နှာကိုယ်အရင်ကြည့်ကြတဲ့အတွက် ကာကွယ်ဆေးကို ဘယ်နိုင်ငံကပဲထုတ်ထုတ် သူတို့နိုင်ငံကလူတွေကုန်မှသာ ကျန်တဲ့သူတွေဆီရောက်နိုင်တာမျိုးဖြစ်နေတယ်။

အနှစ်ချုပ်ပြောရရင်တော့ ကိုဗစ်ကာကွယ်ဆေးက ထွက်တော့ထွက်နေပြီ။ လက်ရှိမှာ မြန်မာငွေ လေးသောင်းကျော်လောက်ကျတယ်။ ပိုက်ဆံရှိတိုင်းလည်းထိုးမရဘူး အစိုးရအစီအစဉ်နဲ့ သွင်းပြီးထိုးမှရမယ်။ မြန်မာငွေ ၇၀၀၀ လောက်ပဲကျမယ့် ကာကွယ်ဆေးတွေက ၂၀၂၁ အစောပိုင်းမှ စထုတ်နိုင်မယ်။ ကျွန်တော်တို့ အစောဆုံးရနိုင်တဲ့အခြေအနေက ၂၀၂၁ ဧပြီလောက်မှပဲ။ ဒါတောင် ကျန်းမာရေးဝန်ထမ်းတွေနဲ့ ကိုဗစ်ကြောင့် အသက်အန္တရာယ်ရှိသူတွေပဲရဦးမယ်။

လူဦးရေ သန်း ၃၀ ကျော်ထိုးနှံဖို့ဆိုရင် ကံကောင်းရင် ၂၀၂၁ နှစ်ကုန်ပိုင်း ကံဆိုးရင်တော့ ၂၀၂၂အထိလောက် ရောက်မယ်။ လောလောဆယ် ပုဂ္ဂလိကဈေးကွက်ထဲ ကိုဗစ်ကာကွယ်ဆေး လုံးဝ (လုံးဝ) မရောက်သေးဘူး။ တစ်ဦးချင်းစီအသုံးပြုဖို့လည်း ထုတ်လုပ်တဲ့ကုမ္ပဏီတွေက မရောင်းနိုင်သေးဘဲ အစိုးရတွေအစီအစဉ်နဲ့သာ ရောင်းချထိုးနှံမှာဖြစ်ပါတယ်။

နှစ်ချက်ကို အဓိက ပြောချင်ပါတယ်။ ၁။ ကာကွယ်ဆေးဝယ်လို့ရပြီဆိုတာတွေ ထိုးနှံလို့ရပြီဆိုပြီး ရောင်းနေတာတွေ တွေ့ရင် လုံးဝမယုံပါနဲ့။ အပေါ်ကအချက်အလက်တွေအရ ကာကွယ်ဆေး ဈေးကွက်ထဲကို အစိုးရအစီအစဉ်နဲ့မဟုတ်ဘဲ ဘယ်လိုမှ ရောက်မလာနိုင်ပါဘူး။ ၂။ ကာကွယ်ဆေးက ကြာဦးမှာဖြစ်လို့ ကာကွယ်ရေးအလုပ်တွေကို အရှိန်အဟုန်မလျှော့ချဖို့ လိုအပ်ပါတယ်။

ဒေါက်တာသူရိန်လှိုင်ဝင်း

Be the first to comment on "ကိုဗစ်ကာကွယ်ဆေး မြန်မာနိုင်ငံမှာ ဘယ်အချိန်လောက် ရနိုင်မလဲ…"

Leave a comment

Your email address will not be published.


*