မကွယ်လွန်ခင်တည်းက အိမ်နဲ့ခြံကိုပါ လှူဒါန်းခဲ့တဲ့ အကယ်ဒမီ ၂ဆုရှင် ဒေါ်အေးအေးသင်း

ျမန္မာ့အႏုပညာေလာကထဲက အကယ္ဒမီ ၂ဆုရွင္ေဒၚေအးေအးသင္းဟာဆိုရင္ ဒီကေန႔ မနက္ ၆နာရီ၁၅ မိနစ္က ကြယ္လြန္ခဲ့ တာျဖစ္ပါတယ္။

ကြယ္လြန္ခ်ိန္မွာ အသက္ ၇၅ ႏွစ္ရွိၿပီး၊ သူေနထိုင္ရာေမွာ္ဘီၿမိဳ႕နယ္ေနအိမ္မွာ ဆုံးပါး ခဲ့တာျဖစ္ပါတယ္။

အကယ္ဒမီေဒၚေအးေအးသင္းအေနနဲ႔ ၁၉၇၁ ခုႏွစ္က ဒါ႐ိုက္တာစံေ႐ႊေမာင္႐ိုက္ကူးတဲ့ “မာယာေထာင္ေခ်ာက္” ႐ုပ္ရွင္ဇာတ္ကား နဲ႔ အမ်ိဳးသမီးဇာတ္ပို႔ထူးခြၽန္ဆု၊ ၁၉၇၃ ခုႏွစ္မွာေတာ့ ဒါ႐ိုက္တာေမာင္ဝဏၰ ႐ိုက္ကူးတဲ့ “ ဇာခန္းဆီးေနာက္ကြယ္မွာ” ႐ုပ္ရွင္ ဇာတ္ကားနဲ႔ အမ်ိဳးသမီးဇာတ္ပို႔ထူးခြၽန္ဆု ေတြကိုရရွိခဲ့တာျဖစ္ပါတယ္။

သူဟာဆိုရင္ ၁၉၈၈ ခုႏွစ္ေနာက္ပိုင္းမွာေတာ့ အႏုပညာနဲ႔ ပတ္သက္တဲ့ အလုပ္ေတြ မလုပ္ကိုင္ေတာ့ဘဲ၊ ေမသုခလို႔ အမည္ရွိတဲ့ ေဗဒင္ေဟာခန္းတစ္ခုကိုဖြင့္ခဲ့ တာျဖစ္ပါတယ္။

ဒါ့အျပင္ ေမွာ္ဘီမွာသူပိုင္တဲ့၂ ဧက ခန႔္ရွိေျမကိုဘုန္းႀကီးေက်ာင္းကိုလႉဒါန္းခဲ့တဲ့အျပင္၊ လက္ရွိမွာေတာ့ သူေနထိုင္ရာ အိမ္နဲ႔ ၿခံကိုလည္း ထပ္မံလႉဒါန္းခဲ့တယ္လို႔ သိရပါတယ္။

————-

မြန်မာ့အနုပညာလောကထဲက အကယ်ဒမီ ၂ဆုရှင်ဒေါ်အေးအေးသင်းဟာဆိုရင် ဒီကနေ့ မနက် ၆နာရီ၁၅ မိနစ်က ကွယ်လွန်ခဲ့ တာဖြစ်ပါတယ်။

ကွယ်လွန်ချိန်မှာ အသက် ၇၅ နှစ်ရှိပြီး၊ သူနေထိုင်ရာမှော်ဘီမြို့နယ်နေအိမ်မှာ ဆုံးပါး ခဲ့တာဖြစ်ပါတယ်။

အကယ်ဒမီဒေါ်အေးအေးသင်းအနေနဲ့ ၁၉၇၁ ခုနှစ်က ဒါရိုက်တာစံရွှေမောင်ရိုက်ကူးတဲ့ “မာယာထောင်ချောက်” ရုပ်ရှင်ဇာတ်ကား နဲ့ အမျိုးသမီးဇာတ်ပို့ထူးချွန်ဆု၊ ၁၉၇၃ ခုနှစ်မှာတော့ ဒါရိုက်တာမောင်ဝဏ္ဏ ရိုက်ကူးတဲ့ “ ဇာခန်းဆီးနောက်ကွယ်မှာ” ရုပ်ရှင် ဇာတ်ကားနဲ့ အမျိုးသမီးဇာတ်ပို့ထူးချွန်ဆု တွေကိုရရှိခဲ့တာဖြစ်ပါတယ်။

သူဟာဆိုရင် ၁၉၈၈ ခုနှစ်နောက်ပိုင်းမှာတော့ အနုပညာနဲ့ ပတ်သက်တဲ့ အလုပ်တွေ မလုပ်ကိုင်တော့ဘဲ၊ မေသုခလို့ အမည်ရှိတဲ့ ဗေဒင်ဟောခန်းတစ်ခုကိုဖွင့်ခဲ့ တာဖြစ်ပါတယ်။

ဒါ့အပြင် မှော်ဘီမှာသူပိုင်တဲ့၂ ဧက ခန့်ရှိမြေကိုဘုန်းကြီးကျောင်းကိုလှူဒါန်းခဲ့တဲ့အပြင်၊ လက်ရှိမှာတော့ သူနေထိုင်ရာ အိမ်နဲ့ ခြံကိုလည်း ထပ်မံလှူဒါန်းခဲ့တယ်လို့ သိရပါတယ်။

Be the first to comment on "မကွယ်လွန်ခင်တည်းက အိမ်နဲ့ခြံကိုပါ လှူဒါန်းခဲ့တဲ့ အကယ်ဒမီ ၂ဆုရှင် ဒေါ်အေးအေးသင်း"

Leave a comment

Your email address will not be published.


*