ကိုဗစ္ေရာဂါ ကူးစက္ျပန႔္ပြားမွု ကာကြယ္ထိန္းခ်ဳပ္နိုင္ေရးအတြက္ မႏၲေလးခရိုင္အတြင္း ေနထိုင္သည့္ ျပည္သူမ်ား လိုက္နာရန္ တိုင္းအစိုးရအဖြဲ႕က ထုတ္ျပန္ထားသည့္ တားျမစ္ကန႔္သတ္မိန႔္မ်ားကို ပယ္ဖ်က္ေၾကာင္း မႏၲေလးတိုင္းေဒသႀကီး အစိုးရက ေၾကညာလိုက္ပါတယ္။
ကိုဗစ္ ကာကြယ္ထိန္းခ်ဳပ္ ကုသေရးဆိုင္ရာမ်ားႏွင့္ ပတ္သက္၍ မႏၲေလးတိုင္းေဒသႀကီး အစိုးရက ျပည္သူသို႔ တင္ျပျခင္း ဆိုသည့္ သတင္းစာ ႏွစ္မ်က္ႏွာ အျပည့္ပါ ေၾကညာခ်က္တြင္ ယေန႔ ဒီဇင္ဘာ(၁၈)ရက္မွ စတင္ကာ မႏၲေလးခရိုင္အတြင္း သတ္မွတ္ထားသည့္ Stay At Home ေဆာင္ရြက္ျခင္း လုပ္ငန္းႏွင့္ ဒဏ္တပ္ျခင္း လုပ္ငန္းမ်ားကို ဆက္လက္ေဆာင္ရြက္ေတာ့မည္ မဟုတ္ဟု ေဖာ္ျပထားပါတယ္။
သို႔ေသာ္ ေဒသခံမ်ားႏွင့္ အေနျဖင့္ ကိုဗစ္ေရာဂါ ကူးစက္ျပန႔္ပြားမွု ကာကြယ္ေရး လမ္းညႊန္ခ်က္မ်ားႏွင့္အညီ ေနထိုင္ၾကရန္ ပန္ၾကားပါသည္ဟု တိုင္းအစိုးရက ေၾကညာထားပါတယ္။ မႏၲေလးခရိုင္အတြင္း ကိုဗစ္ေရာဂါ ကူးစက္မွုႏွင့္ ေသဆုံးမွုမ်ား ဆက္တိုက္ျမင့္တက္ေနသျဖင့္ ေရာဂါကာကြယ္ ထိန္းခ်ဳပ္ေရးအတြက္ ဒီဇင္ဘာ(၅)ရက္မွ (၁၈)ရက္အထိ ခရိုင္အတြင္း ေနထိုင္သူ ျပည္သူမ်ား လိုက္နာရမည့္ စည္းကမ္းကန႔္သတ္ခ်က္ (၁၇) ခ်က္ကို တိုင္းအစိုးရက ထုတ္ျပန္ထားျခင္း ျဖစ္ပါတယ္။
အဆိုပါ တားျမစ္ကန႔္သတ္ခ်က္ မလိုက္နာသူမ်ားကို စစ္ေဆးေရးဂိတ္မ်ား ဖြင့္လွစ္၍ ဒဏ္ရိုက္အေရးယူမွုမ်ား လုပ္ေဆာင္ခဲ့ရာ ဒီဇင္ဘာ(၅)ရက္မွ (၁၅)ရက္အထိ ဒဏ္ရိုက္ခံရသူ (၁၃၂၀၀)ေက်ာ္၊ စုစုေပါင္း ဒဏ္ေၾကးေငြ က်ပ္သိန္း (၆၆၀)ေက်ာ္ ရရွိခဲ့ေၾကာင္းႏွင့္ အဆိုပါ ဒဏ္ေၾကးေငြမ်ားကို မႏၲေလးခရိုင္အတြင္းေန အမ်ားျပည္သူအတြက္ ျပန္လည္အသုံးျပဳမည္ ျဖစ္ေၾကာင္း တိုင္းအစိုးရ ထုတ္ျပန္ခ်က္တြင္ ေဖာ္ျပထားပါတယ္။
မႏၲေလးခရိုင္အတြင္း (၁၄)ရက္ၾကာ ဆီမီးေလာ့ေဒါင္း သတ္မွတ္ခဲ့ေသာ္လည္း ကိုဗစ္ေရာဂါ ကူးစက္မွု ေလ်ာ့က်ျခင္း မရွိဘဲ ဆီမီးေလာ့ေဒါင္း စတင္သတ္မွတ္သည့္ ဒီဇင္ဘာ(၅)ရက္၌ မႏၲေလးခရိုင္အတြင္း ကိုဗစ္ အတည္ျပဳလူနာသစ္ (၂၁၅)ဦး ေတြ႕ရွိခဲ့ၿပီး ဒီဇင္ဘာ(၁၂)ရက္တြင္ ပိုးေတြ႕လူနာ(၂၈၈)ဦး၊ ယမန္ေန႔ ဒီဇင္ဘာ(၁၆)ရက္တြင္ မႏၲေလးခရိုင္အတြင္း အတည္ျပဳလူနာသစ္ (၂၉၃)ဦး ေတြ႕ရွိခဲ့ေၾကာင္း က်န္းမာေရးႏွင့္ အားကစားဝန္ႀကီးဌာနက ထုတ္ျပန္ထားပါတယ္။
ဒီဇင္ဘာ (၁၇)ရက္အထိ မႏၲေလးခရိုင္အတြင္း ကိုဗစ္ အတည္ျပဳလူနာ (၈,၄၆၉)ဦး ရွိကာ ၎တို႔အနက္ ေဆး႐ုံဆင္းသူ (၅,၉၄၃)ဦး၊ ေသဆုံးသူ (၁၁၅)ဦးႏွင့္ ေဆး႐ုံတက္ေရာက္ေနဆဲ (၂,၄၁၁)ဦး ရွိေၾကာင္း တတိုင္းလုံးအေနျဖင့္ အတည္ျပဳလူနာ (၁၀,၄၃၃)ဦး ရွိကာ ၄င္းတို႔အနက္ ေဆး႐ုံမွဆင္းသူ (၇,၃၂၅)ဦး၊ ေသဆုံးသူ(၁၄၁)ဦးႏွင့္ ေဆး႐ုံတက္ေနဆဲ(၂,၉၆၇)ဦး ရွိေၾကာင္း မႏၲေလးတိုင္းေဒသႀကီး ကိုဗစ္ ထိန္းခ်ဳပ္ေရးႏွင့္ အေရးေပၚတုန႔္ျပန္ေရး ေကာ္မတီမွ သတင္းထုတ္ျပန္ထားပါတယ္။
——
ကိုဗစ်ရောဂါ ကူးစက်ပြန့်ပွားမှု ကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် မန္တလေးခရိုင်အတွင်း နေထိုင်သည့် ပြည်သူများ လိုက်နာရန် တိုင်းအစိုးရအဖွဲ့က ထုတ်ပြန်ထားသည့် တားမြစ်ကန့်သတ်မိန့်များကို ပယ်ဖျက်ကြောင်း မန္တလေးတိုင်းဒေသကြီး အစိုးရက ကြေညာလိုက်ပါတယ်။
ကိုဗစ် ကာကွယ်ထိန်းချုပ် ကုသရေးဆိုင်ရာများနှင့် ပတ်သက်၍ မန္တလေးတိုင်းဒေသကြီး အစိုးရက ပြည်သူသို့ တင်ပြခြင်း ဆိုသည့် သတင်းစာ နှစ်မျက်နှာ အပြည့်ပါ ကြေညာချက်တွင် ယနေ့ ဒီဇင်ဘာ(၁၈)ရက်မှ စတင်ကာ မန္တလေးခရိုင်အတွင်း သတ်မှတ်ထားသည့် Stay At Home ဆောင်ရွက်ခြင်း လုပ်ငန်းနှင့် ဒဏ်တပ်ခြင်း လုပ်ငန်းများကို ဆက်လက်ဆောင်ရွက်တော့မည် မဟုတ်ဟု ဖော်ပြထားပါတယ်။
သို့သော် ဒေသခံများနှင့် အနေဖြင့် ကိုဗစ်ရောဂါ ကူးစက်ပြန့်ပွားမှု ကာကွယ်ရေး လမ်းညွှန်ချက်များနှင့်အညီ နေထိုင်ကြရန် ပန်ကြားပါသည်ဟု တိုင်းအစိုးရက ကြေညာထားပါတယ်။ မန္တလေးခရိုင်အတွင်း ကိုဗစ်ရောဂါ ကူးစက်မှုနှင့် သေဆုံးမှုများ ဆက်တိုက်မြင့်တက်နေသဖြင့် ရောဂါကာကွယ် ထိန်းချုပ်ရေးအတွက် ဒီဇင်ဘာ(၅)ရက်မှ (၁၈)ရက်အထိ ခရိုင်အတွင်း နေထိုင်သူ ပြည်သူများ လိုက်နာရမည့် စည်းကမ်းကန့်သတ်ချက် (၁၇) ချက်ကို တိုင်းအစိုးရက ထုတ်ပြန်ထားခြင်း ဖြစ်ပါတယ်။
အဆိုပါ တားမြစ်ကန့်သတ်ချက် မလိုက်နာသူများကို စစ်ဆေးရေးဂိတ်များ ဖွင့်လှစ်၍ ဒဏ်ရိုက်အရေးယူမှုများ လုပ်ဆောင်ခဲ့ရာ ဒီဇင်ဘာ(၅)ရက်မှ (၁၅)ရက်အထိ ဒဏ်ရိုက်ခံရသူ (၁၃၂၀၀)ကျော်၊ စုစုပေါင်း ဒဏ်ကြေးငွေ ကျပ်သိန်း (၆၆၀)ကျော် ရရှိခဲ့ကြောင်းနှင့် အဆိုပါ ဒဏ်ကြေးငွေများကို မန္တလေးခရိုင်အတွင်းနေ အများပြည်သူအတွက် ပြန်လည်အသုံးပြုမည် ဖြစ်ကြောင်း တိုင်းအစိုးရ ထုတ်ပြန်ချက်တွင် ဖော်ပြထားပါတယ်။
မန္တလေးခရိုင်အတွင်း (၁၄)ရက်ကြာ ဆီမီးလော့ဒေါင်း သတ်မှတ်ခဲ့သော်လည်း ကိုဗစ်ရောဂါ ကူးစက်မှု လျော့ကျခြင်း မရှိဘဲ ဆီမီးလော့ဒေါင်း စတင်သတ်မှတ်သည့် ဒီဇင်ဘာ(၅)ရက်၌ မန္တလေးခရိုင်အတွင်း ကိုဗစ် အတည်ပြုလူနာသစ် (၂၁၅)ဦး တွေ့ရှိခဲ့ပြီး ဒီဇင်ဘာ(၁၂)ရက်တွင် ပိုးတွေ့လူနာ(၂၈၈)ဦး၊ ယမန်နေ့ ဒီဇင်ဘာ(၁၆)ရက်တွင် မန္တလေးခရိုင်အတွင်း အတည်ပြုလူနာသစ် (၂၉၃)ဦး တွေ့ရှိခဲ့ကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။
ဒီဇင်ဘာ (၁၇)ရက်အထိ မန္တလေးခရိုင်အတွင်း ကိုဗစ် အတည်ပြုလူနာ (၈,၄၆၉)ဦး ရှိကာ ၎င်းတို့အနက် ဆေးရုံဆင်းသူ (၅,၉၄၃)ဦး၊ သေဆုံးသူ (၁၁၅)ဦးနှင့် ဆေးရုံတက်ရောက်နေဆဲ (၂,၄၁၁)ဦး ရှိကြောင်း တတိုင်းလုံးအနေဖြင့် အတည်ပြုလူနာ (၁၀,၄၃၃)ဦး ရှိကာ ၎င်းတို့အနက် ဆေးရုံမှဆင်းသူ (၇,၃၂၅)ဦး၊ သေဆုံးသူ(၁၄၁)ဦးနှင့် ဆေးရုံတက်နေဆဲ(၂,၉၆၇)ဦး ရှိကြောင်း မန္တလေးတိုင်းဒေသကြီး ကိုဗစ် ထိန်းချုပ်ရေးနှင့် အရေးပေါ်တုန့်ပြန်ရေး ကော်မတီမှ သတင်းထုတ်ပြန်ထားပါတယ်။
Be the first to comment on "မန္တလေးကို လော့ဒေါင်း တိုင်းအစိုးရ ပယ်ဖျက်လိုက်ပြီ"