ကုိဗစ္ေရာဂါကာလ ျပည္တြင္း အေပ်ာ္စီးေလယာဥ္နဲ႔ သေဘၤာခရီးစဥ္ေတြ လာမယ့္ ၂၀ ေန႔မွာ စတင္ဖို႔ စီစဥ္ေနၿပီး လိုက္ပါမယ့္ သူေတြ ကိုဗစ္ရွိ၊ မရွိစစ္ေဆးရမယ္ဆိုတဲ့အေၾကာင္း ေျပာျပပါမယ္။ ဗီြအိုေအျမန္မာပိုင္း သတင္းေထာက္ မအဂၢႏြန္က သတင္းေပးပို႔ထားပါတယ္။ျမန္မာႏိုင္ငံမွာ ကိုဗစ္ေၾကာင့္ အႀကီးက်ယ္ ထိခိုက္ေနရတဲ့ ခရီးသြားလုပ္ငန္းေတြ အစီစဥ္သစ္အေနနဲ႔ ျပန္စႏိုင္ဖို႔ တာဝန္ရွိသူေတြက စီစဥ္ေနၾကပါတယ္။
အေပ်ာ္စီးေလယာဥ္ ခရီးစဥ္ကို ဒီဇင္ဘာလ ၂၀ ရက္ေန႔မွာ စတင္မယ့္အေၾကာင္း ဟိုတယ္နဲ႔ ခရီးသြားလာေရးဝန္ႀကီးဌာန ဒုတိယညႊန္ၾကားေရးမွဴးခ်ဳပ္ ေဒၚခင္သန္းဝင္းက ဗီြအုိေအကို ေျပာပါတယ္။“ဒီဇင္ဘာလ ၂၀ ရက္ေန႔မွာ အေပ်ာ္စီးေလယာဥ္ေပါ့ေနာ္။ Non Landing Flights Tour ဆိုၿပီးေတာ့ က်မတို႔ စီစဥ္မွာ ျဖစ္ပါတယ္။ ျမန္မာေနရွင္းနယ္အဲလိုင္းနဲ႔ ဒီဇင္ဘာလ ၂၀ ရက္ေန႔ မနက္ ၉ နာရီမွာ ရန္ကုန္အျပည္ျပည္ဆိုင္ရာ ေလဆိပ္ကေန စထြက္ခြာပါမယ္။ ခရီးစဥ္ကေတာ့ ရန္ကုန္၊ ဘားအံ၊ က်ဳိက္ထီး႐ုိးျဖစ္ပါတယ္။
သူက က်ဳိက္ထီး႐ုိးဘုးရားကို အနီးကပ္ဖူးေမ်ွာ္လို႔ရေအာင္ အနိမ့္က ပ်ံေပးမယ္။ ဘားအံဆိုလည္းေပါ့ေနာ္… သဘာဝ႐ႈခင္းေတြၾကည့္လို႔ရေအာင္ ပ်ံသန္းမွာျဖစ္ပါတယ္။ ပ်ံတဲ့အခ်ိန္ကေတာ့ တစ္နာရီေက်ာ္ေက်ာ္ျဖစ္ပါမယ္။ ရန္ကုန္ကုိျပန္ၿပီးေတာ့ ဝင္လာမွာေပါ့။”ဒီေလယာဥ္ခရီးစဥ္ဟာ သြားမယ့္ေနရာေဒသမွာ ရပ္နားဆိုက္ကပ္တာမ်ဳိး မလုပ္ဘဲ ေကာင္းကင္ကေန လွည့္လည္ၿပီး ေဒသပတ္ဝန္းက်င္ကို ၾကည့္႐ႈမယ့္ အေပ်ာ္စီးေလယာဥ္ခရီးစဥ္သာျဖစ္တယ္လို႔ ေျပာပါတယ္။ေလယာဥ္ခရီးစဥ္လက္မွတ္ႏႈန္းကေတာ့ က်ပ္ ၆၀,၀၀၀ ကေန ၉၀,၀၀၀ ထိ ျဖစ္ၿပီး ျမန္မာႏိုင္ငံခရီးသြားလုပ္ငန္းရွင္မ်ား အသင္းမွာ ဝယ္ယူႏိုင္တယ္လို႔ ေျပာပါတယ္။
သေဘၤာခရီးစဥ္အတြက္ေတာ့ လက္မွတ္ေတြ မေရာင္းေသးဘဲ ဟိုတယ္နဲ႔ ခရီးသြားလာေရးဝန္ႀကီးဌာန၊ လုပ္ငန္းရွင္အဖြဲ႔အပါအဝင္ မီဒီယာေတြကို ေခၚသြားၿပီး ဒီဇင္ဘာလ ၂၀ ရက္ေန႔ ညေန ၄ နာရီမွာ အရင္ဆံုးေလ့လာေရးအေနနဲ႔ စတင္မွာျဖစ္တယ္လို႔ ေဒၚခင္သန္းဝင္းက ေျပာပါတယ္။ခရီးစဥ္မွာလိုက္ပါမယ့္ ျပည္သူေတြ ကိုဗစ္ရွိ၊ မရွိစစ္ေဆးၿပီးမွ လိုက္ပါခြင့္ရွိမယ္လို႔ ျမန္မာႏိုင္ငံခရီးသြားလုပ္ငန္းရွင္မ်ားအသင္းအဖြဲ႔ဝင္ ေဒၚေကသြယ္စိုးက ဗီြအုိေအကို ေျပာပါတယ္။
“မၾကာခင္ေတာ့ အမ်ားျပည္သူေတြကို ဘယ္ေလာက္ေစ်းႏႈန္းရွိမယ္၊ ဘယ္လိုလူေတြ လိုက္လို႔ရမယ္ဆိုတာ အေသးစိတ္ကိုေတာ့ ထုတ္ျပန္မွာပါ။ ဒီေလယာဥ္မွာရွိေနတဲ့ ဝန္ထမ္းေတြကအစ အကုန္လံုး Negative ျဖစ္တဲ့ လူေတြကုိပဲ တာဝန္ထမ္းေဆာင္ရမွာေပါ့၊ ဒါေတာ့ ေလယာဥ္အပိုင္းေပါ့ေနာ္။ က်မတို႔ ခရီးသည္ေတြအပိုင္းကေတာ့ က်မတို႔က အကုန္လံုးကင္းစင္ၿပီးမွ Negative ထြက္တ့ဲ သူေတြအားလံုးကုိပဲ က်မတို႔က ခရီးသည္အျဖစ္ လိုက္ပါပို႔ေဆာင္ခြင့္ ရွိမွာပါ၊ လိုက္ပါခြင့္ရွိမွာပါ။”
ျမန္မာႏိုင္ငံမွာ ခရီးသြားလုပ္ငန္းေတြ ရပ္ဆိုင္းထားတာ ၾကာၿပီျဖစ္လို႔ အခုလိုအစီစဥ္အသစ္စတာကေန ခရီးလုပ္ငန္းေတြ ျပန္အသက္ဝင္လာမယ္လို႔ ဒီခရီးစဥ္ကို ဧည့္လမ္းဝန္ေဆာင္မႈေပးမယ့္ ဧည့္လမ္းညႊန္အသင္း ဥကၠ႒ ဦးေအာင္ထြန္းလင္းက ေျပာပါတယ္။
“start လုပ္လိုက္တာေပါ့။ ဒီခရီးသြားလုပ္ငန္းကို ျပန္ၿပီးအသက္ဝင္လာေအာင္ေပါ့။ သူက ဒီခရီးလုပ္ငန္းကို လုပ္လုိက္ျခင္းအားျဖင့္ ဒီခရီးစဥ္လည္း အထိုက္အေလ်ာက္ ေအာင္ျမင္သြားမယ္လို႔ဆိုရင္ ေနာက္ပိုင္းမွာ ခရီးဧည့္သည္ေတြအေနနဲ႔ စိတ္ဝင္စားမႈ တိုးလာရင္ တျခားေနရာကို သူတို႔တိုးခ်ဲ႕လို႔ရလာမယ္။”ကိုဗစ္ကပ္ေရာဂါေၾကာင့္ ခရီးသြားလုပ္ငန္းေတြ အပါအ၀င္ သြားလာလႈပ္ရွားမႈေတြ ကန္႔သတ္ထားတာ ၉ လေက်ာ္ ရပ္ဆိုင္းေနတာေၾကာင့္ က်န္းမာေရးလမ္းညြန္ခ်က္နဲ႔အညီ ခရီးသြားလုပ္ငန္းေတြ ျပန္လည္စတင္ဖို႔ လုပ္ငန္းရွင္ေတြက လိုလာေနၾကပါတယ္။
ဒါေၾကာင့္ ရန္ကုန္၊ ပုဂံ၊ အင္းေလး၊ ပဲခူး၊ က်ဳိက္ထီး႐ုိး စသျဖင့္ ေန႔ခ်င္းျပန္ တစ္ရက္ခရီးစဥ္ေတြ လုပ္ေဆာင္ဖို႔ ေဆြးေႏြးထားတာရွိတယ္လို႔လည္း ဧည့္လမ္းညႊန္အသင္း ဥကၠ႒ ဦးေအာင္ထြန္းလင္းက ေျပာပါတယ္။ျပီးခဲ့တဲ့ႏွစ္က ျမန္မာႏုိင္ငံမွာ ျပည္ပခရီးသြား ၂၃ ရာခုိင္ႏႈန္းတုိးလာခဲ့ေပမဲ့ ဒီႏွစ္မွာေတာ့ ကပ္ေရာဂါေၾကာင့္ ခရီးသြားလုပ္ငန္းမွာ ဝင္ေငြ ၈၀ ရာခုိင္ႏႈန္းေက်ာ္ က်ဆင္းႏုိင္တယ္လုိ႔လည္း ဟုိတယ္နဲ႔ ခရီးသြားလုပ္ငန္း ဝန္ႀကီးဌာနက ခန္႔မွန္းထားပါတယ္။
Unicode
အပျော်စီး လေယာဉ်နဲ့ သင်္ဘောခရီးစဉ်တွေ စတင်တော့မည်
ကိုဗစ်ရောဂါကာလ ပြည်တွင်း အပျော်စီးလေယာဉ်နဲ့ သင်္ဘောခရီးစဉ်တွေ လာမယ့် ၂၀ နေ့မှာ စတင်ဖို့ စီစဉ်နေပြီး လိုက်ပါမယ့် သူတွေ ကိုဗစ်ရှိ၊ မရှိစစ်ဆေးရမယ်ဆိုတဲ့အကြောင်း ပြောပြပါမယ်။ ဗွီအိုအေမြန်မာပိုင်း သတင်းထောက် မအဂ္ဂနွန်က သတင်းပေးပို့ထားပါတယ်။မြန်မာနိုင်ငံမှာ ကိုဗစ်ကြောင့် အကြီးကျယ် ထိခိုက်နေရတဲ့ ခရီးသွားလုပ်ငန်းတွေ အစီစဉ်သစ်အနေနဲ့ ပြန်စနိုင်ဖို့ တာဝန်ရှိသူတွေက စီစဉ်နေကြပါတယ်။
အပျော်စီးလေယာဉ် ခရီးစဉ်ကို ဒီဇင်ဘာလ ၂၀ ရက်နေ့မှာ စတင်မယ့်အကြောင်း ဟိုတယ်နဲ့ ခရီးသွားလာရေးဝန်ကြီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါ်ခင်သန်းဝင်းက ဗွီအိုအေကို ပြောပါတယ်။“ဒီဇင်ဘာလ ၂၀ ရက်နေ့မှာ အပျော်စီးလေယာဉ်ပေါ့နော်။ Non Landing Flights Tour ဆိုပြီးတော့ ကျမတို့ စီစဉ်မှာ ဖြစ်ပါတယ်။ မြန်မာနေရှင်းနယ်အဲလိုင်းနဲ့ ဒီဇင်ဘာလ ၂၀ ရက်နေ့ မနက် ၉ နာရီမှာ ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်ကနေ စထွက်ခွာပါမယ်။ ခရီးစဉ်ကတော့ ရန်ကုန်၊ ဘားအံ၊ ကျိုက်ထီးရိုးဖြစ်ပါတယ်။
သူက ကျိုက်ထီးရိုးဘုးရားကို အနီးကပ်ဖူးမျှော်လို့ရအောင် အနိမ့်က ပျံပေးမယ်။ ဘားအံဆိုလည်းပေါ့နော်… သဘာဝရှုခင်းတွေကြည့်လို့ရအောင် ပျံသန်းမှာဖြစ်ပါတယ်။ ပျံတဲ့အချိန်ကတော့ တစ်နာရီကျော်ကျော်ဖြစ်ပါမယ်။ ရန်ကုန်ကိုပြန်ပြီးတော့ ဝင်လာမှာပေါ့။”ဒီလေယာဉ်ခရီးစဉ်ဟာ သွားမယ့်နေရာဒေသမှာ ရပ်နားဆိုက်ကပ်တာမျိုး မလုပ်ဘဲ ကောင်းကင်ကနေ လှည့်လည်ပြီး ဒေသပတ်ဝန်းကျင်ကို ကြည့်ရှုမယ့် အပျော်စီးလေယာဉ်ခရီးစဉ်သာဖြစ်တယ်လို့ ပြောပါတယ်။လေယာဉ်ခရီးစဉ်လက်မှတ်နှုန်းကတော့ ကျပ် ၆၀,၀၀၀ ကနေ ၉၀,၀၀၀ ထိ ဖြစ်ပြီး မြန်မာနိုင်ငံခရီးသွားလုပ်ငန်းရှင်များ အသင်းမှာ ဝယ်ယူနိုင်တယ်လို့ ပြောပါတယ်။
သင်္ဘောခရီးစဉ်အတွက်တော့ လက်မှတ်တွေ မရောင်းသေးဘဲ ဟိုတယ်နဲ့ ခရီးသွားလာရေးဝန်ကြီးဌာန၊ လုပ်ငန်းရှင်အဖွဲ့အပါအဝင် မီဒီယာတွေကို ခေါ်သွားပြီး ဒီဇင်ဘာလ ၂၀ ရက်နေ့ ညနေ ၄ နာရီမှာ အရင်ဆုံးလေ့လာရေးအနေနဲ့ စတင်မှာဖြစ်တယ်လို့ ဒေါ်ခင်သန်းဝင်းက ပြောပါတယ်။ခရီးစဉ်မှာလိုက်ပါမယ့် ပြည်သူတွေ ကိုဗစ်ရှိ၊ မရှိစစ်ဆေးပြီးမှ လိုက်ပါခွင့်ရှိမယ်လို့ မြန်မာနိုင်ငံခရီးသွားလုပ်ငန်းရှင်များအသင်းအဖွဲ့ဝင် ဒေါ်ကေသွယ်စိုးက ဗွီအိုအေကို ပြောပါတယ်။
“မကြာခင်တော့ အများပြည်သူတွေကို ဘယ်လောက်ဈေးနှုန်းရှိမယ်၊ ဘယ်လိုလူတွေ လိုက်လို့ရမယ်ဆိုတာ အသေးစိတ်ကိုတော့ ထုတ်ပြန်မှာပါ။ ဒီလေယာဉ်မှာရှိနေတဲ့ ဝန်ထမ်းတွေကအစ အကုန်လုံး Negative ဖြစ်တဲ့ လူတွေကိုပဲ တာဝန်ထမ်းဆောင်ရမှာပေါ့၊ ဒါတော့ လေယာဉ်အပိုင်းပေါ့နော်။ ကျမတို့ ခရီးသည်တွေအပိုင်းကတော့ ကျမတို့က အကုန်လုံးကင်းစင်ပြီးမှ Negative ထွက်တဲ့ သူတွေအားလုံးကိုပဲ ကျမတို့က ခရီးသည်အဖြစ် လိုက်ပါပို့ဆောင်ခွင့် ရှိမှာပါ၊ လိုက်ပါခွင့်ရှိမှာပါ။”
မြန်မာနိုင်ငံမှာ ခရီးသွားလုပ်ငန်းတွေ ရပ်ဆိုင်းထားတာ ကြာပြီဖြစ်လို့ အခုလိုအစီစဉ်အသစ်စတာကနေ ခရီးလုပ်ငန်းတွေ ပြန်အသက်ဝင်လာမယ်လို့ ဒီခရီးစဉ်ကို ဧည့်လမ်းဝန်ဆောင်မှုပေးမယ့် ဧည့်လမ်းညွှန်အသင်း ဥက္ကဋ္ဌ ဦးအောင်ထွန်းလင်းက ပြောပါတယ်။
“start လုပ်လိုက်တာပေါ့။ ဒီခရီးသွားလုပ်ငန်းကို ပြန်ပြီးအသက်ဝင်လာအောင်ပေါ့။ သူက ဒီခရီးလုပ်ငန်းကို လုပ်လိုက်ခြင်းအားဖြင့် ဒီခရီးစဉ်လည်း အထိုက်အလျောက် အောင်မြင်သွားမယ်လို့ဆိုရင် နောက်ပိုင်းမှာ ခရီးဧည့်သည်တွေအနေနဲ့ စိတ်ဝင်စားမှု တိုးလာရင် တခြားနေရာကို သူတို့တိုးချဲ့လို့ရလာမယ်။”ကိုဗစ်ကပ်ရောဂါကြောင့် ခရီးသွားလုပ်ငန်းတွေ အပါအဝင် သွားလာလှုပ်ရှားမှုတွေ ကန့်သတ်ထားတာ ၉ လကျော် ရပ်ဆိုင်းနေတာကြောင့် ကျန်းမာရေးလမ်းညွန်ချက်နဲ့အညီ ခရီးသွားလုပ်ငန်းတွေ ပြန်လည်စတင်ဖို့ လုပ်ငန်းရှင်တွေက လိုလာနေကြပါတယ်။
ဒါကြောင့် ရန်ကုန်၊ ပုဂံ၊ အင်းလေး၊ ပဲခူး၊ ကျိုက်ထီးရိုး စသဖြင့် နေ့ချင်းပြန် တစ်ရက်ခရီးစဉ်တွေ လုပ်ဆောင်ဖို့ ဆွေးနွေးထားတာရှိတယ်လို့လည်း ဧည့်လမ်းညွှန်အသင်း ဥက္ကဋ္ဌ ဦးအောင်ထွန်းလင်းက ပြောပါတယ်။ပြီးခဲ့တဲ့နှစ်က မြန်မာနိုင်ငံမှာ ပြည်ပခရီးသွား ၂၃ ရာခိုင်နှုန်းတိုးလာခဲ့ပေမဲ့ ဒီနှစ်မှာတော့ ကပ်ရောဂါကြောင့် ခရီးသွားလုပ်ငန်းမှာ ဝင်ငွေ ၈၀ ရာခိုင်နှုန်းကျော် ကျဆင်းနိုင်တယ်လို့လည်း ဟိုတယ်နဲ့ ခရီးသွားလုပ်ငန်း ဝန်ကြီးဌာနက ခန့်မှန်းထားပါတယ်။
Be the first to comment on "အပျော်စီး လေယာဉ်နဲ့ သင်္ဘောခရီးစဉ်တွေ စတင်တော့မည်"