ထိုင်းနိုင်ငံတွင် တပ်မတော်မှအာဏာသိမ်းမှု ရှိတော့မည်မဟုတ်ကြောင်း တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်ကြီး ချယ်လမ်ပေါဆရီဆာဝတ်က ပြောသည်။
ထိုင်းတပ်မတော်အနေဖြင့်နိုင်ငံရေးတွင် လုံးဝပါဝင် တော့မည်မဟုတ်ဟု ၎င်းက သံန္နိဋ္ဌာန်ချ ပြောပြီး တပ်မတော်သည် နိုင်ငံကို ကာကွယ်ရန်အတွက်သာ ဖြစ်သည်ဟု ဆိုသည်။နိုင်ငံရေး၌ အဓိကဖြစ်စဉ်တစ်ရပ်ဖြစ်သော ၁၉၇၆ ခုနှစ်က သမ်မာဆတ်
တက္ကသိုလ် လူအစုလိုက် သ တ် ဖြ တ်မှု ၄၄ နှစ်ပြည့် အခမ်းအနားတွင် ၎င်းက ပြောခြင်း ဖြစ်သည်။
နှစ် ၈၀၀ ကြာ ဘုရင်အုပ်ချုပ်မှုစနစ်ကို အဆုံးသတ်စေခဲ့သော ၁၉၃၂ ပထမဆုံး အာဏာသိမ်းမှု ဖြစ်ပွားပြီးနောက် ထိုင်းနိုင်ငံတွင်အာဏာသိမ်းမှုပေါင်း ၁၂ ခါ ဖြစ်ပွားခဲ့သည်။
နောက်ဆုံး အာဏာသိမ်းမှုသည် ၂၀၁၄ မေလအတွင်းက လက်ရှိ ထိုင်းဝန်ကြီးချုပ်ဖြစ်သူ ဗိုလ်ချုပ်ကြီး ပရာယွတ်ချန်အိုချာ ဦးဆောင်သည့် တပ်မတော်မှအာဏာသိမ်းမှုဖြစ်သည်။
လက်ရှိ လွှတ်တော်၌ တပ်မတော်သား လွီတ်တော်အမတ်နေရာများတွင် တော်တော်များများ နေရာယူထားသော်လည်း နိုင်ငံရေးတွင် ၎င်းတို့၏ အခန်းကဏ္ဍနှင့် ပတ်သက်ပြီး ဆရီဆာ
ဝတ်က မှတ်ချက်ပြုခြင်း မရှိပေ။တပ်မတော်ကာကွယ်ရေးဦးစီးချုပ်၊ဒုတိယတပ်မတော် ကာကွယ်ရေးဦးစီးချုပ်၊ရေတပ်ဦးစီးချုပ်၊ လေတပ်
ဦးစီးချုပ်ကာကွယ်ရေးဝန်ကြီး၊ ပြည်ထဲရေးဝန်ကြီးတို့အတွက် လွှတ်တော်နေရာ ခြောက်နေရာ သီးသန့်ထားရှိထားသည်။ ၂၀၂၀ အထိ
လွှတ်တော်အမတ် ၂၅၀ တွင် ၁၀၄ ဦးမှာ တပ်မတော်မှ တာဝန်ရှိသူများ ဖြစ်ကြသည်။
တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး၏ အထူးအစည်းအဝေးတစ်ရပ်၌ ဗိုလ်ချုပ်ကြီးဆရီဆာဝတ်က ကာကွယ်ရေးဝန်ကြီးဌာန၏ မူဝါဒများ
နှင့် ဘုရင့်စနစ်ကို ကာကွယ်ပေးရေး အခြေခံမူဘောင်ကို လိုက်နာကြရန် တိုက်တွန်းပြောဆိုသည်။
တပ်မတော်၏ တာဝန်မှာ နိုင်ငံတော်နှင့်ပြည်သူလူထု ၏အသက်အိုးအိမ်စည်းစိမ်ကို ကာကွယ်ပေးရေးပဲဖြစ်သည်ဟု ၎င်းက ဆိုသည်။
ပြီးခဲ့သည့် လအနည်းငယ်အတွင်း စစ်အုပ်ချုပ်ရေး အဆုံးသတ်ရေးနှင့် ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေးတို့ကို တောင်းဆိုကြသော ဒီမိုက
ရေစီ ထောက်ခံသည့် ဆန္ဒပြမှုများ ဖြစ်ပွားပေါ်ပေါက်ခဲ့သည်။
သို့သော် ပြည်သူများအနေဖြင့် အမျိုးသားလုံခြုံရေးကို မထိခိုက်သ၍ လွတ်လပ်စွာ သဘောထားများ ထုတ်ဖော်ပြသနိုင်ခွင့် ရှိကြောင်း ဆရီဆာဝတ်က ပြောသည်။
အောက်တိုဘာ ၁၄ ရက် ဒီမိုကရေစီ လိုလားသည့် ငြိမ်းချမ်းစွာဆန္ဒပြမှုများတွင် ထိုင်းနိုင်ငံရဲတပ်ဖွဲ့က ပြည်သူများအတွက် လုံခြုံရေးယူပေး
သင့်သည်ဟုလည်း ၎င်းက ဆိုသည်။“နိုင်ငံဦးသျှောင် ဘုရင်နဲ့အတူ ဒီမိုကရေစီ အစိုးရတစ်ရပ်ဟာ ဆိုးဝါးတဲ့ အုပ်ချုပ်ရေးမဟုတ်ဘူးဆိုတာ
ကို ပြည်သူတွေလိုပဲ ကျွန်တော်တို့လည်း လက်ခံထားပါတယ်။
ဒါကြောင့် ပြည်သူတွေအနေနဲ့ ဘဝတွေကို ပိုမိုကောင်းမွန်အောင် အခွင့်အရေးတွေ အသုံးချနိုင်ဖို့ ဘယ်လို တွန်းအားပေးရမလဲဆိုတာကို ကျွန်တော်တို့ စဉ်းစားသုံးသပ်သွားမှာ ဖြစ်ပါတယ်။”ဟု ၎င်းက ပြောခဲ့သည်။
Be the first to comment on "ပြည်တွင်းရေးမပါချင်လို့ အာဏာသိမ်းမှုဘယ်တော့မှထပ်မရှိစေရလို့ ထိုင်းစစ်တပ်ခေါင်းဆောင်ပြော"