D-Day ဟု ကြောညာ လိုက်တာနဲ့ တပ်မတော် သားများ လိုက်နာရမည့် အချက်များ အသိပေး

D-Day ဟု ကြောညာ လိုက်တာနဲ့ တပ်မတော် သားများ လိုက်နာရမည့် အချက်များ အသိပေး

NUG အစိုးရမှ D Day ကြေညာ၍ တိုက်ခိုက်ပါက ပြည်သူ့ထံလက်နက်ချရန်။ပြည်သူ့ဘက်မှ ရပ်တည်ရန်။

မလိုက်နာဘဲ သူခိုးမအလအမိန့်နာခံ၍ ပြည်သူနှင့် ပြည်သူ့တပ် PDF ကို ပစ်ခတ်ပါက ချေမှုန်းခံရမည်ဖြစ်ပါသည်။

အဖမ်းခံရမှ အထက်အမိန့်အရလို့ ဆင်ခြေပေးလဲ လက်ခံမည်မဟုတ်ပါ။ ထိုပစ်ခတ်သူများသည် တိုင်းပြည်သစ္စာဖောက်များဖြစ်၍ ဥပဒေအရ ထိရောက်စွာအရေးယူခြင်းခံရမည်ဖြစ်ပြီး ပိုင်ဆိုင်မှုများပါ သိမ်းဆည်းခံရပါမည်။

ပြည်သူ့တပ်ကို ပြန်တိုက်မည်ဟု စဉ်းစားပါက အာဖဂန်က မြင်ကွင်းလေးကို မြင်အောင်ကြည့်လိုက်ပါ။လက်ဝဲသုန္ဒက လွန်ခဲ့တဲ့ နှစ်ပေါင်းများစွာက

“စစ်နည်းဗျူဟာဘယ်လိုသာလည်းစွဲကိုင်လက်နက်

ဘယ်လိုထက်လည်းပြည်သူ့နှလုံး မသိမ်းကြုံးလျှင်

ပြည်သူ့အင်အား မလေးစားလျှင်ဓားသွားလည်းကြွေ

လှံလည်းခွေအံ့”လို့ နန္ဒိသေနပျို့မှာ ရေးခဲ့ပါတယ်။

လက်ရှိတပ်မတော်နဲ့တူတဲ့ အာဖဂန်တပ်မတော်ဟာ ရုရှားကဲ့သို့ အင်အားကြီးတဲ့ အမေရိကန်က လက်နက်ထောက်ပံ့၊ သင်တန်းပေးပြီး ခေတ်မှီလေယဉ်တွေ လက်နက်တွေပိုင်သလို စစ်သည်အင်အား ၂ သိန်းနီးပါးရှိခဲ့ပါတယ်။

အဲ့ဒီတပ်မတော်ကြီးဟာ စိတ်ဓာတ်အင်အားမရှိ တပ်ထဲကထွက်လိုသူများနဲ့သာ ဖွဲ့စည်းထားလို့ တကယ့်ရင်ဆိုင်တိုက်ပွဲမှာ ရှုံးခဲ့ရပါတယ်။

လက်ဝဲသုန္ဒရဲ့ ပျို့ဟာ ၂၁ ရာစုအထိ မှန်နေတယ်ဆိုတာကို လက်ခံလိုက်ပါ။ယခုအချိန် တပ်ကမထွက်ခွါရဲသေးရင်တောင် CDM စာရင်းပေးထားပါ။

နံပတ်ယူထားပါ။ ယခုဘာမှ မလုပ်ရဲသေးရင်လဲ ဟိုကလာတိုက်ရင် လက်နက်ချပါ။ နောက်မှ အမိန့်အရဆိုရင် ဟိုကလဲ အမိန့်အရ ပစ်ရမှာပါ။

#Myat Tun Oo

————

D-Day ဟု ေၾကာညာ လိုက္တာနဲ႔ တပ္မေတာ္ သားမ်ား လိုက္နာရမည့္ အခ်က္မ်ား အသိေပး

NUG အစိုးရမွ D Day ေၾကညာ၍ တိုက္ခိုက္ပါက ျပည္သူ႔ထံလက္နက္ခ်ရန္။ျပည္သူ႔ဘက္မွ ရပ္တည္ရန္။

မလိုက္နာဘဲ သူခိုးမအလအမိန႔္နာခံ၍ ျပည္သူႏွင့္ ျပည္သူ႔တပ္ PDF ကို ပစ္ခတ္ပါက ေခ်မႈန္းခံရမည္ျဖစ္ပါသည္။

အဖမ္းခံရမွ အထက္အမိန႔္အရလို႔ ဆင္ေျခေပးလဲ လက္ခံမည္မဟုတ္ပါ။ ထိုပစ္ခတ္သူမ်ားသည္ တိုင္းျပည္သစၥာေဖာက္မ်ားျဖစ္၍ ဥပေဒအရ ထိေရာက္စြာအေရးယူျခင္းခံရမည္ျဖစ္ၿပီး ပိုင္ဆိုင္မႈမ်ားပါ သိမ္းဆည္းခံရပါမည္။

ျပည္သူ႔တပ္ကို ျပန္တိုက္မည္ဟု စဥ္းစားပါက အာဖဂန္က ျမင္ကြင္းေလးကို ျမင္ေအာင္ၾကည့္လိုက္ပါ။
လက္ဝဲသုႏၵက လြန္ခဲ့တဲ့ ႏွစ္ေပါင္းမ်ားစြာက

“စစ္နည္းဗ်ဴဟာဘယ္လိုသာလည္းစြဲကိုင္လက္နက္

ဘယ္လိုထက္လည္းျပည္သူ႔ႏွလုံး မသိမ္းႀကဳံးလွ်င္

ျပည္သူ႔အင္အား မေလးစားလွ်င္ဓားသြားလည္းေႂကြ

လွံလည္းေခြအံ့”လို႔ နႏၵိေသနပ်ိဳ႕မွာ ေရးခဲ့ပါတယ္။

လက္ရွိတပ္မေတာ္နဲ႔တူတဲ့ အာဖဂန္တပ္မေတာ္ဟာ ႐ုရွားကဲ့သို႔ အင္အားႀကီးတဲ့ အေမရိကန္က လက္နက္ေထာက္ပံ့၊ သင္တန္းေပးၿပီး ေခတ္မွီေလယဥ္ေတြ လက္နက္ေတြပိုင္သလို စစ္သည္အင္အား ၂ သိန္းနီးပါးရွိခဲ့ပါတယ္။

အဲ့ဒီတပ္မေတာ္ႀကီးဟာ စိတ္ဓာတ္အင္အားမရွိ တပ္ထဲကထြက္လိုသူမ်ားနဲ႔သာ ဖြဲ႕စည္းထားလို႔ တကယ့္ရင္ဆိုင္တိုက္ပြဲမွာ ရႈံးခဲ့ရပါတယ္။

လက္ဝဲသုႏၵရဲ႕ ပ်ိဳ႕ဟာ ၂၁ ရာစုအထိ မွန္ေနတယ္ဆိုတာကို လက္ခံလိုက္ပါ။ယခုအခ်ိန္ တပ္ကမထြက္ခြါရဲေသးရင္ေတာင္ CDM စာရင္းေပးထားပါ။

နံပတ္ယူထားပါ။ ယခုဘာမွ မလုပ္ရဲေသးရင္လဲ ဟိုကလာတိုက္ရင္ လက္နက္ခ်ပါ။ ေနာက္မွ အမိန႔္အရဆိုရင္ ဟိုကလဲ အမိန႔္အရ ပစ္ရမွာပါ။

#Myat Tun Oo

Be the first to comment on "D-Day ဟု ကြောညာ လိုက်တာနဲ့ တပ်မတော် သားများ လိုက်နာရမည့် အချက်များ အသိပေး"

Leave a comment

Your email address will not be published.


*