မြန်မာအထူးသံတမန် ဖြစ်သူ Erywan ထံ ဖုန်းဆက်ပြီး ထိန်းချုပ်လိုက်ပြန်တဲ့ ပေါက်ဖော်ကြီး

မြန်မာအထူးသံတမန် ဖြစ်သူ Erywan ထံ ဖုန်းဆက်ပြီး ထိန်းချုပ်လိုက်ပြန်တဲ့ ပေါက်ဖော်ကြီး

သြဂုတ်လ၁၈ရက်နေ့က တရုပ်နိုင်ငံခြားရေးဝန်ကြီးဝမ်ယိဟာ မြန်မာနိုင်ငံအတွက်အာဆီယန်ကနေခန့်အပ်ထားတဲ့ အထူးသံတမန် ဖြစ်တဲ့ ဘရူနိုင်းနိုင်ငံခြားရေးဒုဝန်ကြီး Erywan နဲ့ဖုန်းဆက်စကားပြောခဲ့ပါတယ်

ဘရူနိုင်းက အာဆီယန်ဥက္ကဋ္ဌတာဝန်ယူနေချိန်ဖြစ်လို့ ဝမ်ယိက တရုပ်အာဆီယန် ဆက်ဆံရေး ပိုကောင်းလာအောင်ဘရူနိုင်းရဲ့ ကြိုးပမ်းမှုတွေအတွက် ကျေးဇူးတင်တဲ့အကြောင်း ဝမ်ယိကစပြောခဲ့ပါတယ်

တရုပ်အာဆီယန် ဆွေးနွေးဖက်ဖြစ်တဲ့ နှစ်၃၀ မြောက်အထိမ်းအမှတ် အဖြစ်ရောက်ရှိလာချိန်အထိ ဆက်ဆံရေးဟာ ပိုပြီး အောင်မြင်လာခဲ့ကြောင်းနဲ့ အရေးပါတဲ့ ရလဒ်တွေရခဲ့ကြောင်း နဲ့ဘရူနိုင်းအနေနဲ့ အပြုသဘောဆောင်တဲ့ အခန်းကနေဆက်လက်ရပ်တည်သွားလိမ့်မယ်လို့ မျှော်လင့်တဲ့အကြောင်းလည်းပြောပါတယ်

လာမယ့်စက်တင်ဘာကျရင်ဘရူနိုင်း တရုပ်သံတမန်ဆက်ဆံရေးနှစ်၃၀ပြည့်နှစ်ပတ်လည်ရောက်တော့မှာကိုလည်း ပြောဆိုခဲ့ပါတယ်

မြန်မာပြည်က လက်ရှိအခြေအနေတွေနဲ့ပတ်သက်ပြီး Erywan ရဲ့အမြင်တွေကို နားထောင်ပြီးတဲ့အခါမှာတော့ ဝမ်ယိက”တရုပ်ရောအာဆီယန်ရောဟာ မြန်မာရဲ့မိတ်ဆွေတွေဖြစ်ပါတယ် မြန်မာပြည်မှာ တည်ငြိမ်ရေးနဲ့ငြိမ်းချမ်းမှုရရှိရေးအတွက် အားလုံးကမျှော်လင့်ထားကြပါတယ်

အဆွေတော်ကို သံတမန်ခန့်အပ်တာကို တရုပ်ပြည်က ကြိုဆိုပါတယ် သင့်အနေနဲ့ အာဆီယန်လမ်းစဉ်ကို ထိန်းသိမ်းနိုင်လိမ့်မယ်လို့ယုံကြည်ပါတယ်

ပြီးတော့ အာဆီယန်ကချမှတ်ထားပေးတဲ့ ဘုံသဘောတူညီချက်၅ချက် ပါအတိုင်းမြန်မာပြည်အတွက် နိုင်ငံရေးအဖြေကို ကွဲပြားခြားနားနေတဲ့ ပါတီတွေအချင်းချင်း”အခြေခံဥပဒေပါ”မူဘောင်အတွင်း ညှိနှိုင်းဆွေးနွေးမှုကနေရှာဖွေရာမှာ သင့်အနေနဲ့ ထူးခြားစွာစွမ်းဆောင်နိုင်လိမ့်မယ်လို့လည်းယုံကြည်ပါတယ် ”

” အဲ့ဒီကိစ္စမှာတရုပ်နိုင်ငံအနေနဲ့ အကြံပြုလိုတာတွေရှိပါတယ်
နံပါတ်တစ် အနေနဲ့ ပါတီအားလုံးနဲ့ဆင်ခြင်တုံတရားရှိရှိလက်တွေ့ဆန်ဆန်ဆက်သွယ်တွေ့ဆုံပြီး ယုံကြည်မှုကိုတဖြည်းဖြည်းတည်ဆောက်ပါ

နံပါတ်နှစ် အနေနဲ့ မြန်မာပြည်မှာကပ်ရောဂါ တိုက်ဖျက်ရေးအတွက်အထူးဦးစားပေးပြီးကူညီပေးနိုင်ဖို့ ထိရောက်ပြီးလွယ်ကူမြန်ဆန်တဲ့ အကူအညီတွေပေးပါ နံပါတ်သုံး အနေနဲ့ ဆုံးဖြတ်ချက်တိကျခိုင်မာစွာထားရှိပြီးစိတ်ရှည်ပါ ငြိမ်းချမ်းရေးကိုတိုးမြှင့်တည်ဆောက်ရာမှာဆွေးနွေးခြင်းနည်းလမ်းကနေသွားတဲ့ လမ်းကြောင်းပေါ်မှာ ရပ်တည်ပါ

နိုင်ငံတော်အာဏာကိုပြည်သူ့လက်ထဲကို “အစီအစဉ်တကျ” ( in an orderly manner)အေးဆေးစွာပြန်လည်အပ်နှံ ပြီး ပြည်သူတွေရောနိုင်ငံတကာကပါ လိုလားနေတဲ့ ဒီမိုကရေစီလမ်းကြောင်းကိုပြန်စတင်ပါ နံပါတ်လေး အနေနဲ့ မြန်မာပြည်ရဲ့အချုပ်အခြာအာဏာပိုင်ဆိုင်မှုနဲ့ ပြည်သူတွေရဲ့ဆန္ဒကို အလေးထားလေးစားပါ မြန်မာပြည်ရဲ့ပြည်တွင်းရေးကို နှောက်ယှက်လာမယ့် ပြည်ပအင်အားစုတွေကို သတိထားဖို့နိုးနိုးကြားကြားရှိပါစေ”ဆိုတာတွေ ကို ပြောခဲ့ပါတယ်

ဝမ်ယိက တရုပ်ပြည်ရဲ့မြန်မာအပေါ်မှာထားတဲ့ ချစ်ကြည်ရင်းနှီးစွာဆက်ဆံရေးပေါ်လစီဟာ မြန်မာပြည်သူတွေအတွက်ထာဝရဖြစ်ပါတယ်

မြန်မာတွေလိုအပ်သမျှသော အရေးပေါ်ကိစ္စလိုအပ်သမျှကို နည်းလမ်းပေါင်းစုံနဲ့ ပေးအပ်သွားနေမှာဖြစ်ပါတယ် အာဆီယန်အထူးသံတမန်ရဲ့တာဝန်တွေဆောင်ရွက်ရာမှာ အပြည့်အဝကူညီထောက်ခံပေးသွားပါမယ်

မြန်မာ့အရေးနဲ့ပတ်သက်လို့ နိုင်ငံရေးအခြေတကျဖြစ်အောင်အပြုသဘောဆောင်တဲ့ဖက်ကနေ ဆက်လက် ပါဝင်ရပ်တည်ပါမယ် လို့ပြောခဲ့ပါတယ်

Erywan ကမြန်မာဆိုတာဟာ အာဆီယန်မိသားစုထဲမှာ အရေးပါတဲ့အဖွဲ့ဝင်နိုင်ငံဖြစ်ပါတယ် အထူးသံတမန်တစ်ယောက်အဖြစ်နဲ့ ဘုံသဘောတူညီချက်၅ရပ်ကို လုပ်ဆောင်အကောင်အထည်ပေါ်စေဖို့တိုက်တွန်းသွားပါမယ် ဆိုင်ရာဆိုင်ရာ ပါတီတွေအချင်းချင်းညှိနှိုင်းဆွေးနွေးရေး ကို အာဆီယန်ရဲ့မူအတိုင်း ရှေ့တန်းတင်လုပ်ဆောင်ပါမယ် အကြမ်းဖက်မှုတွေရပ်တန့်ရေး အားလုံးပါဝင်စေရေး နိုင်ငံတကာအသိုင်းအဝိုင်းကိုမြန်မာအနေနဲ့ကတိကဝတ်တွေ ပြည့်ဝစွာပေးနိုင်စေဖို့ကူညီပေးရေး တွေလည်းလုပ်မယ်လို့ဆိုပါတယ်

တရုပ်တို့ရဲ့ မြန်မာ့အရေးမှာအရေးပါတဲ့နေရာကနေ စဉ်ဆက်မပြတ် အထောက်အကူပြုပေးနေတာအပေါ်အာဆီယန်က ကျေးဇူးတင်ပါတယ်

တရုပ်တို့နဲ့ရှေ့ဆက်လက်တွဲပြီးပူးပေါင်းဆောင်ရွက်သွားဖို့ လည်းဆန္ဒပြုပါတယ်လို့ လည်း Erywan က ပြောခဲ့ပါတယ် သြဂုတ်လ၁၈ရက်နေ့ (မနေ့က) ကပြောခဲ့တာဖြစ်ပါတယ်

Pi Lon

Ref fmprc

#ကူးယူဖော်ပြခြင်းသာဖြစ်ပါသည်။Photos Credit
မူရင်း – “မှာပြန်ပါတယ်”

Be the first to comment on "မြန်မာအထူးသံတမန် ဖြစ်သူ Erywan ထံ ဖုန်းဆက်ပြီး ထိန်းချုပ်လိုက်ပြန်တဲ့ ပေါက်ဖော်ကြီး"

Leave a comment

Your email address will not be published.


*