တူရကီကတော့ ကြီးကျယ်ခမ်းနားလာပြီ၊ ကိုယ်ပိုင်လေဆာစနစ်နဲ့ဘာနဲ့

တူရကီကုမ္ပဏီတစ်ခုဖြစ်သော Meteksan Defence Industry Inc. အနေဖြင့် မြေပြင်အခြေစိုက်လေဆာစနစ်ကို တီထွင်ထုတ်လုပ်ခဲ့ကြောင်း သိရှိရသည်။

အဆိုပါစနစ်ကို ကုမ္ပဏီက NAZAR စနစ်ဟု အမည်ပေးထားပြီး IDEF 2021 ၌ ပထမဆုံးအကြိမ်ထုတ်ဖော်ပြသမည်ဖြစ်သည်ဟုဆိုသည်။

NAZAR System စနစ်သည် မြေပြင်အခြေစိုက်စနစ်တစ်ခုဖြစ်ပြီး မြေပြင် အခြေစိုက်စခန်းများနှင့် စက်ရုံများကို ပဲ့ထိန်းဒုံးကျည်များ၏ အန္တရာယ်မှ ကာကွယ်ရန်အတွက် တီထွင်ခဲ့ခြင်းဖြစ်သည်ဟုလည်းဆိုသည်။

NAZAR စီမံကိန်း၌ နိုင်ငံအနည်းငယ်သာ ဆောင်ရွက်နိုင်နေသေးသည့် နည်းပညာစနစ်များကို အသုံးပြုထားသည်ဟုဆိုသည်။

၎င်းစနစ်ကြောင့် EO/IR စနစ်သုံးပဲ့ထိန်းဒုံးကျည်စနစ်များကို တာဝေးမှ ချေဖျက်နိုင်မည်ဖြစ်သည်။

ထို့အပြင် အခြားသော အာရုံခံစနစ်များနှင့်လည်းပေါင်းစပ်အသုံးနိုင်မည်ဖြစ်သည့်အတွက် စွမ်းဆောင်ရည်ပိုမိုကောင်းမွန်လာဖွယ်ရှိသည်။

NAZAR စနစ်ကို ပထမအဆင့်၌ ရွေ့လျားစနစ်အနေဖြင့် အလွယ်တကူသယ်ယူပို့ဆောင်ရန် အသုံးပြုမည်ဖြစ်သည်။

စွမ်းအင်ထောက်ပံ့မှုစနစ်အတွက် ကိုယ်ပိုင်ဂျင်နရေတာစနစ်လည်းပါ၇ှိမည်ဖြစ်သည်။

ဒုတိယအဆင့်အနေဖြင့် စစ်ရေယာဉ်များ၌ တင်ဆောင်အသုံးပြုရန် ရည်မှန်း ထားကြောင်းသိရှိရသည်။

Be the first to comment on "တူရကီကတော့ ကြီးကျယ်ခမ်းနားလာပြီ၊ ကိုယ်ပိုင်လေဆာစနစ်နဲ့ဘာနဲ့"

Leave a comment

Your email address will not be published.


*