NUG ရေဒီယိုလှိုင်းအတွက် ဘယ်ရေဒီယိုနဲ့ဘယ်လှိုင်းနှုန်းလဲဆိုတာ သိပြီးပြီလား

ပြည်သူလူထုနဲ့ အဆက်အသွယ်မပြတ်ရှိနေစေဖို့အတွက် အမျိုးသားညီညွတ်ရေးအစိုးရ က Radio ထုတ်လွှင့်ရန် ပြင်ဆင်ဆောင်ရွက်လျက်

ရှိရာ မကြာမီ အချိန်တွင် စမ်းသပ်ထုတ်လွှင့်သွားမည်ဖြစ်ကြောင်း သတင်းကောင်းပါးအပ်ပါတယ်။

Radio NUG အစီအစဉ်ကိုဩဂုတ်လ ၂၀ ရက်နေ့ မနက် ၈ နာရီတစ်ကြိမ် ည ၈ နာရီတစ်ကြိမ် စမ်းသပ်ထုတ်လွှင့်သွားမှာဖြစ်တာကြောင့်

လှိုင်းတိုမီတာ ၁၆ / မက်ဂါဟဇ် ၁ရဒသမ ၇၁ မှာ ဖမ်းယူကြည့်ပေးဖို့ မေတ္တာရပ်ခံပါတယ်။

စမ်းသပ်ထုတ်လွှင့်ခြင်းဖြစ်တာကြောင့် သက်ဆိုင်ရာ တိုင်းနှင့်ပြည်နယ် မြို့နယ်အလိုက် အဆင်ပြေမပြေ နားထောင်ပြီး အသံဖမ်းယူပေးပို့

ပေးခြင်းဖြင့် ကူညီပေးစေချင်ပါတယ်။

နေ့စဉ် မနက် ၈ နာရီ နဲ့ ည ၈ နာရီ တိုင်းမှာ (မိနစ်၃၀)စာ တနေ့ကို နှစ်ကြိမ် ထုတ်လွင့်သွားမှာဖြစ်ပါတယ်။

ရေဒီယိုကတော့ 10 Band Digital Radio ဆိုရင်ရပါပြီ အိမ်တိုင်း တစ်လုံးစီ ဝယ်ထားကြဖို့လဲ တိုက်တွန်းပါတယ်

Be the first to comment on "NUG ရေဒီယိုလှိုင်းအတွက် ဘယ်ရေဒီယိုနဲ့ဘယ်လှိုင်းနှုန်းလဲဆိုတာ သိပြီးပြီလား"

Leave a comment

Your email address will not be published.


*