တရုတ်စစ်ဘက်ဟာ ထိုင်၀မ်ကျွန်းအနီး အနောက်တောင်ဘက်နဲ့ အရှေ့တောင်ဘက် ရေပြင်မှာ စစ်သင်္ဘောတွ တိုက်လေယာဉ်တွေနဲ့ သြဂုတ် ၁၇ ရက်မှာ အကြီးစားစစ်ရေးလေ့ကျင့်ခဲ့ပါတယ်။
ဒီစစ်ရေးလေ့ကျင့်မှုဟာ ထိုင်၀မ်အရေးနဲ့ ပတ်သက်ပြီး ပြည်ပ၀င်ရောက် စွက်ဖက်မှုနဲ့ ရန်စမှုတွေကို တုံ့ပြန်မှုအဖြစ် လုပ်ဆောင်တာလို့ တရုတ်စစ်ဘက်ကဆိုပါတယ်။
ထိုင်၀မ်ကျွန်းဟာ သူ့နိုင်ငံရဲ့ အစိတ်အပိုင်းတစ်ရပ်အဖြစ် တရုတ်နိုင်ငံက အခိုင်အမာပြောဆိုထားပါတယ်။
တရုတ်နိုင်ငံရဲ့ အစိတ်အပိုင်းတစ်ရပ်အဖြစ်လက်ခံဖို့ အင်အားသုံးဖိအားပေးမှု အဖြစ် ကျွန်းအနီးမှာ လွန်ခဲ့သည့်နှစ်နှစ်ကတည်းက တရုတ်ပြည်သူ့ လွတ်မြောက်ရေးတပ်မတော်ရဲ့ စစ်ရေးလေ့ကျင့်မှုတွေကို ထိုင်၀မ်က ကန့်ကွက်မှုတွေပြုလုပ်ခဲ့ပါတယ်။
စစ်သင်္ဘောများ၊ ရေငုပ်သင်္ဘောဖျက် လေယာဉ်တွေနဲ့ တိုက်လေယာဉ်တွေကို ပူးပေါင်းစစ်ဆင်ရေးနဲ့ အခြားလေ့ကျင့်ရေးတွေပြုလုပ်ဖို့အတွက် ထိုင်၀မ်ကျွန်း အနီးသို့ စေလွှတ်ခဲ့ကြောင်း တရုတ်စစ်ဘက် အရှေ့ပိုင်းစစ်ဌာနချုပ်က ထုတ်ပြန်ပါတယ်။
မကြာသေးမီအချိန်က အမေရိကန်နဲ့ထိုင်၀မ်တို့ဟာ ရန်စမှုတွေကို အကြိမ်ကြိမ် ပူပေါင်းလုပ်ဆောင်ခဲ့ကြောင်း၊ ဒါဟာ တရုတ်နိုင်ငံရဲ့ အချုပ်အခြာ အာဏာကို ချိုးဖောက်တာဖြစ်ပြီး ထိုင်၀မ်ရေလက်ကြား ငြိမ်းချမ်းရေးနဲ့ တည်ငြိမ်ရေးကို အကြီးအကျယ်ထိခိုက်စေတယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
Be the first to comment on "တရုတ်ကြီးကတော့ ထုံးစံအတိုင်း ထိုင်ဝမ်ကို ဖြဲနေပြန်ပြီ"