လူကြီးတွေကြား ဂယက်ရိုက်သွားတဲ့ ကလေးအချင်းချင်းသာ နားလည်နိုင်တဲ့ ပုံတစ်ပုံ

ကေလးတစ္ေယာက္ ပုံဆြဲထားတဲ့ ဓါတ္ပုံက လူမႈကြန္ယက္ေပၚမွာ ပ်ံ႕ႏွံ႔ခဲ့ၿပီး ဒီကိုပုံဆြဲတဲ့ ကေလးအတြက္ အြန္လိုင္းသုံးသူေတြ အားလုံးက စိတ္ပူခဲ့ၾကရပါတယ္။ ဒီပုံကို ကေလးရဲ႕ အတန္းပိုင္ဆရာမက အြန္လိုင္းေပၚမွာ တင္ခဲ့ၿပီး ဘယ္လိုသေဘာရလဲလို႔ ေမးျမန္းခဲ့တာျဖစ္ပါတယ္။

ဆြဲထားတဲ့ပုံအရ လူေလးဦး လည္ပင္းကေနႀကိဳးခ်ည္ၿပီး တန္းလန္းႀကိဳးဆြဲခ်ေနတဲ့ ပုံသ႑န္လို႔ ေျပာႏိုင္ပါတယ္။ ပုံဆြဲတဲ့ ကေလးမွာ သူအပါအဝင္ မိသားစု ေလးေယာက္ရွိတာေၾကာင့္ ဆရာမ ဒီပုံကို ျမင္ျမင္ျခင္းမွာ ထိတ္လန႔္သြားခဲ့ပါတယ္။ ကေလးဟာ စိတ္ဖိစီးၿပီး စိတ္က်ေရာဂါခံစားေနရၿပီလားလို႔ စိုးရိမ္ပူပန္သြားခဲ့ပါတယ္။

ေနာက္ဆုံးမွာေတာ့ ဆရာမက ကေလးငယ္ကိုေခၚကာ ဒီပုံဘာေၾကာင့္ဆြဲရတာလဲဆိုတာကို ေမးျမန္ၾကည့္တဲ့အခါမွာေတာ့ ငိုအားထက္ ရယ္အားသန္ခဲ့ရပါတယ္။

ကေလးငယ္က သူတို႔မိသားစုဟာ ၿပီးခဲ့တဲ့အပတ္က အပမ္းေျဖခရီးထြက္ရင္း ေရငုတ္တဲ့အစီစဥ္ေလးပါ ေဆာ့ကစားခဲ့ၾကပါတယ္။

သူ႔ရဲ႕ရွင္းျပခ်က္အရ ႀကိဳးနဲ႔တူတဲ့ အရာဟာ အသက္ရႈဖို႔ ေထာင္ထားတဲ့ ပိုက္လုံးေလးေတြျဖစ္ၿပီး ေသခ်ာၾကည့္မယ္ဆိုရင္ ေရပိုက္ထိပ္မွာ ပူစီေဖာင္းေလးေတြ ပလုံစီေနတာကို ေတြ႕ရႏိုင္ပါတယ္။ ကဲ.. တစ္ခါေလာက္ျပန္ၾကည့္ၾကည့္ပါဦး။

ဒီပုံဟာ အြန္လိုင္းေပၚ ပ်ံ႕ႏွံ႔ခဲ့ၿပီးေနာက္ အမ်ိဳးသားတစ္ဦးက သူ႔ရဲ႕ ၇ ႏွစ္အ႐ြယ္ သားေလးကို ျပၾကည့္ၿပီး ဒီပုံက ဘာဆြဲထားတာလဲလို႔ ေမးၾကည့္တဲ့အခါ လူေတြ ပါးစပ္မွာ အသက္ရႈပိုက္တပ္ၿပီး ေရငုတ္ေနတဲ့ ပုံဆြဲထားတာလို႔ ျပန္ေျဖခဲ့ပါတယ္။

ေနာက္တစ္ဦးက သူ႔ရဲ႕ ၅ ႏွစ္သားေလးကို ေမးၾကည့္တဲ့အခါ လူေတြ ပင္လယ္ထဲမွာ ေရကူးေနတာလို႔ျပန္ေျဖခဲ့ပါတယ္။

ကေလးေတြရဲ႕ အေျဖေတြဟာ နီးနီးစပ္စပ္မွန္ကန္ေနတာေတြ႕ရၿပီး ဒီပုံကို သူတို႔အခ်င္းခ်င္း နားလည္သေဘာေပါက္ၾကေပမယ့္ လူႀကီးေတြအတြက္ေတာ့ အေတာ္ေလး စိုးရိမ္ထိန္လန႔္ၿပီး ဗ်ာမ်ားသြားခဲ့ၾကရပါတယ္။

ဒါေၾကာင့္မို႔ ကိုယ့္အိမ္က ကေလးငယ္ေတြ အ႐ုပ္ပုံေလးေတြ ဆြဲတဲ့အခါ တစ္ခုခုထူးဆန္းတာေတြ႕ရင္ ကိုယ့္စိတ္ကူးနဲ႔ကိုယ္ ေကာက္ခ်က္ခ်ကာ မဆူပူမိေစပဲ သူဆြဲထားတဲ့ ပုံရဲ႕အဓိပၸါယ္ကို ျပန္ရွင္းျပခိုင္းၿပီး ကေလးေတြရဲ႕ အျမင္ကို နားလည္ေအာင္ ႀကိဳးစားသင့္ပါတယ္။

——-

ကလေးတစ်ယောက် ပုံဆွဲထားတဲ့ ဓါတ်ပုံက လူမှုကွန်ယက်ပေါ်မှာ ပျံ့နှံ့ခဲ့ပြီး ဒီကိုပုံဆွဲတဲ့ ကလေးအတွက် အွန်လိုင်းသုံးသူတွေ အားလုံးက စိတ်ပူခဲ့ကြရပါတယ်။ ဒီပုံကို ကလေးရဲ့ အတန်းပိုင်ဆရာမက အွန်လိုင်းပေါ်မှာ တင်ခဲ့ပြီး ဘယ်လိုသဘောရလဲလို့ မေးမြန်းခဲ့တာဖြစ်ပါတယ်။

ဆွဲထားတဲ့ပုံအရ လူလေးဦး လည်ပင်းကနေကြိုးချည်ပြီး တန်းလန်းကြိုးဆွဲချနေတဲ့ ပုံသဏ္ဍန်လို့ ပြောနိုင်ပါတယ်။ ပုံဆွဲတဲ့ ကလေးမှာ သူအပါအဝင် မိသားစု လေးယောက်ရှိတာကြောင့် ဆရာမ ဒီပုံကို မြင်မြင်ခြင်းမှာ ထိတ်လန့်သွားခဲ့ပါတယ်။ ကလေးဟာ စိတ်ဖိစီးပြီး စိတ်ကျရောဂါခံစားနေရပြီလားလို့ စိုးရိမ်ပူပန်သွားခဲ့ပါတယ်။

နောက်ဆုံးမှာတော့ ဆရာမက ကလေးငယ်ကိုခေါ်ကာ ဒီပုံဘာကြောင့်ဆွဲရတာလဲဆိုတာကို မေးမြန်ကြည့်တဲ့အခါမှာတော့ ငိုအားထက် ရယ်အားသန်ခဲ့ရပါတယ်။

ကလေးငယ်က သူတို့မိသားစုဟာ ပြီးခဲ့တဲ့အပတ်က အပမ်းဖြေခရီးထွက်ရင်း ရေငုတ်တဲ့အစီစဉ်လေးပါ ဆော့ကစားခဲ့ကြပါတယ်။

သူ့ရဲ့ရှင်းပြချက်အရ ကြိုးနဲ့တူတဲ့ အရာဟာ အသက်ရှုဖို့ ထောင်ထားတဲ့ ပိုက်လုံးလေးတွေဖြစ်ပြီး သေချာကြည့်မယ်ဆိုရင် ရေပိုက်ထိပ်မှာ ပူစီဖောင်းလေးတွေ ပလုံစီနေတာကို တွေ့ရနိုင်ပါတယ်။ ကဲ.. တစ်ခါလောက်ပြန်ကြည့်ကြည့်ပါဦး။

ဒီပုံဟာ အွန်လိုင်းပေါ် ပျံ့နှံ့ခဲ့ပြီးနောက် အမျိုးသားတစ်ဦးက သူ့ရဲ့ ၇ နှစ်အရွယ် သားလေးကို ပြကြည့်ပြီး ဒီပုံက ဘာဆွဲထားတာလဲလို့ မေးကြည့်တဲ့အခါ လူတွေ ပါးစပ်မှာ အသက်ရှုပိုက်တပ်ပြီး ရေငုတ်နေတဲ့ ပုံဆွဲထားတာလို့ ပြန်ဖြေခဲ့ပါတယ်။

နောက်တစ်ဦးက သူ့ရဲ့ ၅ နှစ်သားလေးကို မေးကြည့်တဲ့အခါ လူတွေ ပင်လယ်ထဲမှာ ရေကူးနေတာလို့ပြန်ဖြေခဲ့ပါတယ်။

ကလေးတွေရဲ့ အဖြေတွေဟာ နီးနီးစပ်စပ်မှန်ကန်နေတာတွေ့ရပြီး ဒီပုံကို သူတို့အချင်းချင်း နားလည်သဘောပေါက်ကြပေမယ့် လူကြီးတွေအတွက်တော့ အတော်လေး စိုးရိမ်ထိန်လန့်ပြီး ဗျာများသွားခဲ့ကြရပါတယ်။

ဒါကြောင့်မို့ ကိုယ့်အိမ်က ကလေးငယ်တွေ အရုပ်ပုံလေးတွေ ဆွဲတဲ့အခါ တစ်ခုခုထူးဆန်းတာတွေ့ရင် ကိုယ့်စိတ်ကူးနဲ့ကိုယ် ကောက်ချက်ချကာ မဆူပူမိစေပဲ သူဆွဲထားတဲ့ ပုံရဲ့အဓိပ္ပါယ်ကို ပြန်ရှင်းပြခိုင်းပြီး ကလေးတွေရဲ့ အမြင်ကို နားလည်အောင် ကြိုးစားသင့်ပါတယ်။

Be the first to comment on "လူကြီးတွေကြား ဂယက်ရိုက်သွားတဲ့ ကလေးအချင်းချင်းသာ နားလည်နိုင်တဲ့ ပုံတစ်ပုံ"

Leave a comment

Your email address will not be published.


*