အိုလံပစ်ပြိုင်ပွဲက ပြီးသွားပြီဖြစ်ပေမဲ့ အခုမှပြည်သူတွေကို ရုပ်သံစပြတဲ့ မြောက်ကိုရီးယား

တိုကျိုအိုလံပစ်က လူတိုင်းအတွက် အကောင်းဆုံးတွေ တင်ဆက်ပေးရင်း ပြီးသွားခဲ့ပါပြီ။ တိုက်ရိုက်ထုတ်လွှင့်တာတွေကိုလည်း ပရိသတ်တွေခံစားပြီးဖြစ်ပေမဲ့ တိုကျိုအိုလံပစ်ကို အခုမှကြည့်ရမယ့်လူတွေရှိနေသေးတယ်ဆိုရင် ပရိသတ်တွေ အံ့အားသင့်သွားပါလိမ့်မယ်။

မြောက်ကိုရီးယားပြည်သူတွေဟာ တိုကျိုအိုလံပစ်အခုမှစကြည့်ရပါတယ်။ သူတို့ဆီမှာ မြဝတီ၊ မြန်မာ့အသံတို့လို ဒီဇိုင်းဖြစ်တဲ့ နိုင်ငံတော်ပိုင်ရုပ်သံ ဗဟိုကိုရီးယားတီဗီကနေ ဖြတ်ညှပ်ကပ်လုပ်ထားတဲ့အားကစားပွဲတွေကို အခုမှ စလွှင့်ပါတယ်။ အဲထဲမှာ ဘောလုံးပွဲတပွဲလည်းပါပါတယ်။

အမျိုးသမီးဘောလုံးပွဲတပွဲဖြစ်တဲ့ ယူကေနဲ့ ချီလီတို့ ဇူလိုင်၂၁ ရက်နေ့မှာ ကစားခဲ့တဲ့ပွဲကို မိနစ်၇၀ကြာလွှင့်ပေးခဲ့တာပါ။ သုံးပတ်အကြာက ဘောလုံးပွဲလည်းဖြစ်တဲ့အပြင် ဘောလုံးပွဲက မိနစ်၉၀အပြည့်လည်း မပါပါဘူး။ ဒါပေမဲ့ ပြည်သူတွေအတွက်တော့ တကယ့်တိုက်ရိုက် live ပါပဲ။

မိနစ်၂၀စာလောက်က တိုးတက်နေတဲ့ရုပ်ကပ်တွေ၊ ပြည်သူတွေကိုမမြင်စေချင်တဲ့အပိုင်းတွေကို ဖြုတ်ထားတာလို့သိရပါတယ်။ ဒါတင်မကေသေးဘဲ တခြားအားကစားထဲမှာလည်း သူပြချင်တဲ့ဟာတွေကိုပဲ ရွေးပြပါတယ်။ အခုလိုမျိုးပြရတာက မြောက်ကိုရီးယားပြည်သူတွေကို ချွေးသိပ်တာပါ။

ကိုဗစ်ကြောင့် အိုလံပစ်မှာသွားမပြိုင်ဘူးလို့ ပြည်တွင်းမှာကြေညာထားပေမဲ့ ပွဲရှိတာကို သိနေတဲ့ပြည်သူတွေကို အခုမှပွဲစသလိုဖန်တီးပေးထားတာဖြစ်ပါတယ်။ စာဖတ်ပရိသတ်တွေ မယုံသလိုဖြစ်နေခဲ့ရင်တော့ ငယ်ဘဝတုန်းက မြဝတီနဲ့ မြန်မာ့အသံပဲကြည့်ခဲ့ရတဲ့ ကိုယ့်ဘဝကိုပြန်သတိရနိုင်ပါတယ်။

အခုလိုမျိုးအိုလံပစ်တွေကို ပြိုင်လိုက်မပြိုင်လိုက်လုပ်တာက သူနဲ့မတည့်တဲ့နိုင်ငံတွေ ဦးစီးကျင်းပရင်လုပ်နေကြအကွက်တွေလို့လည်းသိရပါတယ်။ ၁၉၈၈၊ ၂၀၁၈တွေမှာလည်း အိုလံပစ်ကို ဘွိုင်ကော့လုပ်ထားပြီး နိုင်ငံထဲမှာနေတဲ့ပြည်သူတွေကတော့ မျက်စိပိတ်၊ နားပိတ်နဲ့ ဘဘကြီးကျန်းမာပါဇီလုပ်နေရတုန်းပဲဖြစ်ပါတယ်။

ref: ဘီဘီစီ

———–

တိုက်ိဳအိုလံပစ္က လူတိုင္းအတြက္ အေကာင္းဆုံးေတြ တင္ဆက္ေပးရင္း ၿပီးသြားခဲ့ပါၿပီ။ တိုက္႐ိုက္ထုတ္လႊင့္တာေတြကိုလည္း ပရိသတ္ေတြခံစားၿပီးျဖစ္ေပမဲ့ တိုက်ိဳအိုလံပစ္ကို အခုမွၾကည့္ရမယ့္လူေတြရွိေနေသးတယ္ဆိုရင္ ပရိသတ္ေတြ အံ့အားသင့္သြားပါလိမ့္မယ္။

ေျမာက္ကိုရီးယားျပည္သူေတြဟာ တိုက်ိဳအိုလံပစ္အခုမွစၾကည့္ရပါတယ္။ သူတို႔ဆီမွာ ျမဝတီ၊ ျမန္မာ့အသံတို႔လို ဒီဇိုင္းျဖစ္တဲ့ ႏိုင္ငံေတာ္ပိုင္႐ုပ္သံ ဗဟိုကိုရီးယားတီဗီကေန ျဖတ္ညႇပ္ကပ္လုပ္ထားတဲ့အားကစားပြဲေတြကို အခုမွ စလႊင့္ပါတယ္။ အဲထဲမွာ ေဘာလုံးပြဲတပြဲလည္းပါပါတယ္။

အမ်ိဳးသမီးေဘာလုံးပြဲတပြဲျဖစ္တဲ့ ယူေကနဲ႔ ခ်ီလီတို႔ ဇူလိုင္၂၁ ရက္ေန႔မွာ ကစားခဲ့တဲ့ပြဲကို မိနစ္၇၀ၾကာလႊင့္ေပးခဲ့တာပါ။ သုံးပတ္အၾကာက ေဘာလုံးပြဲလည္းျဖစ္တဲ့အျပင္ ေဘာလုံးပြဲက မိနစ္၉၀အျပည့္လည္း မပါပါဘူး။ ဒါေပမဲ့ ျပည္သူေတြအတြက္ေတာ့ တကယ့္တိုက္႐ိုက္ live ပါပဲ။

မိနစ္၂၀စာေလာက္က တိုးတက္ေနတဲ့႐ုပ္ကပ္ေတြ၊ ျပည္သူေတြကိုမျမင္ေစခ်င္တဲ့အပိုင္းေတြကို ျဖဳတ္ထားတာလို႔သိရပါတယ္။ ဒါတင္မေကေသးဘဲ တျခားအားကစားထဲမွာလည္း သူျပခ်င္တဲ့ဟာေတြကိုပဲ ေ႐ြးျပပါတယ္။ အခုလိုမ်ိဳးျပရတာက ေျမာက္ကိုရီးယားျပည္သူေတြကို ေခြၽးသိပ္တာပါ။

ကိုဗစ္ေၾကာင့္ အိုလံပစ္မွာသြားမၿပိဳင္ဘူးလို႔ ျပည္တြင္းမွာေၾကညာထားေပမဲ့ ပြဲရွိတာကို သိေနတဲ့ျပည္သူေတြကို အခုမွပြဲစသလိုဖန္တီးေပးထားတာျဖစ္ပါတယ္။ စာဖတ္ပရိသတ္ေတြ မယုံသလိုျဖစ္ေနခဲ့ရင္ေတာ့ ငယ္ဘဝတုန္းက ျမဝတီနဲ႔ ျမန္မာ့အသံပဲၾကည့္ခဲ့ရတဲ့ ကိုယ့္ဘဝကိုျပန္သတိရႏိုင္ပါတယ္။

အခုလိုမ်ိဳးအိုလံပစ္ေတြကို ၿပိဳင္လိုက္မၿပိဳင္လိုက္လုပ္တာက သူနဲ႔မတည့္တဲ့ႏိုင္ငံေတြ ဦးစီးက်င္းပရင္လုပ္ေနၾကအကြက္ေတြလို႔လည္းသိရပါတယ္။ ၁၉၈၈၊ ၂၀၁၈ေတြမွာလည္း အိုလံပစ္ကို ဘြိဳင္ေကာ့လုပ္ထားၿပီး ႏိုင္ငံထဲမွာေနတဲ့ျပည္သူေတြကေတာ့ မ်က္စိပိတ္၊ နားပိတ္နဲ႔ ဘဘႀကီးက်န္းမာပါဇီလုပ္ေနရတုန္းပဲျဖစ္ပါတယ္။

ref: ဘီဘီစီ

Be the first to comment on "အိုလံပစ်ပြိုင်ပွဲက ပြီးသွားပြီဖြစ်ပေမဲ့ အခုမှပြည်သူတွေကို ရုပ်သံစပြတဲ့ မြောက်ကိုရီးယား"

Leave a comment

Your email address will not be published.


*