လေဆိပ်မှာပြောလို့မရတဲ့ အာဖဂန်တွေကို အမေရိကန် ရှော့ပစ်နေ

တာလီဘန်တွေ ကဘူးလ်မြို့ကို သိမ်းပိုက်ပြီးတဲ့အချိန် ဟာမစ်ကာဇိုင်း နိုင်ငံတကာ လေဆိပ်ထဲကို ဝင်ရောက်လာတဲ့ အပြစ်မဲ့အရပ်သားတွေအပေါ်ကို အမေရိကန်တပ်တွေက ကူညီကာကွယ်ပေးနေပါတယ်

အမေရိကန်စစ်သည်အချို့ဟာ လေယာဉ်ပျံပေါ်ကို အတွင်းဝင်ရောက်ဖို့ ကြိုးစားနေတဲ့ အာဖဂန်ပြည်သူ နှစ်ယောက်ကို ပစ်သတ်ခဲ့ရပါတယ်

C-17 ပေါ်က ပြုတ်ကျတဲ့ အာဖဂန်ပြည်သူစုစုပေါင်း ၃ ဦးရှိပါတယ်

နောက်ထပ် ၃ ယောက်ကတော့ ပြေးလမ်းပေါ်မှာ လေယာဉ်ပျံမတက်မှီ ပြုတ်ကျလို့ သွေးအလူးလူးနဲ့ ထိခိုက်သေဆုံးခဲ့ပါတယ်

ပင်တဂွန်အနေနဲ့ ကယ်ဆယ်ရေးလေယာဉ် ဘယ်လောက်ထိ လွှတ်မယ်ဆိုတာ မထုတ်ပြန်ထားသေးပါဘူး

အမေရိကန်တပ်တွေ လေဆိပ်မှာ ပြည်သူတွေကို မထိန်းချုပ်နိုင်သေးသ၍ ကယ်ဆယ်ရေးလေယာဉ်တွေကို ရပ်နားထားမှာပါ

တာလီဘန်တွေဟာ ပေးထားတဲ့ ကတိကိုမတည်ဘဲ လူသတ်ဖို့အတွက် ဆောင်ရွက်လာတယ်လို့ အမေရိကန်က ဆိုပါတယ်

Be the first to comment on "လေဆိပ်မှာပြောလို့မရတဲ့ အာဖဂန်တွေကို အမေရိကန် ရှော့ပစ်နေ"

Leave a comment

Your email address will not be published.


*