အာဖဂန်နစ္စတန်မြို့တော်ကို တာလီဘန်တွေသိမ်းလိုက်ပြီဆိုတဲ့ သတင်းဟာ အာဖဂန်ကအမျိုး သမီးတွေ အတွက်တော့ ငရဲခန်းအဖွင့် ဖြစ်သွားမှာပါပဲ

အာဖဂန်နစ္စတန်မြို့တော် ကဘူးလ်ကို တာလီဘန်တွေသိမ်းလိုက်ပြီဆိုတဲ့ သတင်းဟာ အာဖဂန်ကအမျိုးသမီးတွေ အတွက်တော့ ငရဲခန်းအဖွင့်ဖြစ်သွားမှာ အသေအချာပါပဲ။

တာလီဘန်တွေရဲ့ နိုင်ငံတည်ဆောက်ရေး အယူအဆဟာ Religious Nationalism ဖြစ်ပါတယ်။ဘာသာတရား ကိုင်းရှိုင်းသောနိုင်ငံတော်ပေါ့။ဘာသာရေးဟာ နိုင်ငံတော်ရဲ့ရှေ့မှာ ရှိနေရမယ်။တိုင်းသူပြည်သားတွေကို ဘာသာရေး အဆုံးအမ ရဲ့ အောက်မှာပဲငြိမ်ဝပ်ပိပြားနေစေရမယ်ဆိုတဲ့ အတွေးအခေါ်ကို အခြေခံထားပါတယ်။

စာမှာ ဖတ်ရင် ဒီလိုတွေ့မှာဖြစ်ပြီး မြေပြင်မှာ သွားကြည့်ရင်တော့ ဆိုးဝါးစုတ်ပြတ်တဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေနဲ့အင်အားကြီးသူက အင်အားနည်းသူကို အနိုင်ကျင့်မတရား ဖိနှိပ်တာတွေကိုသာ မြင်ရမှာ ဖြစ်တယ်။အထူးသဖြင့် အစ္စလာမ်အမျိုးသမီးတွေနဲ့ အစ္စလာမ်မဟုတ်သော လူမျိုးစုတွေဟာ တာလီဘန်တွေရဲ့လက်အောက်မှာတော့ အဖိနှိပ်ခံရဖို့ သက်သက်ကမ္ဘာမြေပေါ် ရောက်လာကြရတဲ့ သဘောပါပဲ။

တာလီဘန်တွေဟာ အမျိုးသမီးတွေကို အသက်၈ နှစ်ပြည့်ပြီးတာနဲ့ စာသင်ခွင့် မပေးတော့ဘူး။ဘူရ်ကာburqa လို့ခေါ်တဲ့ ခေါင်းအစ ခြေအဆုံး ဝတ်စုံကိုအပြင်ထွက်ရင် မဝတ်မနေရ သတ်မှတ်ထားတယ်။

သွေးသားတော်စပ်တဲ့ အမျိုးသားမပါရင် အပြင်ကိုထွက်ခွင့်မရှိ။စက်ဘီး၊ဆိုင်ကယ် ကိုယ်တိုင် စီးနင်းခွင့်၊ဆွေမျိုးသားချင်းနဲ့မဟုတ်ဘဲ စီးနင်းခွင့် မရှိဘူး။

Taxi ကို တယောက်တည်း စီးခွင့်မရှိ၊အမျိုးသားဆရာဝန်နဲ့ အဖော်မပါဘဲ တယောက်တည်း သွားပြခွင့်မရှိ(အဖော်ရှာမရရင် ဖျားနာပြီး သေတော့လို့ မပြောရုံတမယ် ထားခံကြရတယ်)။

နောက်တခုက အမျိုးသမီးတွေဟာ အလုပ်လုပ်ခွင့်လည်း မရကြဘူး။တာဘီဘန်တွေ စပြီး အုပ်စိုးသွားတဲ့ ခုနှစ်တွေမှာ အမျိုးသမီးတွေ အလုပ်လုပ်ခွင့်မရှိတော့ဘူးဆိုတဲ့ ကြေညာချက်ကြောင့် မြို့တော် ကဘူးလ်မှာတင် သိန်းနဲ့ချီတဲ့ ကျောင်းသားတွေပညာရေး ရပ်တန့်သွားရတယ်။

သောင်းနဲ့ချီတဲ့ ဆရာမတွေအလုပ်ပြုတ်သွားတော့ သင်ပေးမယ့်လူ မရှိ ဖြစ်သွားပြီးကျောင်း‌တွေ ပိတ်လိုက်ရတာကိုး။စာသင်ချင်တဲ့ ကျောင်းသူနဲ့စာသင်ပေးချင်တဲ့ ဆရာမတွေဟာ မြေအောက်ခန်းတွေမှာခိုးသင်ခဲ့ကြရပြီး မိသွားရင် လူမြင်ကွင်းမှာအပြစ်ပေးခံရတယ်။

ဝတ်စားဆင်ယင်မှုနဲ့ ပတ်သက်ရင်လည်း ဒေါက်ဖိနပ်တောင်စီးခွင့်မရကြဘူး။ဒေါက်ဖိနပ်သံဟာ သူစိမ်းအမျိုးသားတွေကိုစိတ်လှုပ်ရှားစေတယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ ပိတ်ပင်တယ်။

သူတို့ရဲ့ ဘာသာရေးအစွန်းရောက်မှုမှာ အချိန်မှန်မဟုတ်တဲ့လိင်စိတ်ထကြွမှုဟာ အလ္လာရှင်မြတ်ကို စိတ်ဆိုးစေတယ်လို့ပြောတယ်၊ဒါကြောင့် သူစိမ်းအမျိုးသမီးကြောင့် အမျိုးသားမှာစိတ်လှုပ်ရှားမှုခံစားရရင် အဲ့ဒီအမျိုးသမီးရဲ့ အပြစ်ပဲဖြစ်တယ်။

ဒါကြောင့် လူအများအလယ်မှာ အမျိုးသမီးတွေဟာ မျက်လုံးပဲဖော်ပြီး သွားလာရတဲ့အပြင် စကားလည်း ကျယ်ကျယ်မပြောကြရဘူး။

အခုဖတ်ခဲ့သမျှ ပိတ်ပင်မှုတွေဟာ ဘာအဓိပ္ပါယ်မှ မရှိဘူးလို့ခံစားကြရတယ် မဟုတ်လား။အမျိုးသမီးတွေရဲ့ ထဘီဟာ ဘုန်းနိမ့်စေတယ်တို့၊ ရာသီသွေးလာတဲ့ ကာလမှာ အမျိုးသမီးတွေဟာ ယုတ်ညံ့နေတယ်တို့ဆိုတဲ့ ကိုယ်တွေဆီက ပညာမဲ့တဲ့ ခွဲခြားဆက်ဆံမှုတွေက သူတို့နဲ့ ယှဉ်လိုက်ရင် ဘာမှမဟုတ်သေးသလို ဖြစ်နေတာပေါ့။

ဒါပေမဲ့ မတရားဖိနှိပ်မှုမှာ နည်းသည်၊များသည် မရှိဘူးဆိုတာကို‌တော့သိထားသင့်တယ်။

တာလီဘန် ဆိုတဲ့ အဓိပ္ပါယ်ဟာ ကျောင်းသား ဖြစ်ပါတယ်။စပြီးတည်ထောင်ရတဲ့ ရည်ရွယ်ချက်က ပရမ်းပတာဖြစ်နေတဲ့တိုင်းပြည်ကို ပြန်လည်ငြိမ်းချမ်းအောင် ဆောင်ရွက်မယ်၊တိုးတက်အောင် လုပ်မယ်ဆိုတဲ့ ကျောင်းသားလူငယ်တွေနဲ့
စခဲ့တာပါ။

ဒါပေမယ့် ကြာလာတော့ ဘာသာရေး အစွန်းရောက်အကြမ်းဖက် အဖွဲ့အစည်းဖြစ်သွားတယ်။ကျောင်းသားတွေကစတည်ထောင်ခဲ့လို့ တာလီဘန်ဟာ ငါတို့ မြန်မာကျောင်းသားတွေနဲ့တူပြီး သူတို့ရဲ့ အောင်မြင်မှုက ငါတို့အတွက် လမ်းပြကြယ်ပဲလို့ဂုဏ်ယူနေမယ်ဆိုရင်တော့ သိပ်ကြောက်ဖို့ကောင်းပါတယ်။

ဘာသာရေး နဲ့ ယဉ်ကျေးမှုအရာမှာ လူတစ်ဦးချင်းလွတ်လွတ်လပ်လပ် ယုံကြည်ကိုးကွယ်ခွင့်ရှိတဲ့၊လူ့အခွင့်အရေးကိုတန်ဖိုးထားတဲ့ နိုင်ငံကိုပဲတည်ဆောက်ရမှာဖြစ်ပါတယ်။

လူသားဆိုင်ရာလွတ်လပ်ခွင့်..လူမျိုးစုဆိုင်ရာလွတ်လပ်ခွင့်နဲ့ နိုင်ငံသားဆိုင်ရာလွတ်လပ်ခွင့်တွေ အပြည့်အဝ မရသေးသမျှ ဒေသတွင်း တည်ငြိမ်ရေး ငြိမ်းချမ်းရေးနဲ့ ဖွံ့ဖြိုးတိုးတက်ရေးဆိုတာ အဝေးကြီးဖြစ်နေဦးမှာပါပဲ….

Credit : Hein Htet Aung Via Sayar Sein Oke

—————–

အာဖဂန္နစၥတန္ၿမိဳ႕ေတာ္ ကဘူးလ္ကို တာလီဘန္ေတြသိမ္းလိုက္ၿပီဆိုတဲ့ သတင္းဟာ အာဖဂန္ကအမ်ိဳးသမီးေတြ အတြက္ေတာ့ ငရဲခန္းအဖြင့္ျဖစ္သြားမွာ အေသအခ်ာပါပဲ။

တာလီဘန္ေတြရဲ႕ ႏိုင္ငံတည္ေဆာက္ေရး အယူအဆဟာ Religious Nationalism ျဖစ္ပါတယ္။ဘာသာတရား ကိုင္းရႈိင္းေသာႏိုင္ငံေတာ္ေပါ့။ဘာသာေရးဟာ ႏိုင္ငံေတာ္ရဲ႕ေရွ႕မွာ ရွိေနရမယ္။တိုင္းသူျပည္သားေတြကို ဘာသာေရး အဆုံးအမ ရဲ႕ ေအာက္မွာပဲၿငိမ္ဝပ္ပိျပားေနေစရမယ္ဆိုတဲ့ အေတြးအေခၚကို အေျခခံထားပါတယ္။

စာမွာ ဖတ္ရင္ ဒီလိုေတြ႕မွာျဖစ္ၿပီး ေျမျပင္မွာ သြားၾကည့္ရင္ေတာ့ ဆိုးဝါးစုတ္ျပတ္တဲ့ လူ႔အခြင့္အေရးခ်ိဳးေဖာက္မႈေတြနဲ႔အင္အားႀကီးသူက အင္အားနည္းသူကို အႏိုင္က်င့္မတရား ဖိႏွိပ္တာေတြကိုသာ ျမင္ရမွာ ျဖစ္တယ္။အထူးသျဖင့္ အစၥလာမ္အမ်ိဳးသမီးေတြနဲ႔ အစၥလာမ္မဟုတ္ေသာ လူမ်ိဳးစုေတြဟာ တာလီဘန္ေတြရဲ႕လက္ေအာက္မွာေတာ့ အဖိႏွိပ္ခံရဖို႔ သက္သက္ကမာၻေျမေပၚ ေရာက္လာၾကရတဲ့ သေဘာပါပဲ။

တာလီဘန္ေတြဟာ အမ်ိဳးသမီးေတြကို အသက္၈ ႏွစ္ျပည့္ၿပီးတာနဲ႔ စာသင္ခြင့္ မေပးေတာ့ဘူး။ဘူရ္ကာburqa လို႔ေခၚတဲ့ ေခါင္းအစ ေျခအဆုံး ဝတ္စုံကိုအျပင္ထြက္ရင္ မဝတ္မေနရ သတ္မွတ္ထားတယ္။

ေသြးသားေတာ္စပ္တဲ့ အမ်ိဳးသားမပါရင္ အျပင္ကိုထြက္ခြင့္မရွိ။စက္ဘီး၊ဆိုင္ကယ္ ကိုယ္တိုင္ စီးနင္းခြင့္၊ေဆြမ်ိဳးသားခ်င္းနဲ႔မဟုတ္ဘဲ စီးနင္းခြင့္ မရွိဘူး။

Taxi ကို တေယာက္တည္း စီးခြင့္မရွိ၊အမ်ိဳးသားဆရာဝန္နဲ႔ အေဖာ္မပါဘဲ တေယာက္တည္း သြားျပခြင့္မရွိ(အေဖာ္ရွာမရရင္ ဖ်ားနာၿပီး ေသေတာ့လို႔ မေျပာ႐ုံတမယ္ ထားခံၾကရတယ္)။

ေနာက္တခုက အမ်ိဳးသမီးေတြဟာ အလုပ္လုပ္ခြင့္လည္း မရၾကဘူး။တာဘီဘန္ေတြ စၿပီး အုပ္စိုးသြားတဲ့ ခုႏွစ္ေတြမွာ အမ်ိဳးသမီးေတြ အလုပ္လုပ္ခြင့္မရွိေတာ့ဘူးဆိုတဲ့ ေၾကညာခ်က္ေၾကာင့္ ၿမိဳ႕ေတာ္ ကဘူးလ္မွာတင္ သိန္းနဲ႔ခ်ီတဲ့ ေက်ာင္းသားေတြပညာေရး ရပ္တန႔္သြားရတယ္။

ေသာင္းနဲ႔ခ်ီတဲ့ ဆရာမေတြအလုပ္ျပဳတ္သြားေတာ့ သင္ေပးမယ့္လူ မရွိ ျဖစ္သြားၿပီးေက်ာင္း‌ေတြ ပိတ္လိုက္ရတာကိုး။စာသင္ခ်င္တဲ့ ေက်ာင္းသူနဲ႔စာသင္ေပးခ်င္တဲ့ ဆရာမေတြဟာ ေျမေအာက္ခန္းေတြမွာခိုးသင္ခဲ့ၾကရၿပီး မိသြားရင္ လူျမင္ကြင္းမွာအျပစ္ေပးခံရတယ္။

ဝတ္စားဆင္ယင္မႈနဲ႔ ပတ္သက္ရင္လည္း ေဒါက္ဖိနပ္ေတာင္စီးခြင့္မရၾကဘူး။ေဒါက္ဖိနပ္သံဟာ သူစိမ္းအမ်ိဳးသားေတြကိုစိတ္လႈပ္ရွားေစတယ္ဆိုတဲ့ အေၾကာင္းျပခ်က္နဲ႔ ပိတ္ပင္တယ္။

သူတို႔ရဲ႕ ဘာသာေရးအစြန္းေရာက္မႈမွာ အခ်ိန္မွန္မဟုတ္တဲ့လိင္စိတ္ထႂကြမႈဟာ အလႅာရွင္ျမတ္ကို စိတ္ဆိုးေစတယ္လို႔ေျပာတယ္၊ဒါေၾကာင့္ သူစိမ္းအမ်ိဳးသမီးေၾကာင့္ အမ်ိဳးသားမွာစိတ္လႈပ္ရွားမႈခံစားရရင္ အဲ့ဒီအမ်ိဳးသမီးရဲ႕ အျပစ္ပဲျဖစ္တယ္။

ဒါေၾကာင့္ လူအမ်ားအလယ္မွာ အမ်ိဳးသမီးေတြဟာ မ်က္လုံးပဲေဖာ္ၿပီး သြားလာရတဲ့အျပင္ စကားလည္း က်ယ္က်ယ္မေျပာၾကရဘူး။

အခုဖတ္ခဲ့သမွ် ပိတ္ပင္မႈေတြဟာ ဘာအဓိပၸါယ္မွ မရွိဘူးလို႔ခံစားၾကရတယ္ မဟုတ္လား။အမ်ိဳးသမီးေတြရဲ႕ ထဘီဟာ ဘုန္းနိမ့္ေစတယ္တို႔၊ ရာသီေသြးလာတဲ့ ကာလမွာ အမ်ိဳးသမီးေတြဟာ ယုတ္ညံ့ေနတယ္တို႔ဆိုတဲ့ ကိုယ္ေတြဆီက ပညာမဲ့တဲ့ ခြဲျခားဆက္ဆံမႈေတြက သူတို႔နဲ႔ ယွဥ္လိုက္ရင္ ဘာမွမဟုတ္ေသးသလို ျဖစ္ေနတာေပါ့။

ဒါေပမဲ့ မတရားဖိႏွိပ္မႈမွာ နည္းသည္၊မ်ားသည္ မရွိဘူးဆိုတာကို‌ေတာ့သိထားသင့္တယ္။

တာလီဘန္ ဆိုတဲ့ အဓိပၸါယ္ဟာ ေက်ာင္းသား ျဖစ္ပါတယ္။စၿပီးတည္ေထာင္ရတဲ့ ရည္႐ြယ္ခ်က္က ပရမ္းပတာျဖစ္ေနတဲ့တိုင္းျပည္ကို ျပန္လည္ၿငိမ္းခ်မ္းေအာင္ ေဆာင္႐ြက္မယ္၊တိုးတက္ေအာင္ လုပ္မယ္ဆိုတဲ့ ေက်ာင္းသားလူငယ္ေတြနဲ႔
စခဲ့တာပါ။

ဒါေပမယ့္ ၾကာလာေတာ့ ဘာသာေရး အစြန္းေရာက္အၾကမ္းဖက္ အဖြဲ႕အစည္းျဖစ္သြားတယ္။ေက်ာင္းသားေတြကစတည္ေထာင္ခဲ့လို႔ တာလီဘန္ဟာ ငါတို႔ ျမန္မာေက်ာင္းသားေတြနဲ႔တူၿပီး သူတို႔ရဲ႕ ေအာင္ျမင္မႈက ငါတို႔အတြက္ လမ္းျပၾကယ္ပဲလို႔ဂုဏ္ယူေနမယ္ဆိုရင္ေတာ့ သိပ္ေၾကာက္ဖို႔ေကာင္းပါတယ္။

ဘာသာေရး နဲ႔ ယဥ္ေက်းမႈအရာမွာ လူတစ္ဦးခ်င္းလြတ္လြတ္လပ္လပ္ ယုံၾကည္ကိုးကြယ္ခြင့္ရွိတဲ့၊လူ႔အခြင့္အေရးကိုတန္ဖိုးထားတဲ့ ႏိုင္ငံကိုပဲတည္ေဆာက္ရမွာျဖစ္ပါတယ္။

လူသားဆိုင္ရာလြတ္လပ္ခြင့္..လူမ်ိဳးစုဆိုင္ရာလြတ္လပ္ခြင့္နဲ႔ ႏိုင္ငံသားဆိုင္ရာလြတ္လပ္ခြင့္ေတြ အျပည့္အဝ မရေသးသမွ် ေဒသတြင္း တည္ၿငိမ္ေရး ၿငိမ္းခ်မ္းေရးနဲ႔ ဖြံ႕ၿဖိဳးတိုးတက္ေရးဆိုတာ အေဝးႀကီးျဖစ္ေနဦးမွာပါပဲ….

Credit : Hein Htet Aung Via Sayar Sein Oke

Be the first to comment on "အာဖဂန်နစ္စတန်မြို့တော်ကို တာလီဘန်တွေသိမ်းလိုက်ပြီဆိုတဲ့ သတင်းဟာ အာဖဂန်ကအမျိုး သမီးတွေ အတွက်တော့ ငရဲခန်းအဖွင့် ဖြစ်သွားမှာပါပဲ"

Leave a comment

Your email address will not be published.


*