NUG အစိုးရကို ကုလသမဂ္ဂ အသိအမှတ်ပြုရေး နိုဘယ်လ်ဆုရှင် အပါအဝင် အခြား နာမည်ကြီးနိုင်ငံရေးသမားများ လက်မှတ်ရေးထိုး တောင်းဆိုပြီ

NUG အစိုးရကို ကုလသမဂ္ဂ အသိအမှတ်ပြုရေး နိုဘယ်လ်ဆုရှင်အရှေ့တီမောသမ္မတဟောင်း၊ အမေရိကန်သံအမတ်ဟောင်း အပါအဝင် နာမည်ကြီးနိုင်ငံရေးသမားများ လက်မှတ်ရေးထိုး တောင်းဆို

အမျိုးသားသားညီညွတ်ရေးအစိုးရ NUG ကို ကုလသမဂ္ဂက အသိအမှတ်ပြုရေးအတွက် နိုဘယ်လ်ငြိမ်းချမ်းရေးဆုရှင် အရှေ့တီမောသမ္မတဟောင်း ကမ္ဘာ့ဒီမိုကရေစီရေးလှုပ်ရှားမှု အဖွဲ ဥက္ကဌ မစ္စတာ Jose Ramos-Horta ၊ မြန်မာနိုင်ငံဆိုင်ရာ အမေရိကန် သံအမတ်ဟောင်း Derek Mitchell အပါအဝင် နာမည်ကြီး နိုင်ငံရေးသမားများက လက်မှတ်ရေးထိုး တောင်းလိုက်ကြကြောင်း သိရှိရသည်။

အရှေ့တီမောသမ္မတဟောင်း ကမ္ဘာ့ဒီမိုကရေစီရေးလှုပ်ရှားမှု အဖွဲ ဥက္ကဌ မစ္စတာ Jose Ramos-Horta ၊ မြန်မာနိုင်ငံဆိုင်ရာ အမေရိကန် သံအမတ်ဟောင်း Derek Mitchell ၊ ဆွစ်ဇာလန် နိုင်ငံ အမျိုးသား ကောင်စီ အဖွဲ့ဝင်၊ ဆွစ် မြန်မာ အသင်း ဥက္ကဌ နှင့် မြန်မာမိတ်ဆွေများအဖွဲ့ဝင် Ms. Laurence Fehlmann Rielle၊

ချက်နိုင်ငံ အထက်လွှတ်တော် နိုင်ငံ တကာ ဆက်ဆံရေး၊ ကာကွယ်ရေးနှင့် လုံခြုံရေးဆိုင်ရာ ကော်မတီဥက္ကဌ အထက်လွှတ်တော် အမတ် မစ္စတာ Pavel Fisher ၊ ပေါ်တူဂီနိုင်ငံမှ ဥရောပ ပါလီမန် အမတ်ဟောင်း မစ္စ Ana Gomes၊ နယ်စည်းမခြား သတင်းသမားများ၏ နိုင်ငံတကာ လှုံဆော်ရေး ဒါရိုက်တာ Antoine Bernard တို့သည်

၁၅၆၀၀၀ ကျော်သော ကမ္ဘာတလွှားမှ မြန်မာနှင့် မြန်မာမိတ်ဆွေများနှင့် အတူ အမျိုးသား ညီညွတ် ရေး အစိုးရက ကုလသမဂ္ဂတွင် အထူးသံတမန်အဖြစ် ခံအပ်ထားသော ကုလသမဂ္ဂ၏ မြန်မာနိုင်ငံကိုယ်စားပြုအမြဲတမ်း ကိုယ်စားလှယ် ဦးကျော်မိုးထွန်းအား ကုလ သမဂ္ဂတွင် ၄င်း၏ နေရာ ဆက်လက် ရရှိရေး အွန်လိုင်းလက်မှတ်ရေးထိုး လှုပ်ရှားမှုတွင် ပါဝင် လက်မှတ်ရေးထိုးကြသည်။

လက်ရှိတွင် NUG အစိုးရကို ကုလသမဂ္ဂက အသိအမှတ်ပြုရေး လက်မှတ် ၂ သိန်း ရရှိရန် ရည်မှန်းထားပြီး လက်ရှိတွင် လက်မှတ် စုစုပေါင်း ၁၅၆၇၂၁ ခုရရှိထားပြီဖြစ်ကြောင်း၊ ပြည်သူများအနေဖြင့် အွန်လိုင်းလက်မှတ်ရေးထိုးမှုတွင် ပူးပေါင်းပါဝင် လက်မှတ်ရေးထိုးကြရန် တက်ကြွလှုပ်ရှားသူများက တိုက် တွန်းထားသည်။

NUG အစိုးရကို ကုလသမဂ္ဂက အသိအမှတ်ပြုရေးအတွက် http://chng.it/PgsF2kQkxF တွင် လက်မှတ်ရေး ထိုးနိုင်ကြောင်း သိရှိရသည်။

————

NUG အစိုးရကို ကုလသမဂၢ အသိအမွတ္ျပဳေရး ႏိုဘယ္လ္ဆုရွင္အေရွ႕တီေမာသမၼတေဟာင္း၊ အေမရိကန္သံအမတ္ေဟာင္း အပါအဝင္ နာမည္ႀကီးႏိုင္ငံေရးသမားမ်ား လက္မွတ္ေရးထိုး ေတာင္းဆို

အမ်ိဳးသားသားညီၫြတ္ေရးအစိုးရ NUG ကို ကုလသမဂၢက အသိအမွတ္ျပဳေရးအတြက္ ႏိုဘယ္လ္ၿငိမ္းခ်မ္းေရးဆုရွင္ အေရွ႕တီေမာသမၼတေဟာင္း ကမာၻ႔ဒီမိုကေရစီေရးလႈပ္ရွားမႈ အဖြဲ ဥကၠဌ မစၥတာ Jose Ramos-Horta ၊ ျမန္မာႏိုင္ငံဆိုင္ရာ အေမရိကန္ သံအမတ္ေဟာင္း Derek Mitchell အပါအဝင္ နာမည္ႀကီး ႏိုင္ငံေရးသမားမ်ားက လက္မွတ္ေရးထိုး ေတာင္းလိုက္ၾကေၾကာင္း သိရွိရသည္။

အေရွ႕တီေမာသမၼတေဟာင္း ကမာၻ႔ဒီမိုကေရစီေရးလႈပ္ရွားမႈ အဖြဲ ဥကၠဌ မစၥတာ Jose Ramos-Horta ၊ ျမန္မာႏိုင္ငံဆိုင္ရာ အေမရိကန္ သံအမတ္ေဟာင္း Derek Mitchell ၊ ဆြစ္ဇာလန္ ႏိုင္ငံ အမ်ိဳးသား ေကာင္စီ အဖြဲ႕ဝင္၊ ဆြစ္ ျမန္မာ အသင္း ဥကၠဌ ႏွင့္ ျမန္မာမိတ္ေဆြမ်ားအဖြဲ႕ဝင္ Ms. Laurence Fehlmann Rielle၊

ခ်က္ႏိုင္ငံ အထက္လႊတ္ေတာ္ ႏိုင္ငံ တကာ ဆက္ဆံေရး၊ ကာကြယ္ေရးႏွင့္ လုံၿခဳံေရးဆိုင္ရာ ေကာ္မတီဥကၠဌ အထက္လႊတ္ေတာ္ အမတ္ မစၥတာ Pavel Fisher ၊ ေပၚတူဂီႏိုင္ငံမွ ဥေရာပ ပါလီမန္ အမတ္ေဟာင္း မစၥ Ana Gomes၊ နယ္စည္းမျခား သတင္းသမားမ်ား၏ ႏိုင္ငံတကာ လႈံေဆာ္ေရး ဒါ႐ိုက္တာ Antoine Bernard တို႔သည္

၁၅၆၀၀၀ ေက်ာ္ေသာ ကမာၻတလႊားမွ ျမန္မာႏွင့္ ျမန္မာမိတ္ေဆြမ်ားႏွင့္ အတူ အမ်ိဳးသား ညီၫြတ္ ေရး အစိုးရက ကုလသမဂၢတြင္ အထူးသံတမန္အျဖစ္ ခံအပ္ထားေသာ ကုလသမဂၢ၏ ျမန္မာႏိုင္ငံကိုယ္စားျပဳအၿမဲတမ္း ကိုယ္စားလွယ္ ဦးေက်ာ္မိုးထြန္းအား ကုလ သမဂၢတြင္ ၄င္း၏ ေနရာ ဆက္လက္ ရရွိေရး အြန္လိုင္းလက္မွတ္ေရးထိုး လႈပ္ရွားမႈတြင္ ပါဝင္ လက္မွတ္ေရးထိုးၾကသည္။

လက္ရွိတြင္ NUG အစိုးရကို ကုလသမဂၢက အသိအမွတ္ျပဳေရး လက္မွတ္ ၂ သိန္း ရရွိရန္ ရည္မွန္းထားၿပီး လက္ရွိတြင္ လက္မွတ္ စုစုေပါင္း ၁၅၆၇၂၁ ခုရရွိထားၿပီျဖစ္ေၾကာင္း၊ ျပည္သူမ်ားအေနျဖင့္ အြန္လိုင္းလက္မွတ္ေရးထိုးမႈတြင္ ပူးေပါင္းပါဝင္ လက္မွတ္ေရးထိုးၾကရန္ တက္ႂကြလႈပ္ရွားသူမ်ားက တိုက္ တြန္းထားသည္။

NUG အစိုးရကို ကုလသမဂၢက အသိအမွတ္ျပဳေရးအတြက္ http://chng.it/PgsF2kQkxF တြင္ လက္မွတ္ေရး ထိုးႏိုင္ေၾကာင္း သိရွိရသည္။

Crd –  Khit Thit Media

Be the first to comment on "NUG အစိုးရကို ကုလသမဂ္ဂ အသိအမှတ်ပြုရေး နိုဘယ်လ်ဆုရှင် အပါအဝင် အခြား နာမည်ကြီးနိုင်ငံရေးသမားများ လက်မှတ်ရေးထိုး တောင်းဆိုပြီ"

Leave a comment

Your email address will not be published.


*