ကြည်နူးအားကျဖွယ်ရာ ချစ်ဖို့ကောင်းတဲ့ အဖိုးနဲ့အဖွား စုံတွဲ





ချစ်တတ်လိုက်ကြတာ 💛.



————

အဖိုးနဲ့အဖွါးစုံတွဲလေး ချစ်ဖို့ကောင်းလွန်းလို့ အမှတ်တရအနေနဲ့ ရေးချင်လို့ပါ.

အဖိုးက positive အဖွါးက Negative. စိတ်မချလို့ လိုက်လာတယ်. အဖွားက နားမကောင်းဘူး. အဖိုးက အဖွါးကိုစိတ်ပူတယ်. အဖွါးက အဖိုးကိုစိတ်ပူတယ်. သူတို့ နှစ်ယောက် အရမ်းချစ်ကြတယ်. ထမင်းတဗူးကို တူတူစားကြတယ်.

ခုအဖိုးက ရက်ပြည့်လို့ ဆေးရုံဆင်းရမယ်ဆိုတော့ အဖွါးကို ချက်ချင်း စစ်ပေးကြတယ်. Swab ယူဖို့ခေါ်သွားတော့လဲ အဖိုးက လက်လေးတွဲ အဝထိလိုက်ပို့ပြီး အဖွါးကို စိတ်မချဘူး. လာခေါ်တဲ့ ကိုယ်တွေကိုလဲ အဖွါးက နားမကောင်းလို့ ကျယ်ကျယ်ပြောပေးဖို့. အတက်အဆင်းသတိထားပေးဖို့ ကပ်မှာတယ်.

အဖွါးက Ngeative လဲဆိုရော အဖိုးက အနားမကပ်တော့ဘူး. သူ့ဆီက (အဝတ်စားတွေဆီက) ကူးမှာစိုးလို့တဲ့. (အဝတ်တွေ ဆေးဖြန်းပေးထားပြီးသားပါ). အဝေးကနေ လှမ်းစကားပြောကြတယ်.

အဖွါးမကြားရလို့ ဖုန်းနဲ့ပြောကြတယ်.
ချစ်တတ်လိုက်ကြတာ 💛.

Positive center ထဲ ၁၁ ရက်ကြာနေခဲ့တာတောင် negative မို့ အဖွါးအတွက်လဲ ဝမ်းသာမိတယ်.
ကိုယ်တွေအသက်ကြီးလာရင်ရော ဒီလိုကံကောင်းပါ့မလားလို့ တွေးမိတယ်. အားကျနေပါပြီ 🥺☹️

*ပုံတွေအတွက်က အဖိုးခွင့်ပြုချက်ရယူပြီးသားပါ။

Source : Thin Zar’ Facebook

Be the first to comment on "ကြည်နူးအားကျဖွယ်ရာ ချစ်ဖို့ကောင်းတဲ့ အဖိုးနဲ့အဖွား စုံတွဲ"

Leave a comment

Your email address will not be published.


*