ကျန်စစ်မင်းကြီးရဲ့ပြည်သူတွေအပေါ် စေတနာနဲ့သဘောထားကို ဖော်ပြထားသော ကျောက်စာ

သမိုင်းအထောက်အထားများအရ အနော်ရထာမင်းကြီးသည် မြန်မာနိုင်ငံသစ်ကို ဦးဆောင်ခဲ့သူ၊ပျိုးထောင်ခဲ့သူဖြစ်ပါသည်။ကျန်စစ်သားကတော့ မြန်မာနိုင်ငံအသစ်ကို တည်တံ့ခိုင်မြဲအောင် ဦးဆောင်ခဲ့သူ၊ကြိုးပမ်းခဲ့သူ အမှန်ပင်ဖြစ်ပါသည်။

ကျန်စစ်သားမင်းလက်ထက် ပုဂံပြည်တွင် လူမျိုးမရွေး၊ဘာသာမရွေး တရားမျှတစွာ ဆောင်ရွက်ပေးခဲ့သည်။ပြည်တွင်းငြိမ်းချမ်းရေး၊ပြည်သူတစ်ရပ်လုံး သာယာဝပြောရေး ၊နိုင်ငံစည်းလုံးရေး၊ယဉ်ကျေးမှု ထွန်းကားရေးအတွက် အဖက်ဖက်မှ ထောင့်စုံ ကြိုးပမ်းဆောင်ရွက်ခဲ့သည်။

ကျန်စစ်သားနှင့်ပုဂံ

ကျန်စစ်သားမင်းဖြစ်လာချိန်၌ ငရမန်ကန်း သူပုန်အရေး ပြေငြိမ်းစရှိသေးသည်။ ပျူ ၊မွန်၊သက်၊မြန်မာစသည့် ပုဂံပြည်သူ ပြည်သားများသည် အတိ ဒုက္ခ အမျိုးမျိုးနှင့် ရင်ဆိုင်ကြရသည်။ သားတကွဲ၊ မယားတကွဲ ဖြစ်သူကဖြစ် ၊ အဖမ်းအဆီးခံရသူက ခံနေရသည်။

အောက်ပြည်အောက်ရွာသို့ အဓမ္မခေါ်ဆောင်သွားခြင်းခံနေကြရသည်။ အိုးမဲ့ အိမ်မဲ့၊ အလုပ်အကိုင်မဲ့ ဖြစ်နေကြရသည်။ထို့ကြောင့် ကျန်စစ်မင်းကြီး၏ စေတနာနှင့် သဘောထားကို ပြည်သူအများသိနားလည် ၊ ငြိမ်းချမ်းစေခြင်းငှာ ကျောက်စာရေးထိုးအသိပေးခဲ့သည်။

ရွှေစည်းခုံမွန်ကျောက်စာဟု ထင်ရှားပါသည်။ထိုကျောက်စာကို ပုဂံ ရွှေစည်းခုံ ဘုရားရှိ ကျောက်တိုင် နှစ်တိုင်တွင် ရေးထိုးထားသည်။မွန်ဘာသာဖြင့် ရေးထိုးထားခြင်းဖြစ်သည်။

ပြည်သူ ပြည်သားအားလုံး ဖတ်မိသိရှိစေရန် ရွှေစည်းခုံ ဘုရားရှိ ကျောက်တိုင်တွင်သာမက ပုဂံသရပါတံခါးရှိ ကျောက်တိုင်နှစ်တိုင်တွင်လည်း ရေးထိုးထားခဲ့သည်။

ရွှေစည်းခုံ မွန်ကျောက်စာကို မြန်မာပြန်ကြည့်လျှင်-

“အရိမဒ္ဒနပူရ်မြို့၌ နေကုန်သော ၊ရေစုန်တွင် အဖမ်းခံရကုန်သော ၊ အခြားဒေသသို့သွားကုန်သော၊ အမျိုးလေးပါးတို့သည် ဂြိတြိဘုဝနာဒိတျ ဓမ္မရာဇာမင်း၏ တန်ခိုးခွန်အား ဝီရိယဖြင့် အလျှင်အမြန်ရေဆန်ပြန်တက်ကြလတ္တံ။

သူတို့သည် အရိမဒ္ဒနပူရ်မြို့၌ ပျော်မွေ့ကြကုန်လတ္တံ။ချစ်သူအပေါင်းမှ ကွဲကွာကုန်သော သူတို၏ မျက်ရည်ကို အကျိုးစီးပွား ထွက်မြောက်ခြင်းဖြင့် လက်နှင့်တူသော မေတ္တာစိတ်ဖြင့် ဂြိတြိဘုဝနာဒိတျ ဓမ္မရာဇာမင်းသည် သုတ်ပစ် လတ္တံ။

ဘာသာပြန်

စိတ်နှလုံးပူ‌ဆွေးသူတို့၏နှပ်ကည်ကို အကျိုးစီးပွားထွက်မြောက်ခြင်းဖြင့် ရေနှင့်တူသော ဂရုဏာဖြင့် ဆေးကြောပစ်လတ္တံ။ဂြိတြိဘုဝနာဒိတျ ဓမ္မရာဇာမင်းသည် လက်ျာလက်ဖြင့် ပြည်သူအပေါင်းအား ထမင်း မုန့်ပေးလတ္တံ။

လက်ဝဲလက်ဖြင့် လူအပေါင်းအား ပစ္စည်း ဉစ္စာ အဝတ်ပုဆိုး ပေးလတ္တံ။ x x x x x ဂြိတြိဘုဝနာဒိတျ ဓမ္မရာဇာမင်းသည် အကျိုးစီးပွားဖြင့် စောင့်ထိန်း လတ္တံ ……..။” ဟူ၍ တွေ့မြင်ဖတ်ရှုနိုင်ပါသည်။

မောင်ကြည်သန့်(မြန်မာ့ဖြစ်ရပ် ၁၀၀) စာအုပ်မှ ကူးယူဖာ်ပြသည်။

————

သမိုင္းအေထာက္အထားမ်ားအရ အေနာ္ရထာမင္းႀကီးသည္ ျမန္မာႏိုင္ငံသစ္ကို ဦးေဆာင္ခဲ့သူ၊ပ်ိဳးေထာင္ခဲ့သူျဖစ္ပါသည္။က်န္စစ္သားကေတာ့ ျမန္မာႏိုင္ငံအသစ္ကို တည္တံ့ခိုင္ၿမဲေအာင္ ဦးေဆာင္ခဲ့သူ၊ႀကိဳးပမ္းခဲ့သူ အမွန္ပင္ျဖစ္ပါသည္။

က်န္စစ္သားမင္းလက္ထက္ ပုဂံျပည္တြင္ လူမ်ိဳးမေ႐ြး၊ဘာသာမေ႐ြး တရားမွ်တစြာ ေဆာင္႐ြက္ေပးခဲ့သည္။ျပည္တြင္းၿငိမ္းခ်မ္းေရး၊ျပည္သူတစ္ရပ္လုံး သာယာဝေျပာေရး ၊ႏိုင္ငံစည္းလုံးေရး၊ယဥ္ေက်းမႈ ထြန္းကားေရးအတြက္ အဖက္ဖက္မွ ေထာင့္စုံ ႀကိဳးပမ္းေဆာင္႐ြက္ခဲ့သည္။

က်န္စစ္သားႏွင့္ပုဂံ

က်န္စစ္သားမင္းျဖစ္လာခ်ိန္၌ ငရမန္ကန္း သူပုန္အေရး ေျပၿငိမ္းစရွိေသးသည္။ ပ်ဴ ၊မြန္၊သက္၊ျမန္မာစသည့္ ပုဂံျပည္သူ ျပည္သားမ်ားသည္ အတိ ဒုကၡ အမ်ိဳးမ်ိဳးႏွင့္ ရင္ဆိုင္ၾကရသည္။ သားတကြဲ၊ မယားတကြဲ ျဖစ္သူကျဖစ္ ၊ အဖမ္းအဆီးခံရသူက ခံေနရသည္။

ေအာက္ျပည္ေအာက္႐ြာသို႔ အဓမၼေခၚေဆာင္သြားျခင္းခံေနၾကရသည္။ အိုးမဲ့ အိမ္မဲ့၊ အလုပ္အကိုင္မဲ့ ျဖစ္ေနၾကရသည္။ထို႔ေၾကာင့္ က်န္စစ္မင္းႀကီး၏ ေစတနာႏွင့္ သေဘာထားကို ျပည္သူအမ်ားသိနားလည္ ၊ ၿငိမ္းခ်မ္းေစျခင္းငွာ ေက်ာက္စာေရးထိုးအသိေပးခဲ့သည္။

ေ႐ႊစည္းခုံမြန္ေက်ာက္စာဟု ထင္ရွားပါသည္။ထိုေက်ာက္စာကို ပုဂံ ေ႐ႊစည္းခုံ ဘုရားရွိ ေက်ာက္တိုင္ ႏွစ္တိုင္တြင္ ေရးထိုးထားသည္။မြန္ဘာသာျဖင့္ ေရးထိုးထားျခင္းျဖစ္သည္။

ျပည္သူ ျပည္သားအားလုံး ဖတ္မိသိရွိေစရန္ ေ႐ႊစည္းခုံ ဘုရားရွိ ေက်ာက္တိုင္တြင္သာမက ပုဂံသရပါတံခါးရွိ ေက်ာက္တိုင္ႏွစ္တိုင္တြင္လည္း ေရးထိုးထားခဲ့သည္။

ေ႐ႊစည္းခုံ မြန္ေက်ာက္စာကို ျမန္မာျပန္ၾကည့္လွ်င္-

“အရိမဒၵနပူရ္ၿမိဳ႕၌ ေနကုန္ေသာ ၊ေရစုန္တြင္ အဖမ္းခံရကုန္ေသာ ၊ အျခားေဒသသို႔သြားကုန္ေသာ၊ အမ်ိဳးေလးပါးတို႔သည္ ၿဂိႀတိဘုဝနာဒိတ် ဓမၼရာဇာမင္း၏ တန္ခိုးခြန္အား ဝီရိယျဖင့္ အလွ်င္အျမန္ေရဆန္ျပန္တက္ၾကလတၱံ။

သူတို႔သည္ အရိမဒၵနပူရ္ၿမိဳ႕၌ ေပ်ာ္ေမြ႕ၾကကုန္လတၱံ။ခ်စ္သူအေပါင္းမွ ကြဲကြာကုန္ေသာ သူတို၏ မ်က္ရည္ကို အက်ိဳးစီးပြား ထြက္ေျမာက္ျခင္းျဖင့္ လက္ႏွင့္တူေသာ ေမတၱာစိတ္ျဖင့္ ၿဂိႀတိဘုဝနာဒိတ် ဓမၼရာဇာမင္းသည္ သုတ္ပစ္ လတၱံ။

ဘာသာျပန္

စိတ္ႏွလုံးပူ‌ေဆြးသူတို႔၏ႏွပ္ကည္ကို အက်ိဳးစီးပြားထြက္ေျမာက္ျခင္းျဖင့္ ေရႏွင့္တူေသာ ဂ႐ုဏာျဖင့္ ေဆးေၾကာပစ္လတၱံ။ၿဂိႀတိဘုဝနာဒိတ် ဓမၼရာဇာမင္းသည္ လက္်ာလက္ျဖင့္ ျပည္သူအေပါင္းအား ထမင္း မုန္႔ေပးလတၱံ။

လက္ဝဲလက္ျဖင့္ လူအေပါင္းအား ပစၥည္း ဉစၥာ အဝတ္ပုဆိုး ေပးလတၱံ။ x x x x x ၿဂိႀတိဘုဝနာဒိတ် ဓမၼရာဇာမင္းသည္ အက်ိဳးစီးပြားျဖင့္ ေစာင့္ထိန္း လတၱံ ……..။” ဟူ၍ ေတြ႕ျမင္ဖတ္ရႈႏိုင္ပါသည္။

ေမာင္ၾကည္သန္႔(ျမန္မာ့ျဖစ္ရပ္ ၁၀၀) စာအုပ္မွ ကူးယူဖာ္ျပသည္။

Be the first to comment on "ကျန်စစ်မင်းကြီးရဲ့ပြည်သူတွေအပေါ် စေတနာနဲ့သဘောထားကို ဖော်ပြထားသော ကျောက်စာ"

Leave a comment

Your email address will not be published.


*